backup og meta

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ဝေဒနာနှင့် အောက်ဆီဂျင် ကုထုံးအကြောင်း သိကောင်းစရာ

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ဝေဒနာနှင့် အောက်ဆီဂျင် ကုထုံးအကြောင်း သိကောင်းစရာ

အောက်ဆီဂျင် ကုထုံးဆိုတာ ဘာလဲ။

အောက်ဆီဂျင်ကို လုံလောက်သော ပမာဏမရရှိသောသူများနှင့် သွေးထဲတွင် အောက်ဆီဂျင် ပမာဏနည်းနေသူများတွင် အောက်ဆီဂျင်ရှုရခြင်းဖြစ်ပါသည်။ အထူးသဖြင့် အဆုတ်ရောဂါရှိသူများသည် အဆုတ်ထဲတွင် လုံလောက်သော အောက်ဆီဂျင်ပမာဏကို ရရှိရန်အတွက် ရုန်းကန်ပြီး ရှုရှိုက်ကြရပါသည်။ ယခုဖော်ပြမည့် အောက်ဆီဂျင် ကုထုံးတွင် အောက်ဆီဂျင်ကို ဆလင်ဒဗူးမှတဆင့် အဆုတ်ထဲသို့ ပိုက်ဖြင့်ရှုသွင်းခြင်းကို ဖော်ပြပါမည်။

အောက်ဆီဂျင်ရှုသည့် နှာခေါင်းပိုက်တွင် နှာခေါင်းပေါက်လေးများအတွင်းသို့ သွင်းမည့် ပလတ်စတစ်ပိုက်ကလေးများပါရှိပါသည်။

နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားသည့် မျက်နှာဖုံးပါရှိပါသည်။

အောက်ဆီဂျင်ပိုက်ငယ်လေးကို သင့်လည်ပင်းအရှေ့ဘက်မှ အသက်ရှုလမ်းကြောင်းသို့ပေးသောနည်းတွင် ဆရာဝန်က ဓါးဖြင့် အရာသေးသေးပေးပြီး အောက်ဆီဂျင်ပိုက်ကို ထည့်ရခြင်းဖြစ်ပါသည်။ ထိုနည်းသည် လည်ချောင်းပြွန်မှ အောက်ဆီဂျင်ပေးသော နည်းဖြစ်ပါသည်။

အောက်ဆီဂျင် ကုထုံး အမျိုးအစားတွေက ဘာတွေလဲ။

အောက်ဆီဂျင်ကို အရည်သို့မဟုတ် အငွေ့ပုံစံဖြင့် ရရှိနိုင်ပါသည်။ အောက်ဆီဂျင် ပုံစံ ၂ မျိုးစလုံးကို သယ်ယူသွားနိုင်သော ဗူးများထဲတွင် သိမ်းထားနိုင်ပါသည်။ သယ်ရလွယ်စေရန် ဗူးငယ်များလည်း ရှိပါသည်။ အသုံးမတတ်လျှင် အောက်ဆီဂျင်အရည်သည် အငွေ့ပြန်ပြီး အကုန်မြန်စေပါသည်။

အောက်ဆီဂျင် ကုထုံးကို ဘယ်အချိန်မှာ လိုအပ်သလဲ။

သွေးထဲမှာ အောက်ဆီဂျင် ပမာဏ နည်းသွားချိန် သို့မဟုတ် အောက်ပါ လက္ခဏာများ ခံစားရလျှင် အောက်ဆီဂျင် လိုအပ်နေပြီ ဖြစ်ပါသည်။

· အသက်ရှုမဝခြင်း

· ဂနာမငြိမ်ဖြစ်ခြင်း

· မနက်ဖက်တွင် ခေါင်းကိုက်ခြင်း

· ခြေချင်းဝတ်နေရာတွင် ဖောရောင်ခြင်း

သင့် အခြေအနေကို ဆရာဝန်က စစ်ဆေးပြီး လိုအပ်သော ကုသမှုများကို ပြုလုပ်ပါလိမ့်မည်။ အချို့သော စမ်းသပ်မှုများကို ပြုလုပ်ခြင်းဖြင့် သွေးထဲတွင်ရှိသော အောက်ဆီဂျင်ပမာဏကို သိနိုင်ပါသည်။

အသက်ရှုလမ်းကြောင်း ကျဉ်းသော ကလေးငယ်များသည်လည်း အောက်ဆီဂျင်ကို လိုအ်ပါသည်။ ဆရာဝန်များက ကလေးငယ်၏ အခြေအနေကို စစ်ဆေးပြီး လိုအပ်သော ကုသမှုများကို ပြုလုပ်ပါလိမ့်မည်။ သင့်ကလေးသည် အောက်ပါလက္ခဏာများ ခံစားနေရပါက ဆရာဝန်အား အကြောင်းကြားပါ။

· မကြာခဏ ခေါင်းကိုက်ခြင်း

· အမူအရာများ ပြောင်းလဲလာခြင်း

· ဂနာမငြိမ် ပိုဖြစ်လာခြင်း

· အိပ်လွန်းခြင်း

· ကြီးထွားမှု နှေးခြင်း

အောက်ဆီဂျင် ကုထုံးကိုလိုအပ်ကြောင်း ဘယ်လိုနည်းတွေနဲ့ စမ်းသပ်မလဲ။

ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူက သွေးထဲရှိအောက်ဆီဂျင် ပမာဏကိုတိုင်းတာရန် လိုအပ်သော စမ်းသပ်မှုများကို ပြုလုပ်ပါလိမ့်မည်။ သွေးထဲတွင် အောက်ဆီဂျင် ၉၀%အောက်နည်းနေပါက အောက်ဆီဂျင်ရှုရန် လိုအပ်ပါသည်။ သွေးထဲရှိအောက်ဆီဂျင် ပမာဏကိုတိုင်းတာရန်အတွက် လည်ချောင်းလေးများတွင် ညှပ်ပြီး တိုင်းခြင်းနှင့် သွေးပြန်ကြောမှ သွေးကို ယူပြီး တိုင်းခြင်းဟူ အဓိကအားဖြင့် နည်း ၂မျိုးရှိပါသည်။ ပထမနည်းသည် အောက်ဆီဂျင်ကို လက်ချောင်း၊ ခြေချောင်းများနှင့် နားပန်တွင် စက်ဖြင့်တိုင်းခြင်းဖြစ်သောကြောင့် တိုင်းရလွယ်ပါသည်။ ဒုတိယနည်းမှာ ဆရာဝန်ကိုယ်တိုင် လက်မောင်းရှိ သွေးပြန်ကြောမှ သွေးကိုစုပ်ယူပြီး ဓါတ်ခွဲရခြင်းကြောင့် ပိုရှုပ်ထွေးပါသည်။

အောက်ဆီဂျင် ကုထုံးကို အသုံးပြုနေစဉ် ဘာတွေကို သတိထားရမလဲ။

အောက်ဆီဂျင်ပိုက်နှင့် အိုးများတွင် ယိုစိမ့်မှု မရှိစေရန် သတိပြုပါ။ အောက်ဆီဂျင်ရမရ စစ်ဆေးပါ။ နှာခေါင်းပိုက်ဖြင့်ရှုရာတွင် ယင်းပိုက်ကို နားအနောက်တွင်ချိတ်ရာမှ အရေပြားတွင် အနာဖြစ်စေနိုင်ပါသည်။ အောက်ဆီဂျင်ကို မျက်နှာဖုံးနှင့် ပေးပါက ပါးစပ်၊ နှုတ်ခမ်းနှင့် နှာခေါင်းတို့ ခြောက်သွေ့နိုင်ပါသည်။

ထိုသို့မဖြစ်အောင် အောက်ပါနည်းများဖြင့်ကာကွယ်နိုင်ပါသည်။

· မျက်နှာဖုံးနှင့် ပေးပါက ပါးစပ်၊ နှုတ်ခမ်းနှင့် နှာခေါင်းနေရာများကို ရေဓါတ်ပါသော အစိုဓါတ်ခရမ်လိမ်းပါ။

· လျှားစောင်းလက်ပက်ခရ်မ်လည်း လိမ်းနိုင်ပါသည်။

· ဓါတ်ဆီ နှင့် အဆီများကို အခြေခံထုတ်ထားသော ပစ္စည်းများကို မလိမ်းပါနှင့်။(ဥပမာ- Vaseline)

အောက်ဆီဂျင်ရှုနေလျက် လုံလောက်သော အောက်င်္ဆီဂျင်ကို မရပါက ဆရာဝန်အားပြောပြီး ပမာဏကို ပြောင်းလဲပါ။ သင်ကိုယ်တိုင် သင့်သဘောဖြင့် ပြောင်းလဲခြင်းမျိုး မပြုလုပ်ရပါ။

အောက်ဆီဂျင်ပေါက်ကွဲမှုမဖြစ်စေရန် အပူပေးပစ္စည်းများ၊ မီးဖိုများဘေးတွင် အောက်ဆီဂျင်ကို မသုံးရပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြရမလဲ။

အောက်ပါလက္ခဏာများ ခံစားရပါက အောက်ဆီဂျင်ပေးသည့် စက်များကို အရင်စစ်ဆေးပါ။ ထိုစက်များတွင် ယိုပေါက်မရှိပါမှ ဆရာဝန်အားအကြောင်းကြားပါ။

· အလွန်အမင်းခေါင်းကိုက်လာခြင်း

· ပုံမှန်ထက်ပိုပြီး စိတ်လှုပ်ရှားလာခြင်း

· နှုတ်ခမ်းများနှင့် လက်သည်းခွံများ ပြာလာခြင်း

· ထိုင်းမှိုင်းလာခြင်း၊ စိတ်အာရုံများ ရှုပ်ထွေးလာခြင်း

· အသက်ရှုနှေးလာခြင်း၊ အသက်ရှုရခက်ခြင်း၊ အသက်ရှုမမှန်ခြင်း

သင့်ကလေးသည်အောက်ဆီဂျင် ရှုနေစဉ် အောက်ပါတို့ ခံစားရပါက ကလေးဆရာဝန်အား ဆက်သွယ်ပါ။

· ပုံမှန်ထက် အသက်ရှုမြန်လာခြင်း

· အသက်ရှုစဉ် နှာခေါင်းပေါက်လေးများပွစ်ပွစ်ဖြစ်နေခြင်း

· ညည်းခြင်း

· အသက်ရှုတိုင်းမှာ ရင်ဘတ် နံရိုးများ ချိုင့်ဝင်သွားခြင်း

· ခံတွင်း ပျက်ခြင်း

· နှုတ်ခမ်းများ၊ သွားဖုံးနှင့် မျက်လုံးများ ညိုညစ်ညစ်ဖြစ်လာခြင်း၊ ပြာနှမ်းလာခြင်း

· ဂနာမငြိမ်ဖြစ်ခြင်း

· အိပ်မပျော်ခြင်း

· အသက်ရှုမဝခြင်း

· အလွန်အမင်း ပျော့ခွေ အားနည်းနေခြင်း တို့ဖြစ်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Oxygen therapy. National Jewish Health. http://www.nationaljewish.org/healthinfo/medications/lung-diseases/treatments/oxygen-therapy/

Supplemental oxygen. American Lung Association. http://www.lung.org/lung-disease/copd/living-with-copd/supplemental-oxygen.html

What is oxygen therapy?. National Heart, Lung and Blood Institute.http://www.nhlbi.nih.gov/health/health-topics/topics/oxt/

Who needs oxygen therapy?. National Heart, Lung and Blood Institute. http://www.nhlbi.nih.gov/health/health-topics/topics/oxt/whoneeds.html

Using Oxygen at Home: MedlinePlus Medical Encyclopedia. National Library of Medicine – National Institutes of Health. https://www.nlm.nih.gov/medlineplus/ency/patientinstructions/000048.htm.Accessed August 30, 2015.

ယခုပုံစံ

05/07/2022

Dr. Sandar Lin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ



Dr. Sandar Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement