backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

အမြွှာကိုယ်ဝန်ဆောင်တယ်ဆိုတာဘာလဲ

အမြွှာကိုယ်ဝန်ဆောင်ခြင်း ဆိုတာဘာလဲ။ သူဟာ ကလေးနဲ့ မိခင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသလား။ ဒီဆောင်းပါးမှာတော့ အထက်ဖေါ်ပြပါ အချက်တွေကို ရှင်းလင်းဖေါ်ပြမှာ ဖြစ်ပြီး အမြွှာကိုယ်ဝန်ဆောင်ခြင်းရဲ့ လက္ခဏာတွေကို ဖေါ်ပြမှာ ဖြစ်ပါတယ်။

အမြွှာကိုယ်ဝန်ဆောင်တယ်ဆိုတာဘာလဲ

အမြွှာကိုယ်ဝန်ဆောင်ခြင်း ဆိုတာဘာလဲ။

အမြွှာကိုယ်ဝန်ဆောင်ခြင်းဆိုတာ သင့်မှာ ကလေးနှစ်ယောက်နဲ့အထက် ကိုယ်ဝန်ဆောင်ခြင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ သင့်ဝမ်းဗိုက်ထဲမှာရှိတဲ့ ကလေးအရေအတွက်ပေါ်မူတည်ပြီး အမြွှာကိုယ်ဝန်ဆောင်ခြင်း အမျိုးမျိုးရှိပါတယ်။

• ကလေးနှစ်ယောက် – အမြွှာ

• ၃ ယောက် – ၃ မြွှာပူး

• ၄ ယောက် – ၄ မြွှာပူး

• ၅ ယောက် – ၅ မြွှာပူး

• ၆ ယောက် – ၆ မြွှာပူး

• ၇ ယောက် – ၇ မြွှာပူး

အမြွှာကိုယ်ဝန်ဆောင်ခြင်းကြောင့် မိခင်နဲ့ကလေးကို ဘယ်လိုအန္တရာယ်ဖြစ်လာနိုင်ပါသလဲ။

• အချိန်မတန်ပဲ ကလေးမွေးခြင်း – သင်ဟာ ဗိုက်ထဲမှာ ကလေးတစ်ယောက်မက ရှိနေပြီဆိုရင် အချိန်မတန်မီ စောမွေးနိုင်ပါတယ်။ အချိန်မတန်ပဲ စောမွေးတဲ့ ကလေးတွေဟာ သူတို့ ကိုယ်ခန္ဓါ အပြည့်အဝဖွံ့ဖြိုးမှု မရှိခင်မှာ မွေးလာကြတာဖြစ်ပါတယ်။ အဖြစ်များတဲ့ ပြဿနာတွေကတော့ ကလေး ကိုယ်အလေးချိန်နည်းခြင်း၊ အရွယ်သေးခြင်းနဲ့ အသက်ရှူဖို့၊ စားဖို့၊ ရောဂါပိုးတိုက်ထုတ်ဖို့နဲ့ နွေးထွေးအောင်နေဖို့တွေမှာ အကူအညီလိုအပ်ခြင်းတွေ ဖြစ်ပါတယ်။ ၂၈ ပတ်မတိုင်ခင် စောမွေးတဲ့သူတွေမှာ အထက်ဖေါ်ပြပါ အချက်တွေဟာ အလွန်အဖြစ်များပါတယ်။

• ကိုယ်ဝန်ဆောင်ခြင်းကြောင့် ဖြစ်ပွားသော သွေးတိုးခြင်း

ကလေးတစ်ယောက်ထက်ပိုပြီး ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တွေဟာ ပုံမှန် မိခင်တွေထက် ကိုယ်ဝန်ဆောင်ချိန်မှာ သုံးဆ ပိုမိုသွေးတိုးနိုင်ခြေ ရှိပါတယ်။

• သွေးအားနည်းခြင်း – အမြွှာကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တွေဟာ ပုံမှန်မိခင်တွေထက် နှစ်ဆ ပိုမို သွေးအားနည်းနိုင်ပါတယ်။

• ကလေးချို့ယွင်းမှုများ – အမြွှာကိုယ်ဝန်ဆောင်ခြင်းကြောင့် မွေးလာတဲ့ကလေးတွေမှာ မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်တဲ့ neural tube defects, spina bifida၊ အစာချေလမ်းကြောင်းနဲ့ နှလုံးရောဂါတွေ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။

• ကိုယ်ဝန်ပျက်ကျခြင်း – ပထမ သုံးလမှာ အမျိုးသမီးတစ်ယောက်ဟာ အမြွှာကိုယ်ဝန်ဆောင်ထားတယ်ဆိုရင် vanishing twin syndrome လို့ ခေါ်တဲ့ အခြေအနေတစ်ခုကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေကတော့ ကလေးတစ်ယောက်ထက်ပိုရှိခဲ့ရင် ပျက်ကျနိုင်တာကို ဆိုလိုပါတယ်။

• Twin to twin transfusion syndrome (အမြွာသန္ဓေသားမှာသွေးစီးဆင်းမှုမမျှတမှုရောဂါလက္ခဏာစု)

• ပုံမှန်ပမာဏ မဟုတ်တဲ့ ရေမြွှာ

• ခွဲမွေးခြင်း – ပုံမှန်မဟုတ်တဲ့ ပုံစံရှိနေတဲ့ ကလေးတစ်ယောက်ဆိုရင် ခွဲမွေးရနိုင်ခြေ ရှိပါတယ်။

• မွေးပြီးသွေးဆင်းခြင်း – ကလေးမွေးအပြီးမှာ အမြွှာကိုယ်ဝန်ဆောင်ထားတဲ့ မိခင်ဟာ သွေးဆင်းနိုင်ပါတယ်။ အချင်းက ကြီးမားပြီး သားအိမ်က လိုအပ်တာထက် ပိုမို ဆန့်ထုတ်ရလို့ပဲ ဖြစ်ပါတယ်။

အမြွှာကိုယ်ဝန်ဆောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ ကိုယ်ခန္ဓါဟာ ကွဲပြားခြားနားတာကြောင့် အမြွှာကိုယ်ဝန်ဆောင်ခြင်းဟာလည်း အောက်ပါ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။

• သားအိမ်က မျှော်လင့်ထားတာထက် ပိုမိုကြီးမားလာနိုင်ပါတယ်။

• ကိုယ်ဝန်ရှိလို့ မနက်မှာ အန်ခြင်းတွေ ပိုမိုဖြစ်နိုင်ပါတယ်။

• အစာစားချင်စိတ် ပိုများနိုင်ပါတယ်။

• ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်စစဆောင်ချင်း လတွေမှာ ပိုတက်လာနိုင်ပါတယ်။

• ဝမ်းဗိုက်ရဲ့တစ်ချိန်တည်းမှာ မတူညီတဲ့ အစိတ်အပိုင်းတွေ လှုပ်တာကိုလည်း ခံစားရနိုင်ပါတယ်။

တစ်ခါတည်းနဲ့ ကလေးတစ်ယောက်ထက် ပိုရခြင်းဟာ ပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း အမြွှာကိုယ်ဝန်ဆောင်ခြင်းဟာ မိခင်ရောကလေးတွေကို ပါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ သင့်မှာ အမြွှာကိုယ်ဝန်ရှိတယ်လို့ ထင်ခဲ့ရင် ဆရာဝန် (သို့) ကျန်းမာရေး စောင့်ရှောက်သူကို ဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Multiple pregnancy

http://www.chw.org/medical-care/fetal-concerns-center/conditions/pregnancy-complications/multiple-pregnancy/

Multi pregnancy

http://www.acog.org/Patients/FAQs/Multiple-Pregnancy

Caring for Multiples, August 2014

http://www.marchofdimes.org/baby/caring-for-multiples.aspx

ယခုပုံစံ

21/09/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးမွေးဖွားပြီးနောက်ပိုင်း ကိုယ်အလေးချိန်ဘယ်လိုထိန်းသိမ်းမလဲ

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ