backup og meta

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။

အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။

အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။

အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ ရှိလား

အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ ရှိလား ဆိုတော့ ရှိပါတယ်။ တစ်ခါတလေမှာ အဆုတ်ရောဂါရဲ့ အစောပိုင်း လက္ခဏာတွေက အအေးမိတာ၊ ဓာတ်မတည့်တာတွေနဲ့တော့ ခပ်ဆင်ဆင် တူနေတတ်ပါတယ်။ ဒါပေမယ့် သေချာလေး ခွဲခြားမယ်ဆိုရင်တော့ မတူပါဘူး။ ဒီတော့ အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း  အတူတူ လေ့လာလိုက်စို့နော်။

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ်ရောဂါ ခံစားနေရပြီဆိုရင် အခြား ကျန်းမာရေးပြဿနာတွေလိုပဲ သတိပေးလက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကို စောစောသိပြီး စောစော ကုသမယ်ဆိုရင် ကျန်းကျန်းမာမာ နေထိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ က ဘာတွေလဲဆိုတော့

အကြောင်းအရင်းတစ်ခုခု မရှိဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ထားတာ၊ လမ်းတွေအကြာကြီး လျှောက်ထားတာ၊ လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ထားတာမျိုး မရှိဘဲ အသက်ရှူတာ ပုံမှန် မဟုတ်ဘဲ အသက်ရှူရ ခက်နေတာ၊ အသက်ရှူမဝ ဖြစ်နေမယ်ဆိုရင် အဆုတ် ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုနေပါပြီ။

  • လေမဝသလို ခံစားနေရတာ

အသက်ရှူနေပေမယ့် လေမဝသလို ခံစားနေရတာ နှာခေါင်းပိတ်နေသလိုမျိုး လေဝဝ မရဘူးလို့ ခံစားနေရတာ၊ အသက်ရှူသွင်း ရှူထုတ်လုပ်ရတာ ခက်ခဲနေတာမျိုး ဖြစ်မယ်ဆိုရင် အဆုတ် ကျန်းမာရေး ထိခိုက်နေပါပြီ။ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

ချောင်းဆိုးတာက တစ်လကျော်နေပြီ။ ချောင်းဆိုးပျောက်စေတဲ့ အိမ်တွင်းကုထုံးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ ဝယ်သောက်နေပေမယ့်လည်း မသက်သာဘူး ဖြစ်နေမယ်ဆိုရင်တော့ အသက်ရှူလမ်းကြောင်း နဲ့ အဆုတ်မှာ ကျန်းမာရေး ထိခိုက်တာတွေ ရှိနေပါပြီ။

ချောင်းဆိုးလိုက်ချိန်မှာ သွေးပါလာတာ အဆုတ် ကျန်းမာရေး ထိခိုက်နေတာတဲ့ သိသာတဲ့ လက္ခဏာ တစ်ရပ်ပါ။ သွေးစတွေက အဆုတ်တွေနဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းကနေ ထွက်လာတာပါ။ ဒါက အဆုတ်ကို ကုသမှု ခံယူဖို့ လိုအပ်နေတာ ပြနေတာပါ။

ချွဲသလိပ်တွေက ကူးစက်ရောဂါ ပိုးတွေနဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာတွေကို ကာကွယ်ပေးတာပါ။ ဒါပေမယ့် ချွဲသလိပ်တွေက ၁ လလောက်အထိ ဆက်တိုက် ထွက်နေမယ်ဆိုရင်တော့ အဆုတ်ရောဂါ ရှိနေတာပါ။ အရောင်ပါတဲ့ သလိပ်တွေထွက်နေရင် ပိုပြီးသတိထားသင့်ပါတယ်။

အကြောင်းအရင်း တစ်စုံတရာ မရှိဘဲ ရင်ဘတ်အောင့်တာက ၁ လ ဒါမှမဟုတ် ၂ လထက် ကျော်နေမယ်ဆိုရင် ဒါမှမဟုတ် ချောင်းဆိုးလိုက်ရင် အသက်ရှူလိုက်ရင် ရင်ဘတ်အောင့်တာက ပိုဆိုးလာမယ်ဆိုရင် အဆုတ် ကျန်းမာရေး ပြဿနာ ရှိနေတာပါ။

ဒီလက္ခဏာလေးတွေကို ကြည့်ပြီး ကိုယ်တိုင် ဆန်းစစ် လိုက်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Chronic obstructive pulmonary disease (COPD) https://www.nhs.uk/conditions/chronic-obstructive-pulmonary-disease-copd/symptoms/ Accessed Date 26 August 2022

COVID-19 Lung Damage https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/what-coronavirus-does-to-the-lungs Accessed Date 26 August 2022

Warning Signs of Lung Disease https://www.lung.org/lung-health-diseases/warning-signs-of-lung-disease Accessed Date 26 August 2022

6 Symptoms That Can Signal Lung Disease https://www.premierhealth.com/your-health/articles/women-wisdom-wellness-/6-symptoms-that-can-signal-lung-disease Accessed Date 26 August 2022

5 Smart Habits for Strong, Healthy Lungs https://www.realsimple.com/health/preventative-health/habits-for-lung-health Accessed Date 26 August 2022

ယခုပုံစံ

30/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆုတ်မှာ ဖြစ်တဲ့ Granuloma အကျိတ် ဆိုတာ

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement