backup og meta

ပီကေဝါးတာ ကောင်းလား၊ မကောင်းဘူးလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပီကေဝါးတာ ကောင်းလား၊ မကောင်းဘူးလား

    ပီကေဝါးတာကို ကြိုက်လား၊ မကြိုက်ဘူးလား။ ပီကေဝါးတာကို ကြိုက်တဲ့သူတွေကရော ပီကေကိုဝါးနေပေမယ့် ကျန်းမာရေးအတွက်ကောင်းလား၊ မကောင်းဘူးလားဆိုတာကိုသေချာသိရဲ့လား။ ဒီတစ်ခေါက်တော့ ပီကေဝါးတာနဲ့ပတ်သက်ပြီး နည်းနည်းလောက်ပြောကြည့်ရအောင်နော်။

    ပီကေဆိုတာက

    ပီကေဆိုတာက လူတိုင်းလည်းသိမှာပါ ခပ်ပျော့ပျော့ဝါးစရာတစ်ခုပေါ့။ အချိုပါပြီး သစ်သီးနံ့လေးတွေနဲ့ရှိသလို၊ ပူရှိန်းအရသာနဲ့ ခံတွင်းအေးစေတဲ့ပီကေတွေ လည်းရှိပါတယ်။ ပီကေက ဝါးလို့ရပေမယ့် မျိုချလို့မရတဲ့အစားအသောက်ပါ။ စားပြီးထွေးထုတ်ရပါမယ်။

    ပီကေဝါးတာကောင်းလား၊ မကောင်းဘူးလား

    ပီကေဝါးတာက ကျန်းမာရေးအတွက်ဆိုးကျိုးမရှိပါဘူး။ ဒီလိုမျိုးကောင်းကျိုးလေးတွေရရှိစေနိုင်ပါတယ်။

    စိတ်တည်ငြိမ်စေတယ်

    စိတ်အရမ်းလှုပ်ရှားတဲ့အခါ အကောင်းဆုံးဖြေရှင်းတဲ့နည်းလမ်းထဲမှာ ပီကေဝါးတာကလည်း တစ်ခုအပါအဝင်ပါ။ ဒါကြောင့် အလုပ်ခွင်မှာ အရမ်းစိတ်လှုပ်ရှားတဲ့အခါဖြစ်ဖြစ်၊ဒေါသထွက်ရင်ဖြစ်ဖြစ် ပီကေလေးဝါးစားလိုက်ပါ။ စိတ်ဖိစီးတဲ့အခါမှာလည်း ပီကေဝါးပေးပါ။

    ဝိတ်ချဖို့အထောက်အပံ့ပေးပါတယ်

    ဝိတ်ချချင်သူတွေအနေနဲ့ ပူရှိန်းမဟုတ်ဘဲ သစ်သီးနံ့ပါတဲ့ ပီကေကို အစားစားပြီး တစ်နာရီလောက်အကြာမှာ ဝါးပေးမယ်ဆိုရင် သရေစာတွေ စားမိနိုင်ခြေနည်းသွားတာကြောင့် ကိုယ်အလေးချိန်ကျစေဖို့ အထောက်အပံ့ဖြစ်မှာပါ။

    မှတ်ဉာဏ်ကောင်းစေနိုင်တယ်

    ပီကေဝေါးတဲ့အခါ ဦးနှောက်ထဲကိုသွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ဦးနှောက်ထဲကိုအောက်ဆီဂျင်ရောက်ရှိမှုတိုးစေနိုင်တာကြောင့် ဦးနှောက်ကို လုပ်ငန်းဆောင်တာတွေကောင်းကောင်းလုပ်စေနိုင်ပါတယ်။ ဦးနှောက်ကလုပ်ဆောင်မှုကောင်းလာတဲ့အခါ မှတ်ဉာဏ်ပိုကောင်းလာသလို အာရုံစိုက်နိုင်စွမ်းလည်းတိုးလာပါတယ်။ သိမြင်မှုစွမ်းရည်လည်း တိုးတက်ကောင်းမွန်လာစေမှာပါ။

    အစာကြေစေနိုင်တယ်

    ပီကေက အစာကြေစေနိုင်ပါတယ်။ အစာကြေစေဖို့ တိုက်ရိုက်အထောက်အပံ့မပေးပေမယ့် အစာခြေစနစ်ကောင်းကောင်းလုပ်ဆောင်နိုင်စေဖို့တော့ အထောက်အကူပြုပေးပါတယ်။ တံထွေးထွက်လာအောင်လှုံ့ဆော်ပေးသလို အစာခြေအင်ဇိုင်းနဲ့ သည်းခြေရည်တွေထွက်လာအောင်လှုံ့ဆော်ပေးတာကြောင့် အစာခြေစနစ်ကိုကောင်းကောင်းလည်ပတ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ အစားစားပြီးချိန်မှာ ပူရှိန်းပါတဲ့ ပီကေဝါးပေးမယ်ဆိုရင် အစာကြေစေမှာပါ။

    ပီကေဝါးတာက ရင်ပူတာကို သက်သာစေနိုင်တယ်

    အစားစားပြီးချိန်မှာ ပီကေဝါးတာက အက်ဆစ်ပြန်ဆန်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး ရင်ပူတာဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။ အစားမရှိဘဲနဲ့တော့ ပီကေမဝါးပါနဲ့။ အစာခြေအက်ဆစ်တွေအထွက်လွန်ပြီး လေအောင့်တာ၊ ဗိုက်ပွတာမျိုးတွေဖြစ်စေနိုင်တာကြောင့်ပါ။

    သွားတွေကို ကြံ့ခိုင်စေနိုင်တယ်

    သွားတွေကို သွားပိုးစာတာကနေ ကာကွယ်ဖို့ဆိုရင် သွားနေ့တိုင်းတိုက်တာအပြင်နောက်ထပ်နည်းလမ်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ အစားစားပြီးချိန်မျာ အချိုမပါတဲ့ ပီကေဝါးတာပါ။ ဒီလိုဝါးပေးတာက သွားတွေမှာ ကပ်ကျန်နေတဲ့ စားကြွင်းစားကျန်တွေကိုဖယ်ရှားပေးနိုင်သလို ခံတွင်းထဲက ဘက်တီးရီးယားတွေကိုသေစေနိုင်မှာပါ။

    ခံတွင်းခြောက်တာကို သက်သာစေနိုင်တယ်

    ပီကေဝါးတာက တံထွေးတွေထွက်လာအောင်လှုံ့ဆော်ပေးပြီး ခံတွင်းမခြောက်အောင်လုပ်ဆောင်ပေးသလို ခံတွင်းခြောက်တာကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

    မအီမသာဖြစ်တာကို သက်သာစေနိုင်တယ်

    ကားစီးရင်း၊ လေယာဉ်စီးရင်းဖြစ်ဖြစ်၊ လှေစီးတာ ရထားစီးတာကြောင့်ဖြစ်ဖြစ် မအီမသာဖြစ်နေရင် ပီကေလေးဝါးလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။ ပီကေက ဒါတွေတင်မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ပျို့အန်မှုတွေနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

    ဆေးလိပ်ဖြတ်ဖို့ အထောက်အကူပြုနိုင်တယ်

    ဆေးလိပ်ဖြတ်ချင်သူတွေအနေနဲ့ဆေးလိပ်သောက်ချင်လာတဲ့ အခါ ပီကေဝါးပြီး အာသီသကိုဖြေဖျောက်လို့ရပါတယ်။ ဒါကြောင့်ဘေးကင်းကင်းနဲ့ဆေးလိပ်ဖြတ်ချင်တယ်ဆိုရင် ပီကေဝါးပါ။

    ကဲ ဒီလောက်တောင်ဆိုတော့ အိတ်ထဲမှာ အပျင်းပြေဖြစ်ဖြစ် လိုအပ်ရင်ဝါးဖို့ဖြစ်ဖြစ် ပီကေလေးတော့ဆောင်ထားလိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement