ကိုယ်ဝန်ဆောင်စဉ်ပျို့အန်တာကောင်းလား။
ဒီမေးခွန်းကအတော်ဖြေရခက်တဲ့မေးခွန်းပါ။ တယောက်ရဲ့အဖြနဲ့နောက်တယောက်ကလည်းတူချင်မှတူပါလိမ့်မယ်(ခံစားရတာမှမတူတာကိုး)။ မနက်စောစောပျို့အန်ခြင်းဟာကိုယ်ဝန်ရှိခြင်းရဲ့အတွေ့ရများတဲ့လက္ခဏာတခုဖြစ်ပါတယ်။ ကိုယ်ဝန်၆ပတ်လောက်မှာစဖြစ်ပြီး၁၂ပတ်လောက်မှာပျောက်သွားလေ့ရှိပါတယ်။Morning sickness မနက်စောစောပျို့အန်ခြင်းလို့ခေါ်ပေမယ့်တနေ့တာလုံးမှာ ဖြစ်ချင်တဲ့အချိန်ထဖြစ်နိုင်ပါတယ်။ ဒါပေမယ့်မနက်ပိုင်းမှာအဆိုးဆုံးဖြစ်ပြီးတဖြည်းဖြည်းနဲ့သက်သာသွားလေ့ရှိပါတယ်။
.လေ့လာချက်များအရကိုယ်ဝန်ဆောင်ကာလမှာပျို့အန်ခြင်းဟာကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ခန္ဓါကိုယ်ထဲမှာဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်တာကြောင့်လို့သိရပါတယ်။ ကိုယ်ဝန်ရှိလာတဲ့အခါခန္ဓါကိုယ်ကနေ human chorionic gonadotropin (HCG) ဟော်မုန်းကိုထုတ်ပေးပါတယ်။ ဒီဟော်မုန်းနဲ့ပျို့အန်ခြင်းတို့ဟာဆက်နွယ်နေပါတယ်။ ကလေးတယောက်ထက်ပိုလွယ်ထားရတဲ့ကိုယ်ဝန်ဆောင်တွေမှာ HCG ထွက်ရှိမှုပုံမှန်ထက်ပိုများတာမို့ပျို့အန်တာကိုပိုပြီးခံစားရပါလိမ့်မယ်။ သူတင်ပဲလားဆိုတော့မဟုတ်ပါဖူး။ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်တဲ့ estrogen ဟာလည်းဒီကိစ္စမှာတနည်းတဖုံပါဝင်ပတ်သက်နေပါသတဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။