backup og meta

ကိုယ်ဝန်ဆောင်ချဉ်ခြင်းတပ်ခြင်း အကြောင်း သင်သိထားသင့်သည်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချဉ်ခြင်းတပ်ခြင်း အကြောင်း သင်သိထားသင့်သည်များ

    ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ချဉ်ခြင်းတပ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အများစုဟာ ပုံမှန်အစားအစာတွေကို စားသောက်ကြပေမယ့် အချို့ကတော့ အရမ်းထူးဆန်းတဲ့ အစားအသောက်တွေကို စားချင်စိတ်ဖြစ်ကြပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်ကြတာလဲ။ ဒီလိုအစားအသောက်တွေကို ဘာလို့စားသောက်နိုင်ကြတာလဲ။ ဒီအစားအသောက်တွေကရော မိခင်နဲ့ ကလေးကျန်းမာရေးကို ထိခိုက်စေသလား။ ဒီအရေးကြီးတဲ့ အချက်သုံးချက်ကို ဆွေးနွေးဖို့လိုပါတယ်။

    ချဉ်ခြင်းတပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

    အရင်က တစ်ခါမှ မစားဖူးတဲ့ အစားအသောက်တွေကို စားသောက်ဖို့ စေခိုင်းတာဟာ ကိုယ်ဝန်ဖြစ်တယ်ဆိုရင်ရော။ သူမကို ဘယ်အရာတွေက အစားအများကြီး စားစေပါသလဲ။ အချို့အမျိုးသမီးတွေဟာ အလွန်ထူးဆန်းတဲ့အရာတွေ ဖြစ်တဲ့ အမှိုက်တွေ၊ ရွှံ့စေးတွေနဲ့ laundary starch တွေကို စားနိုင်ကြပါသလဲ။ အာဟာရပညာရှင် အချို့ကတော့ ဒါတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

    အချို့ ကျွမ်းကျင်သူတွေက ဒါဟာ ကိုယ်ခန္ဓါရဲ့ ဉာဏ်ပညာကြွယ်ဝမှုလို့ ဆိုပါတယ်။ သင့်ကိုယ်ခန္ဓါဟာ အာဟာရအချို့ကို လိုအပ်ပြီးတော့ သင်ဟာ ဆက်စပ်တဲ့ အရာတွေကို စားသုံးလိုခြင်းဖြစ်ပါတယ်။ လေ့လာမှုတွေက အနံ့နဲ့အရသာဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ပြောင်းလဲနိုင်ပြီး သင်လိုအပ်တဲ့အရာကို အစားအသောက်ချဉ်ခြင်းအနေနဲ့ ဖေါ်ပြတာဖြစ်တယ်လို့ဆိုပါတယ်။ ဥပမာ နို့သောက်ချင်တယ်ဆိုတာ calcium ဓါတ်လိုအပ်လို့၊ ငါးစားချင်တယ်ဆိုတာကတော့ သံဓါတ်လိုအပ်လို့ ဆိုတာမျိုးဖြစ်ပါတယ်။

    ချဉ်ခြင်းတပ်မှု အတော်များများကတော့ မိခင်ရောကလေးကိုပါ အန္တရာယ်မရှိစေပေမယ့် စားစရာမဟုတ်တဲ့အရာတွေကို စားချင်စိတ်ဖြစ်လာရင်တော့ ဒုက္ခရောက်နိုင်ပါတယ်။ ဒီအခြေအနေကို Pica လို့ခေါ်ပြီး မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

    အဖြစ်အများဆုံး ချဉ်ခြင်းတပ်ခြင်း ငါးမျိုး

    ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ဟာ စားလို့ရတာရော၊ မရတာကိုပါ ချဉ်ခြင်းတပ်နိုင်ပါတ်ယ။ အောက်ဖေါ်ပြပါအရာတွေကတော့ ကိုယ်ဝန်ဆောင်စဉ် ချဉ်ခြင်းတပ်တဲ့ အရာတွေပဲဖြစ်ပါတယ်။

    ချောကလက် – မိခင်အတော်များများဟာ ချောကလက်စားချင်ကြပြီး သူတို့ပတ်ပတ်လည်မှာလည်း ချောကလက် အများကြီးထားကြပါတယ်။ ချောကလက်ဟာ သင့်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းကို ထုတ်ပေးပြီး သင်ပင်ပန်းနေတဲ့အခါ ပျော်ရွှင်စေပါတယ်။

    ရေခဲမုန့် (သို့) ရေခဲ – တခါတလေမှာ အချို့ ရေခဲမုန့် (သို့) ရေခဲတွေဟာ ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်းကို လျော့ကျစေပါတယ်။ ဝါးစားလို့ရတဲ့ရေခဲတွေဟာ စိတ်ကို လန်းဆန်းစေပါတယ်။

    အချိုနဲ့ သကြား – ဒါဟာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဟာ ခက်ခဲတဲ့အလုပ်ဖြစ်တာကြောင့် အားအင်ပြည့်ဝဖို့ လိုအပ်ပါတယ်။ ထူးဆန်းတဲ့ပုံစံနဲ့ ကိုယ်အလေးချိန်အပိုကို သယ်ဆောင်ရမှာဖြစ်ပါတယ်။ အချိုစားချင်စိတ်ဟာ ကိုယ်ခန္ဓါကို မထိခိုက်စေပါဘူး။ ဒါပေမယ့် အချိုနဲ့ သကြားဓါတ်ဟာ ကယ်လိုရီမပါဝင်တာကြောင့် အာဟာရဓါတ်မဖြည့်တင်းပေးနိုင်ပါဘူး။

    အသီး – အသီးစားချင်စိတ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဒါကို အားပေးသင့်ပါတယ်။ အသီးဟာ ကိုယ်ဝန်ဆောင်မိန်းမတွေကို ရေဓါတ်ရော ဗီတာမင်တွေပါ ဖြည့်တင်းပေးနိုင်ပါတယ်။ သူတို့ဟာ မိခင်ရဲ့ ကျန်းမာရေးအတွက်ရော ကလေးအတွက်ပါ ကောင်းမွန်ပါတယ်။

    အစာမဟုတ်တဲ့ အရာများ – အချို့အမျိုးသမီးတွေဟာ အစာမဟုတ်တဲ့အရာတွေဖြစ်တဲ့ စာရွက်၊ ရောင်စုံခဲတံ၊ သွားတိုက်ဆေး အစရှိတာတွေကို စားချင်စိတ်ဖြစ်ကြပါတယ်။ ဒီအခြေအနေကို Pica လို့ခေါ်ပါတယ်။ ဒါကြောင့် အစာမဟုတ်တဲ့ အရာတွေကို စားချင်စိတ်ဖြစ်တယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်သူကို အကြံဉာဏ်တောင်းသင့်ပါတယ်။

    ချဉ်ခြင်းတပ်ခြင်းကို ပျောက်အောင် ဘယ်လိုလုပ်မလဲ။

    ချဉ်ခြင်းတပ်ခြင်းဟာ တခါတရံမှာ သင့်ကျန်းမာရေးနဲ့ ကလေးအတွက် မကောင်းပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အရသာတူညီပြီး အာဟာရရှိတဲ့ အစာတွေကို စားသောက်သင့်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ ပုံမှန်မဟုတ်တဲ့ ချဉ်ခြင်းတပ်ခြင်းကို ဘယ်လိုကောင်းမွန်အောင် လုပ်ရမလဲဆိုတာတွေပဲ ဖြစ်ပါတယ်။

    • ရေခဲမုန့်စားချင်ရင် အဆီမပါပဲ ခဲထားတဲ့ ဒိန်ချဉ်ကို စားသင့်ပါတယ်။

    • ကိုလာကိုလာ သောက်မယ့်အစား ရေသန့် (သို့) သံပုရာရည် သောက်သင့်ပါတယ်။

    • ဒိုးနပ်တွေ စားချင်ရင်တော့ အပေါ်မှာ အသီးယိုပါဝင်တဲ့ ပေါင်မုန့်ကြမ်းကို စားသင့်ပါတယ်။

    • အာလူးကြော်အစား ဖုတ်ထားတဲ့ အာလူးကို စားသင့်ပါတယ်။

    • ကိတ်တွေ မစားပဲနေနိုင်တယ်ဆိုရင် အဆီနည်းတဲ့ ငှက်ပျောပေါင်မုန့်ကို စားနိုင်ပါတယ်။

    • ချောကလက်ပဲ စားချင်တယ်ဆိုရင်တော့ အနည်းငယ် (သို့) နို့သောက်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင် အမျိုးသမီးအတော်များများဟာ ချဉ်ခြင်းတပ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်ကတော့ ကျန်းမာရေးကို မထိခိုက်စေပေမယ့် အစာမဟုတ်တဲ့အရာတွေကို စားချင်ပြီဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။ ဗဟုသုတတွေ ရှိသွားပြီဆိုရင်တော့ သင်ရောသင့်ကလေးငယ်ပါ ကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိတော့ပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement