backup og meta

အော်တစ်ဇင်နှင့် ကိုယ်ဝန်ဆောင်ကာလ စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အော်တစ်ဇင်နှင့် ကိုယ်ဝန်ဆောင်ကာလ စားသောက်မှုပုံစံ

    မွေးလာမယ့်ကလေးမှာအော်တစ်ဇင်ဖြစ်ဖို့အခြေအနေဟာမိခင်ပေါ်မှာလည်းမူတည်လို့နေပါတယ်။ အော်တစ်ဇင်ဆိုတာကလေးရဲ့လူမှုပေါင်းသင်းဆက်ဆံမှု၊လေ့လာတတ်မြောက်မှုစတာတွေကိုဆိုးရွားစွာထိခိုက်စေတဲ့တဖြည်းဖြည်းနဲ့အဖြစ်များလာပြီဖြစ်တဲ့ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါတခုပါ။ ကျိန်းသေပေါက်တိတိကျကျပြောလို့မရသေးပေမယ့်မိခင်အနေနဲ့ကိုယ်ဝန်ဆောင်ကာလမှာအချို့သောအဆီဓါတ်အမျိုးအစားတွေကိုစားမိမယ်ဆိုရင်မွေးလာမယ့်ကလေးမှာအော်တစ်ဇင်ဖြစ်ဖို့အခွင့်အလမ်းပိုလာနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်အဆီတွေစားရင်ကလေးလေးမှာအော်တစ်ဇင် ဖြစ်နိုင်တယ်။

    လေ့လာချက်တွေအရအသီးအရွက်ဆီ၊အခွံမာသီးနဲ့အစေ့တွေမှာပါဝင်ပြီး Omega-6-fatty acid တမျိုးဖြစ်တဲ့ linoleic acid ကိုများများစားတဲ့မိခင်လောင်းတွေမှာအော်တစ်ဇင်ကလေးလေးမွေးလာဖို့အခြေအနေဟာ၃၄% ပိုနည်းတာကိုတွေ့ရသလိုငါးတွေကနေရတဲ့ Omega-3-fatty acid ကိုအနည်းငယ်သာစားတဲ့မိခင်လောင်းတွေဟာအော်တစ်ဇင်ကလေးလေးမွေးလာဖို့အခြေအနေ၅၃% ပိုများတာကိုတွေ့ရပါတယ်။ ဒီနေရာမှာထူးခြားတာလေးတခုက Omega-3-fatty acid ကိုစားတဲ့အခါပမာဏတခုကိုရောက်ပြီဆိုရင်အော်တစ်ဇင်ကလေးမွေးဖွားနိုင်ချေရာခိုင်နှုန်းကထူးပြီးနည်းမသွားတော့ပါဖူးတဲ့။ ဆိုလိုတာကသတ်မှတ်ထားတဲ့ပမာဏ ပြည့်မှီအောင်စားဖို့ကပိုအရေးကြီးပြီးအဲ့ပမာဏထက်ပိုစားလည်းထူးထူးခြားခြာအကျိုးမထူးစေဖူးဆိုတာပါပဲ။ ဒီလေ့လာမှုကအကြံပြုထားတာကတော့ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ polyunsaturated fatty acid (Omega-6-fatty acid နဲ့ Omega-3-fatty acid တွေအပါအဝင်)တွေကိုပိုစားပေးမယ်ဆိုရင်အော်တစ်ဇင်ကလေးမွေးလာဖို့အခွင့်အလမ်းကိုလျှော့ချပေးနိုင်တဲ့အကြောင်းပါ။ ဒီအချက်ကိုကြည့်ပြီးအော်တစ်ဇင်ကို ဖြစ်စေတဲ့အကြောင်းရင်းခံကိုမသိနိုင်ပေမယ့်အော်တစ်ဇင်ဖြစ်ပွားနှုန်းကိုလျှော့ချဖို့ဟုတ်ဟုတ်မဟုတ်ဟုတ် polyunsaturated fatty acid တွေကိုများများစားပြီး saturated နဲ့trans fatတွေကိုတတ်နိုင်သမျှလျှော့စားဖို့ကတော့ကိုယ်ဝန်ဆောင်မိခင်တွေအတွက်အရေးပါလှပါတယ်။

    ကိုယ်ဝန်ဆောင်ကာလမှာTrans fatတွေကိုစားရင်ဘာဖြစ်မှာလဲ။

    ဘာဖြစ်မှာလဲဆိုတော့မွေးလာမယ့်ကလေးလေးမှာ ဖြစ်လာမယ့်မကောင်းတဲ့အရာတွေအများကြီးပဲ။ဥပမာမိခင်လောင်းအနေနဲ့ကိုယ်ဝန်ဒုတိယသုံးလပတ်တလျှောက်လုံးtrans fatတွေစားနေမယ်ဆိုရင် (trans fat ဆိုတာဓါတုဗေဒနည်းနဲ့ဖန်တီးထားတဲ့အာလူးကြော်တို့၊ဒိုးနတ်တို့မှာတွေ့ရတဲ့အဆီတမျိုးဖြစ်တယ်) မွေးလာမယ့်ကလေးဟာပေါင်ချိန်များပြီးကြီးနေမှာဖြစ်တယ်။ ဒါဆိုရင်ခွဲမွေးရဖို့အခွင့်အလမ်းများသွားပြီဖြစ်သလိုခွဲမွေးတာဟာရိုးရိုးမွေးတာထက်အမေအတွက်ရော၊ကလေးအတွက်ပါအန္တရာယ်ပိုများတာကတော့ပြောနေဖို့တောင်လိုမယ်မထင်ဖူး။ ပေါင်ချိန်များများနဲ့မွေးလာတဲ့ကလေးတွေဟာနောက်ပိုင်းအသက်ကြီးလာရင်လည်းဆီးချိုတို့၊နှလုံးရောဂါတို့ ဖြစ်နိုင်ချေပိုများတတ်ပါတယ်။ နောက်လေ့လာချက်တခုကဘာပြောလဲဆိုတော့အမေရဲ့သွေးထဲမှာ Omega-3-fatty acid ပမာဏများနေမယ်ဆိုရင်မွေးလာမယ့်ကလေးဟာအဆီနည်းပြီးကြွက်သားထုများများနဲ့မွေးလာမယ်လို့ဆိုပါတယ်။

    ဒီတော့အမေတွေဘာလုပ်သင့်သလဲ။

    အပေါ်မှာပြောခဲ့တဲ့လေ့လာမှုတွေအရအဆီနဲ့အော်တစ်ဇင်ကြားမှာတိုက်ရိုက်ဆက်နွယ်မှုရှိတယ်လို့ကံသေကံမမပြောနိုင်ပေမယ့် polyunsaturated fatty acid တွေကိုများများစားပြီး saturated နဲ့trans fatတွေကိုတတ်နိုင်သမျှလျှော့စားမယ်ဆိုရင်နှလုံးရောဂါ၊ဆီးချိုရောဂါတို့ ဖြစ်ပွားနှုန်းကိုလျှော့ချပေးနိုင်သလိုတခြားနာတာရှည်ရောဂါတွေကိုလည်းကာကွယ်ပေးနိုင်မှာကအသေအချာပဲမို့အကျိုးမယုတ်တာတော့အမှန်ပါ။ ဒါ့ကြောင့်မို့ဒီလိုစားသောက်တဲ့ပုံစံကိုအလေ့အကျင့်လုပ်ပေးမယ်ဆိုရင်ကျန်းမာရေးအတွက်အများကြီးအကျိုးရှိမှာပါ။ အမျိုးသမီးအများစုအတွက်အစေ့၊ခွံမာသီးဒါမှမဟုတ်သူတို့ကထုတ်ထားတဲ့အဆီတွေနဲ့ဟင်းသီးဟင်းရွက်ဆီတွေကနေလုံလောက်တဲ့ Omega-6-fatty acid ပမာဏကိုရရှိမှာ ဖြစ်ပါတယ်။ အဓိကအချက်ကစုစုပေါင်းစားတဲ့အဆီပမာဏကိုမများစေဘဲ unsaturated fat တွေကိုပိုစားပေးရမှာဖြစ်ပါတယ်။ ဆိုလိုတာက saturated fat တွေနဲ့ကစီဓါတ်တွေစားတဲ့အပြင် unsaturated fat တွေကိုပါစားပေးရမှာမဟုတ်ဘဲ saturated fat တွေနဲ့ကစီဓါတ်တွေနေရာမှာ unsaturated fat တွေကိုအစားထိုးပြီးစားရမှာဖြစ်ပါတယ်။ဥပမာပေါင်မုန့်ကိုထောပတ်သုတ်မယ့်နေရာမှာ unsaturated fat တွေပမာဏများများပါတဲ့အပင်ထုတ်ထောပတ်ကိုသုတ်တာမျိုး၊ထောပတ်မသုံးဘဲပေါင်မုန့်ကိုသံလွင်ဆီလေးထဲစိမ်ပြီးစားတာမျိုးတွေကိုလုပ်ပေးရမှာပါ။ အရေးကြီးတာကကယ်လိုရီတွေတက်မလာစေဖို့အတွက်ဘာအဆီကိုပဲစားစားစားပွဲတင်ဇွန်းတဇွန်းထက်မပိုပါစေနဲ့။ ဒိုးနတ်တို့ဘာတို့စားတဲ့အခါမျိုးမှာလည်းခရင်မ်ချိစ်တွေထောပတ်တွေသုတ်မယ့်အစားဗန်ဒါစေ့၊သီဟိုဠ်စေ့စတာတွေကနေထုတ်ထားတဲ့ထောပတ်ကိုဖြစ်ဖြစ်မြေပဲကထုတ်ထားတဲ့ထောပတ်ကိုပဲ ဖြစ်ဖြစ်သုပ်ပီးစားပါ။

    Omega-3-fatty acid အတွက်ဆာဒင်းငါး၊ဟဲရင်းငါး၊ဆယ်လ်မွန်ငါးစတဲ့ငါးတွေကိုတပတ်နှစ်ခါသုံးခါလောက်စားပေးရင်အကောင်းဆုံးဖြစ်ပါတယ်။ သစ်ချသီး၊ flax seed နဲ့ထောပတ်သီးတို့ကနေ Omega-3-fatty acid ကိုကောင်းကောင်းရရှိနိုင်ပေမယ့်သူတို့မှာပါဝင်တဲ့ ALA (alpha-linolenic acid) ဟာတကယ်အရေးပါတဲ့ဓါတ်တွေဖြစ်တဲ့ DHA နဲ့ EPA တို့အဖြစ်ကိုအလွယ်တကူမပြောင်းလဲနိုင်ပါဖူး။ ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ကိုယ်နေ့စဉ်စားနေတဲ့အစားအစာတွေထဲမှာ Omega-3-fatty acid ပမာဏများများမပါဝင်ဖူးဆိုရင်ကိုယ်ဝန်မဆောင်မီမှာရောကိုယ်ဝန်ဆောင်နေစဉ်မှာပါ Omega-3-fatty acid ပါတဲ့ ဖြည့်စွက်အားဆေးတွေကိုသောက်တာဟာအကောင်းဆုံးဖြစ်ပါတယ်။ ဖြည့်စွက်အားဆေးဟာDHAပမာဏအနည်းဆုံး၃၀၀မီလီဂရမ်ပါရမှာဖြစ်ပြီးအနံ့အရသာအနေနဲ့ငါးညှီစော်နံတာ၊ဆီစော်နံတာမျိုးမရှိရပါဖူး(အဲ့အနံ့အရသာတွေရရင်မလတ်ဆတ်တော့ပါဖူး)။ တကယ်လို့အကြံပြုထားတဲ့အတိုင်းတနေ့ကိုမာကျူရီဓါတ်နည်းပါးစွာပါဝင်တဲ့ငါး၂၈ဂရမ်လောက်စားပေးမယ်ဆိုရင် ဖြည့်စွက်အားဆေးသောက်ဖို့မလိုပါဖူး။ အရေးကြီးဆုံးထပ်သတိပေးလိုတာကကိုယ်ဝန်ဆောင်ချိန်မှာ Omega-3-fatty acid လုံလောက်အောင်စားပေးဖို့လိုအပ်တယ်ဆိုပေမယ့်တန်ဆေးလွန်ဘေးဆိုတာတော့ဘယ်တော့မှမမေ့ပါနဲ့။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement