ကိုယ်ဝန်ဆောင်ချိန် ဒူးရင်းသီးစားလို့ရသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 11, 2020 . 2 mins read
Share now

သင်ဟာ ကိုယ်ဝန်ရှိချိန်မှာ အချို့အစားအစာတွေရဲ့ စိတ်ချရမှုကို စစ်ဆေးကြည့်ဖူးပါသလား။ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်စဉ်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာအသစ်တွေကို စားလိုပါသလား။ တကယ်လို့ သင်ဟာ ဒူးရင်းသီးကို စိတ်ဝင်စားပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဒူးရင်းသီးစားလို့ရသလားဆိုတာကို သိချင်နေပါသလား။

ဒူးရင်းသီးဟာ အရှေ့တောင် အာရှမှာ ထင်ရှားတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သူဟာ ပြင်းထန်တဲ့ အနံ့ရှိပြီး အရွယ်ကြီးမားကာ ဆူးတွေနဲ့ ကာရံထားတာကြောင့် အသိများပါတယ်။ သင်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဒူးရင်းသီး စားနိုင်ပြီး သူက သင့်ကို အကျိုးကျေးဇူးတွေတောင် ပေးနိုင်ပါသေးတယ်။ ဒူးရင်းသီးမှာ organo-sulphur နဲ့ tryptophan ပါဝင်ပြီး သူတို့ဟာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိပါတယ်။ ဒါပေမယ့် ဒူးရင်းသီးမှာ သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်ပါတယ်။ အလယ်အလတ် အရွယ်အစားရှိတဲ့ ဒူးရင်းသီးစေ့နှစ်ခုမှာ ၆၀ ကယ်လိုရီပါဝင်တာကြောင့် သကြားဓာတ်များတဲ့ အစာအဖြစ် ယူဆနိုင်ပါတယ်။ ဒူးရင်းသီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စားဖို့ လုံခြုံစိတ်ချရတဲ့ အရာဖြစ်ပေမယ့် သင့်စားသုံးနှုန်းကိုတော့ ကန့်သတ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိတဲ့ အမျိုးသမီးတွေဟာ သကြားဓာတ်များတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒူးရင်းသီးကို ရှောင်ကြဉ်သင့်ပါတယ်။
အာရှနိုင်ငံတွေမှာ ဒူးရင်းသီးစားခြင်းကို ကိုယ်ဝန်ဆောင်ချိန်မှာ တားမြစ်ထားကြပါတယ်။ လူတွေက အသီးစားခြင်းဟာ အပူများစေပြီး မမွေးသေးတဲ့ ကလေးငယ်ကို ထိခိုက်စေတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ဒူးရင်းသီးကို ရှောင်ကြဉ်ခိုင်းလေ့ရှိပါတယ်။ တကယ်တမ်းတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဒူးရင်းသီး စားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လေ့လာထားတဲ့ သုတေသန မရှိသေးပါဘူး။ ဒါကြောင့် မစားခင် သင့်ဆရာဝန်ကို သင့်အခြေအနေပေါ်မူတည်ပြီး ဒူးရင်းသီး စားသင့် မစားသင့် မေးမြန်းသင့်ပါတယ်။

ဒူးရင်းသီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။

  • သူ့မှာ စွမ်းအင်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒူးရင်းသီးဟာ အသားပျော့တာမို့ အစာကြေလွယ်ပါတယ်။ ဒူးရင်းသီးကို ရိုးရိုး သကြားတွေ ဖြစ်တဲ့ fructose နဲ့ sucrose တွေနဲ့ လုပ်ထားတာကြောင့် အားအင်ပိုဖြစ်စေပြီး ပိုမို တက်ကြွစေနိုင်ပါတယ်။
  • ဒူးရင်းသီးမှာ ကိုလက်စထရောဓာတ် နဲ့ ပြည့်ဝဆီတွေ ပါဝင်ခြင်း မရှိပါဘူး။
  • ဒူးရင်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူဟာ သဘာဝ ဝမ်းပျော့ဆေးနဲ့ အလားတူပြီး ကိုယ်ဝန်ရှိချိန်မှာ ဝမ်းချုပ်တဲ့ ပြဿနာကို ကာကွယ်ပေးပါတယ်။
  • ဒူးရင်းသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ အဆိပ်အတောက်တွေနဲ့ ထိတွေ့တဲ့ အချိန်ကို လျှော့ချပေးနိုင်တာကြောင့် အူနံရံတွေကို ကာကွယ်ပေးပါတယ်။ သူဟာ အူအတွင်းမှ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကနေလည်း ကာကွယ်ပေးပါတယ်။
  • ဒူးရင်းသီးမှာ ကျန်းမာစေတဲ့ ဗီတာမင် ဘီနဲ့ အခြားဗီတာမင်တွေ ဖြစ်တဲ့ Niacin, Thaimine နဲ့ riboflavin တွေ ပါဝင်ပါတယ်။ ဒီအရာတွေအကုန်လုံးဟာ သင့်ရဲ့ ယေဘုယျ ကျန်းမာရေးကို တိုးတက်စေရုံသာမက ကိုယ်ခန္ဓာရဲ့ ကျန်းမာစွာ ဆောင်ရွက်နိုင်မှု အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
  • ဒူးရင်းသီးမှာ ကော့ပါး၊ မဂ္ဂနီဆီယမ်၊ သံဓာတ် နဲ့ manganese ဓါတ်တွေ ပါဝင်ပါတယ်။ ကော့ပါး နဲ့ သံဓာတ်ဟာ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ သွေးနီဥတွေကို လှုံ့ဆော်ပေးတာကြောင့် မမွေးသေးတဲ့ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 3 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read