backup og meta

သဘာ၀ ဆေးမြစ်စုံတွေက ကိုယ်ဝန်ရနိုင်ဖို့ ကူညီပေးနိုင်မှာလား


Wathun Myat Chal မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သဘာ၀ ဆေးမြစ်စုံတွေက ကိုယ်ဝန်ရနိုင်ဖို့ ကူညီပေးနိုင်မှာလား

    ခေတ်မီဆေးပညာတွေ မပေါ်ပေါက်ခင်ကတည်းက တရုတ်တွေဟာ သဘာဝဆေးမြစ်စုံတွေကို ဆေးအဖြစ် ထူးချွန်ပြောင်မြောက်စွာအသုံးပြုကြတဲ့ နေရာမှာ ကျော်ကြားလှပါတယ်။ တရုတ်နိုင်ငံဟာ လူဦးရေအများဆုံး နိုင်ငံတစ်ခုဖြစ်နေတာလည်း ကြာခဲ့ပါပြီ။

    တစ်ဦးတစ်ယောက်ချင်းစီဆီမှာ မြုံတာမျိုး ဖြစ်နိုင်ချေကို စာရင်းစ်တဲ့အခါမှာ တရုတ်လူမျိုးတွေကတော့ နှစ်ထောင်ပေါင်းများစွာကတည်းက မျိုးမအောင်ခြင်း၊ မြုံခြင်းတွေကို ကုသနိုင်ခဲ့တာကို တွေ့ရပြီး ဒါဟာ အောင်မြင်နေတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သက်သေတွေလည်း ပြခဲ့ပါပြီ။

    ဒါဆိုရင် သဘာဝဆေးမြစ်စုံဖြည့်စွက်စာတွေက သင်ကိုယ်ဝန်ရနိုင်ဖို့ ကြိုးစားတဲ့နေရာမှာ တကယ်ပဲ အထောက်အကူဖြစ်နိုင်မှာလား။

    ကျန်းမာရေးနဲ့သင့်လျော်တဲ့ ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲလိုက်တာနဲ့ အာဟာရဓါတ်ပြည့်တဲ့ ဖြည့်စွက်စာတွေ မှီဝှဲတာအပြင်ကို ဆေးမြစ်စုံတွေနဲ့ ကုသခြင်းကလည်း အခြားသောနည်းလမ်းတစ်ခုပါ။

    သူကတော့ ဟော်မုန်းညီမျှဖို့အတွက် အဓိကထားပြီး မျိုးဥထွက်ခြင်းကိုလည်း အားပေးပါတယ။် ဒါကြောင့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါ့အပြင် ဆေးပင်တွေက သဘာဝအတိုင်းရှိနေတာပါ။

    သူတို့ဟာ ခန္ဓါကိုယ်ရဲ့ သဘာဝလုပ်ငန်းဆောင်တာတွေကိုလည်း ထောက်ပံ့ပေးပြီး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့လည်း အားပေးပါတယ်။ ဒါပေမဲ့ သင်က ဆေးမြစ်တွေစပြီးသုံးတော့မယ်ဆိုရင် ဆရာဝန်ရဲ့ညွှန်ကြားချက်တော့ လိုအပ်ပါတယ်။

    သတိထားရမယ့် ပထမဆုံးအချက်ကတော့ တကယ်လို့သင်က သန္ဓေတားဖို့ သုံးစွဲမယ်ဆိုရင်တော့ ဆေးမြစ်စုံဖြည့်စွက်စာတွေကလည်း ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သန္ဓေတားတယ်ဆိုတာက မျိုးဥကြွေတဲ့လုပ်ငန်းစဉ်ကို လျှော့ချလိုက်တာဖြစ်ပြီး ဆေးမြစ်စုံတွေကတော့ ဆန့်ကျင်ဘက်သဘော ဆောင်လို့ပါ။

    ဆေးမြစ်စုံကုထုံးတွေရဲ့ ရလဒ်ကတော့ မျိုးမအောင်တဲ့စုံတွဲတွေမှာဆိုရင် ရက်ပေါင်း ၆၀မှ ၁၂၀ကြားမှာ မြင်တွေ့ရလေ့ရှိပါတယ်။ အကျိုးကတော့ အချိန်ကြာလာလေလေ အကျိုးကြီးလာလေလေပါပဲ။

    ဆေးမြစ်စုံကုသမှုကို ထိရောက်စေဖို့အတွက်လိုအပ်ချက်တစ်ခုလည်း ရှိနေပါသေးတယ်။ ဒါဟာ သဘာဝနည်းလမ်းဖြစ်တာမို့ သင့်ခန္ဓါကိုယ်ကလည်း သဘာဝအခြေအနေမှာရှိနေရမှာပါ။ မျိုးဥကြွေခြင်း ဒါမှမဟုတ် ရာသီစက်ဝန်းဟာ ပုံမှန်အတိုင်းအလုပ်လုပ်နေဖို့လိုပါတယ်။

    ဒါမှသာ အခြားသော မြုံခြင်းအတွက်ကုသနည်းတွေ ဥပမာ IVF transfer တို့လို ကုသနည်းတွေခံယူမယ်ဆိုရင် ဆေးမြစ်စုံတွေ မသုံးသင့်ပါဘူး။ ဒါပေမဲ့လည်း IVF စက်ဝန်းကလည်း ဆေးမြစ်စုံတွေလို ထူးထူးခြားခြားအကျိုးရှိတာကို တွေ့ရမှာပါ။

    မြုံခြင်းအတွက် အချို့သော ဆေးမြစ်တွေကို ညွှန်းထားတာမျိုးတွေကလည်း တိုးလာပါတယ်။

    အနီရောင် ရက်စ်ဘယ်ရီ အရွက်

    ဒါဟာ မျိုးမအောင်ခြင်းအတွက် ကုသတဲ့နေရာမှာ သုံးတဲ့ နာမည်ကြီး ဆေးပင်ပါ။ သူ့မှာ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး ကယ်လ်စီယမ် ပါဝင်နှုန်းလည်း မြင့်မားပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းအတွက် သိပ်ကောင်းတဲ့အရာပေါ့။

    ဆူးပင်ပေါက်ရွက်

    ဒါဟာလည်း နာမည်ကြီးပါပဲ။ သူ့မှာ အာဟာရဓါတ်တွေပါတဲ့အပြင် ဗီတာမင် K လည်းပါဝင်ပါတယ်။ သူက စိတ်ဖီးမှုတွေကိုလည်း လျော့ကျစေပါတယ်။

    Dandelion (ဒေစီမျိုးနွယ်ဝင်)

    သူ့မှာတော့ ဗီတာမင် A နဲ့ C ပါဝင်ပြီး အသည်းအတွက်ကောင်းကာ ခန္ဓါကိုယ်ရဲ့ အဆိပ်တွေကို ဖယ်ရှားသန့်စင်ပေးဖို့အတွက်လည်း ကောင်းမွန်ပါတယ်။

    Angus Castus (ဟော်မုန်းမညီမျှခြင်းအတွက် ကုသခြင်း)

    ဒီနေ့ခေတ်မှာတော့ ကျန်းမာရေးဆိုင်ရာ၊ အစားအသောက်နဲ့ ဗီတာမင် စတိုးတွေမှာ အခြားအခြားသော ဆေးမြစ်စုံဖြည့်စွက်စာတွေကို အလွယ်တကူရှာတွေ့နိုင်ပါတယ်။ သဘာ၀ ဆေးပင်တွေကို စပြီးသုံးတော့မယ်ဆိုရင်တော့ OB ကို အကြောင်းကြားတာ ပိုကောင်းနေဆဲပါ။

    ၂၀ကျော်တွေအတွက်ကတော့ မတော်တဆ ကိုယ်ဝန်မရသွားနိုင်ဖို့ နည်းလမ်းတွေကို စဉ်းစားရတာ ခက်ခဲနေပါလိမ့်မယ်။ အသက်တဖြည်းဖြည်းကြီးလာလို့ ၃၀ကျော်လာတဲ့အခါမှာ ဇာတ်လမ်းတွေပြောင်းကုန်ပါပြီ။

    ဒီအသက်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ဖို့ ခက်ခဲပြီမဟုတ်လား။ ဒါကြောင့် ရသမျှအကူအညီတွေကို ရသလောက်သုံးနေကြရတာပါ။ ဒါပေမယ့် အလွန်အကျွံသုံးတာကလည်း သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    အထူးသဖြင့် ဆေးပင်တွေနဲ့ဆိုရင် သူတို့မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ ကိုယ်သိတာရော၊ မသိတာတွေရောပေါ့။ ဖြည်းဖြည်းကုသရင်းနဲ့လည်း ကောင်းလာနိုင်တာပဲမဟုတ်လား။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement