ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓါကိုယ်မှာပြောင်းလဲတာတွေဖြစ်ပေါ်လာပါတယ်။ ဒီပြောင်းလဲမှုတွေကို ကိုယ်ဝန်ဆောင်အစောပိုင်းကာလပြောင်းလဲမှုတွေလို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ခန္ဓါကိုယ်မှာ ဘယ်လိုပြောင်းလဲလာလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

ကိုယ်ဝန်ရှိလာတဲ့အခါ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်

ကိုယ်ဝန်ရှိလာတဲ့အခါ ရင်သားတွေကြီးလာမယ်၊ တင်းပြီးနာမယ်

ရင်သားတွေက ကိုယ်ဝန်ရှိနေပြီဆိုတာကို အရင်ဆုံးသိရှိစေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါ့။ ကိုယ်ဝန်စရှိပြီး နှစ်ပတ်လောက်ကာလအတွင်းမှာဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားတွေပြည့်တင်းလာပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။

ခြေကုန်လက်ပမ်းကျမယ်

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ပရိုဂျက်စတင်ဟော်မုန်းတက်လာတာကြောင့် ပင်ပန်းနွမ်းနယ်တာ နည်းနည်းလောက်လှုပ်ရှားမိရင်ကိုခြေကုန်လက်ပမ်းကျတာမျိုးကြုံရနိုင်ပါတယ်။ ပုံမှန်လှုပ်ရှားမှုလေးတွေလုပ်ရင်းနဲ့ကိုခြေကုန်လက်ပန်းကျသလိုခံစားရနိုင်ပါတယ်။

သွေးနည်းနည်းဆင်းမယ်

တစ်ခါတလေမှာ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာသွေးအနည်းငယ်ဆင်းတာမျိုးကြုံရနိုင်ပါတယ်။ အများကြီးတော့မဟုတ်ပါဘူး။ သန္ဓေအောင်သွားတဲ့ မျိုးဥက သားအိမ်နံရံမှာ တွယ်ကပ်တာကြောင့်သွေးအနည်းငယ်ဆင်းတာပါ။

ဗိုက်နည်းနည်းအောင့်မယ်

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဗိုက်ကရာသီလာစဉ်နာကျင်ကိုက်ခဲသလိုမျိုး အနည်းငယ်ခံစားရနိုင်ပါတယ်။ ဒါကလည် အပေါ်မှာပြောခဲ့သလို သန္ဓေအောင်တဲ့ မျိုးဥက သားအိမ်နံရံကို တွယ်ကပ်တာကြောင့်ပါ။

မအီမသာဖြစ်မယ်

ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်အလျင်အမြန်မြင့်တက်လာမှုကြောင့် ရင်ပြည့်ရင်ကယ်သလိုမျိုး မအီမသာဖြစ်တာမျိုးခံစားရတာပါ။ ဟင်းနံ့တွေမခံနိုင်တာ၊ စီးကရက်နံ့တွေနဲ့ အခြားသောအနံ့စူးစူးတွေရတဲ့အခါ အန်ချင်သလိုဖြစ်တာမျိုးခံစားရနိုင်ပါတယ်။

ခေါင်းကိုက်မယ်

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာဟော်မုန်းအပြောင်းအလဲကြောင့်သွေးစီးဆင်းမှုတိုးလာပြီးခေါင်းကိုက်တာကိုခံစားရနိုင်ပါတယ်။ အရမ်းမပြင်းထန်ပေမယ့် ခဏခဏခေါင်းကိုက်တာမျိုးခံစားရနိုင်ပါတယ်။

ဝမ်းချုပ်မယ်

ဝမ်းချုပ်တာကလည်း ကိုယ်ဝန်ဆောင်အစောပိုင်းကာလက္ခဏာတွေထဲက တစ်ခုပါ။ ပရိုဂျက်စတင်ဟော်မုန်းများလာတာကြောင့် အူလမ်းကြောင်းတလျှောက် အစားအစာတွေစီးဆင်းမှုနှေးကွေးသွားပြီး ဝမ်းချုပ်ရတာပါ။

စိတ်ခံစားမှြုပင်းထန်နေမယ်

ကိုယ်ဝန်ဆောင်ချိန် ခန္ဓါကိုယ်မှာဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် စိတ်အတက်အကျမြန်တာ၊ အကြောင်းအရင်းမရှိဘဲ ဝမ်းနည်းနေတာ မျိုးတွေ၊ စိတ်တိုလွယ်တာမျိုးတွေခံစားရနိုင်ပါတယ်။

မူးဝေမယ်

သွေးပေါင်ချိန်ကျသွားတာကြောင့်ခေါင်းထဲမှာ မူးနေတာမျိုးခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာသွေးတွင်းသကြားဓါတ်ေလျာ့ကျတာမျိုးဖြစ်နိုင်ပါတယ်။

ကိုယ်အပူချိန်ြမင့်တက်မယ်

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ကိုယ်အပူချိန်မြင့်တက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ရေများများသောက်တာမျိုးလုပ်ပေးပါ။

ကိုယ်ဝန်ဆောင်တိုင်း ဒီလက္ခဏာတွေကို ခံစားရမယ်လို့တော့မဆိုလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ကွာခြားတာတွေတော့ရှိနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ကယ်လ်ဆီယမ် ကိုယ်ခန္ဓာ ကျန်းမာရေးပြဿနာတွေ ဗီတာမင် D အသက်အရွယ် ဘေးထွက်ဆိုးကျိုး ကိုယ်ဝန်ဆောင် အရပ်အမောင်း ဆီးကျောက်တည် သွေးတွင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

စိုးရိမ်ပူပန်ခြင်းနောက်ကွယ်က ကပ်ပါလာတဲ့ ဒေါသသံစဉ်

စိုးရိမ်ပူပန်ခြင်း ဒေါသ စိတ်ခံစားချက် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း စိတ်ဖိစီးမှု ဟော်မုန်း ဦးနှောက်အာရုံကြော စိတ်အာရုံ နှလုံး ခေါင်းကိုက်ခြင်း ကြွက်သား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

ဘက်တီးရီးယား ကိုယ်ခံအားစနစ် အစာအိမ် အူလမ်းကြောင်း လေ့ကျင့်ခန်း ကျန်းမာရေး အားကစား ပိုးသတ်ဆေး ဘေးထွက်ဆိုးကျိုး ဖျားနာ အိပ်ချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ရယ်မောခြင်းဖြင့် စိတ်နဲ့ ခန္ဓာကျန်းမာရေးကို မြှင့်တင်စို့

ရယ်မောခြင်း ကျန်းမာ အသက်ရှည် စိတ်ချမ်းသာ ပျော်ရွှင်မှု ဟော်မုန်း စိတ်ဖိစီးမှု ကြွက်သား ကိုယ်ခံအား အာရုံကြော နှလုံး ကယ်လိုရီ လူ့ဘဝသက်တမ်း စိတ်ကျရောဂါ ဒေါသ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ် စားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 3 mins read