အရင်က တံထွေးတွေ အဲ့လောက် များများ ထွက်တာမျိုး မရှိပါဘူး။ ခုမှ တံထွေးတွေ အများကြီး ထွက်နေတယ်။ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုရယ်ဆိုလို့ ကိုယ်ဝန်ဆောင်တာတော့ ရှိတယ်။ ဒါဆို ကိုယ်ဝန်ဆောင်ချိန် တံထွေး အများကြီးထွက်တာ ပုံမှန်ပဲလား…….……
ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဟုတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် တံထွေးပိုထွက်နိုင်ပါတယ်။ ဒါက ဘယ်အချိန် ဖြစ်မယ်ရယ်လို့ အတိအကျ ပြောလို့ မရဘဲ ရုတ်တရက် ဖြစ်လာတာမျိုးပါ။ ကိုယ်ဝန် ရစမှာ ဖြစ်တာ မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ကာလ ၂ ပတ် ကနေ ၃ ပတ်လောက်မှာ စဖြစ်တာပါ။
ဘာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တံထွေးတွေ အများကြီးထွက်နေရတာလဲ…….
ကိုယ်ဝတ်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်း ကိုယ်ဝန်ဆောင် ဟော်မုန်း ပြောင်းလဲတာကြောင့် တံထွေးဂလင်း အလုပ်လုပ်ပုံ ပြောင်းလဲပြီး တံထွေးတွေ အများကြီး ထွက်လာရတာပါ။ တံထွေး ထုတ်လွှတ်တဲ့ ဂလင်းတွေကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေရဲ့ လှုံ့ဆော်မှုကြောင့် တံထွေးတွေက ပုံမှန်ထက် ပိုထွက်နေတာပါ။
တံထွေး အများကြီးထွက်တာက ကိုယ်ဝန်ဆောင်ချိန်မ မအီမသာဖြစ်တာနဲ့လည်း ဆက်စပ်နေပါတယ်။