သွားတိုက်ဆေးက သွားတွေကို ဖြူစေရုံ၊ ခံတွင်းနံ့ဆိုး ကင်းစေရုံပဲ အသုံးဝင်တာလား။ တကယ်ကတော့ မဟုတ်ပါဘူး။ သွားတိုက်ဆေးက အလှအပအတွက်လည်း အသုံးဝင်ပါတယ်။ သွားတိုက်ဆေးက အလှအပအတွက် ဘယ်လို အသုံးဝင်လဲဆိုတာ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်စေချင်ပါတယ်။
ထွက်မှာ သေချာပြီလား။
သွားတိုက်ဆေးက သွားတွေကို ဖြူစေရုံ၊ ခံတွင်းနံ့ဆိုး ကင်းစေရုံပဲ အသုံးဝင်တာလား။ တကယ်ကတော့ မဟုတ်ပါဘူး။ သွားတိုက်ဆေးက အလှအပအတွက်လည်း အသုံးဝင်ပါတယ်။ သွားတိုက်ဆေးက အလှအပအတွက် ဘယ်လို အသုံးဝင်လဲဆိုတာ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်စေချင်ပါတယ်။
ခံတွင်းနံ့ ကောင်းစေပြီး သွားတွေကို ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနေတဲ့ သွားတိုက်ဆေးက
သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပရိုရည် ၂ စက်လောက်နဲ့ ရောပြီး သမအောင် မွှေပါ။ အမည်းစက်တွေပေါ်မှာ ခပ်ပါးပါး လိမ်းပေးပါ။ ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် ၂ ပတ် အတွင်းမှာ သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။
သွားတိုက်ဆေးကို သွားတွေဖြူဖို့တင် မဟုတ်ဘဲ အသားဖြူ စေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ သွားတိုက်ဆေး နည်းနည်းကို ခရမ်းချဉ်သီး အရည်နဲ့ ရောစပ်လိုက်ပါ။ ပြီးရင် အရေပြား ပေါ်မှာ လိမ်းပေးပါ။ ခဏထားပြီး ရေဆေးချလိုက်ပါ။ အသားအရေ ကြည်လင်ဖြူဝင်းလာ ပါလိမ့်မယ်။
ပိုးကောင် ကိုက်တာကြောင့် အသားယားတဲ့အခါ ပိုးကောင်ကိုက်ခံရတဲ့ နေရာပေါ်ကို သွားတိုက်ဆေး ခပ်ပါးပါး လိမ်းပေးလိုက်ပါ။ သွားတိုက်ဆေးရဲ့ ပူရှိန်းရှိန်း ဖြစ်တဲ့ ခံစားရမှုက ပိုးကောင် ကိုက်တာကြောင့် ယားယံမှုကို သက်သာစေမှာပါ။
ဝက်ခြံပေါ်မှာ သွားတိုက်ဆေး နည်းနည်းယူပြီး အုံပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဝက်ခြံကို သက်သာစေပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။
အရေးအကြောင်းတွေ သက်သာစေဖို့ အတွက်လည်း သွားတိုက်ဆေးကို အသုံးပြုလို့ ရပါတယ်။ အရေးအကြောင်း ဖြစ်တဲ့နေရာကို သွားတိုက်ဆေး ခပ်ပါးပါးလေး လိမ်းပြီး ညဘက် အိပ်လိုက်ပါ။ မနက်နိုးတဲ့အခါ ရေဆေးချလိုက်ရုံပါ။
ချိုင်း၊ ပေါင်ခြံတို့မှာ ဖြစ်တတ်တဲ့ အမည်းစင်းတွေ သက်သာချင်ရင်လည်း သွားတိုက်ဆေးကို အသုံးပြုပေးလို့ ရပါတယ်။ သွားတိုက်ဆေးကို ရေနည်းနည်းနဲ့ ရောလို့ သမအောင် မွှေပေးပါ။ ပြီးရင် အမည်းစင်းတွေ ရှိတဲ့နေရာကို လိမ်းပေးပါ။ ခဏထားပြီး ရေဆေးချလိုက်ရုံပါ။
ပန်းရောင်သွေး ကြွယ်တဲ့ နှုတ်ခမ်းသားလေးတွေ ပိုင်ဆိုင်နိုင်ဖို့ အတွက်လည်း သွားတိုက်ဆေးကို အသုံးပြုပေးလို့ ရပါတယ်။ သွားတိုက်ဆေးကို ပျားရည်နဲ့ ရောပြီး နှုတ်ခမ်းသားကို ပွတ်လိမ်းပေးပါ။ ၅ မိနစ်လောက် ထားပြီး ရေဆေးချလိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
15 Amazing Ways to Use Toothpaste! https://www.dentalblu.com/blog/post/15-amazing-ways-to-use-toothpaste.html Accessed Date 15 July 2020
10 Ways you can use toothpaste to achieve a perfect skin https://www.standardmedia.co.ke/evewoman/article/2001306907/10-ways-you-can-use-toothpaste-to-achieve-a-perfect-skin Accessed Date 15 July 2020