အောက်ဖော်ပြပါဆေးများကိုယေဘုယျအားဖြင့် Vitamin-E နဲ့တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော်အချို့သောအခြေအနေများတွင်မူသုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ဆေးနှစ်မျိုးလုံးကိုသောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့်ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ်ဆေးသောက်ရမည့်အကြိမ်ရေကိုပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။
• Dicumarol
အောက်ဖော်ပြပါဆေးများသည် Vitamin-E ၏ဘေးထွက်ဆိုးကျိုးများကိုပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော်အတူတကွသုံးစွဲခြင်းဖြင့်အကောင်းဆုံးသောကုသမှုရလာဒ်ကိုလည်းရစေနိုင်သည်။ အကယ်၍ဆေးနှစ်မျိုးလုံးကိုသောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့်ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ်ဆေးသောက်ရမည့်အကြိမ်ရေကိုပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။
• Warfarin
အစားအသောက်တွေနဲ့ အရက်က Vitamin E (ဗီတာမင် အီး) နဲ့ ဓါတ်ပြုနိုင်သလား
ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Vitamin E (ဗီတာမင် အီး) နဲ့ ဓါတ်ပြုနိုင်သလဲ
Vitamin E ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေ များနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။ အထူးသဖြင့်
—->သွေးနှင့်ပတ်သက်သော ပြဿနာများ (Vitamin-Eကိုတစ်နေ့လျှင်၈၀၀ယူနစ်ထက်ပိုပြီးကာလကြာရှည်စွာသုံးစွဲပါကသွေးယိုစီးမှုပြဿနာများကိုပိုဆိုးစေသည်)
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Vitamin E (ဗီတာမင် အီး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Vitamin-E ချို့တဲ့ခြင်းအတွက်
ကုသခြင်း။။၆၀မှ၇၀ယူနစ်အထိတနေ့လျင်တကြိမ်သောက်ပါ။
ကာကွယ်ခြင်း။။၃၀ယူနစ်တနေ့လျင်တကြိမ်သောက်ပါ။
Tardive Dyskinesia ရောဂါအတွက်
၆၀၀မှ၁၆၀၀ယူနစ်တနေ့လျင်တကြိမ်သောက်ပါ။
Sickle cell anaemia (သွေးအားနည်းရောဂါတမျိုးအတွက်)
၄၅၀ယူနစ်တနေ့လျင်တကြိမ်သောက်ပါ။
အယ်လ်ဇိုင်းမားရောဂါအတွက်
၁၀၀၀ယူနစ်တနေ့လျင်နှစ်ကြိမ်သောက်ပါ။
ဖြည့်စွက်အားဆေးအဖြစ်
သောက်သုံးရသောဆေးရည်ပုံစံ (AQUA-E) :၂၀၀ယူနစ် (၁၀စီစီခန့်) တနေ့လျင်နှစ်ကြိမ်သောက်ပါ။
ကလေးတွေအတွက် Vitamin E (ဗီတာမင် အီး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Vitamin-Eချို့တဲ့ခြင်းအတွက်
ရေနှင့်ဖျော်နိုင်သော Vitamin-E 1unit/kg/day သောက်ပါ။ျက်စိရောဂါမှကာကွယ်ရန်
လမစေ့ဘဲမွေးဖွားလာခြင်းကြောင့် ဖြစ်ပွားတတ်သောမျက်စိရောဂါသို့မဟုတ်အောက်ဆီဂျင်ပေးရာမှ ဖြစ်ပွားတတ်သောအသက်ရှုလမ်းကြောင်းရောဂါတို့ကိုကာကွယ်ရန်အတွက် : 15 to 30units/kg/day.(100units/kg/day ခန့်အထိလိုအပ်နိုင်သည်)။ဤအသုံးပြုမှုသည်ရောဂါအကြောင်းစူးစမ်းရန်သာအသုံးပြုသင့်ပြီးပုံမှန်အသုံးမပြုသင့်ပါ။
Cystic fibrosis ရောဂါအတွက်
၁၀၀မှ၄၀၀ယူနစ်အထိတနေ့လျင်တကြိမ်သောက်ပါ။
ဖြည့်စွက်အားဆေးအဖြစ်
Vitamin-E တစ်ယူနစ်သည် dl-alpha-tocopherol acetate တစ်မီလီဂရမ်နှင့်ညီမျှသည်။
လုံလောက်သောပမာဏ :
အသက်တစ်လမှခြောက်လအထိ : နေ့စဉ်၄ယူနစ်စီသောက်ပါ။
အသက်ခြောက်လမှတစ်နှစ်အထိ : နေ့စဉ်၅ယူနစ်စီသောက်ပါ။
နေ့စဉ်စားသင့်သောပမာဏ:
အသက်၁နှစ်မှ၃နှစ်အထိ : နေ့စဉ်၆ယူနစ်
အသက်၄နှစ်မှ၈နှစ်အထိ : နေ့စဉ်၇ယူနစ်
အသက်၉နှစ်မှ၁၃နှစ်အထိ :နေ့စဉ်၁၁ယူနစ်
အသက်၁၃နှစ်အထက် : နေ့စဉ်၁၅ယူနစ်
{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက်သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ)
Vitamin E (ဗီတာမင် အီး) ကိုဘယ်လိုရရှိနိုင်သလဲ
Vitamin Eကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။
• အရည်
• ဖျော်ရည်
• ဆေးပြား
• ဆေးတောင့်(အထဲတွင်အရည်ပါဝင်သည်)
• ဝါးစားနိုင်သောဆေးပြား
• ဖျော်သောက်ရန်အမှုန့်
• ရိုးရိုးဆေးတောင့်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Vitamin Eကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ