backup og meta

သင့်ကြောင့် ဦးနှောက်မပျက်စီးပါစေနဲ့။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကြောင့် ဦးနှောက်မပျက်စီးပါစေနဲ့။ ။

    ဦးနှောက်ဆိုတာ နှလုံးလိုပဲ လုံးဝကို အထိခိုက်မခံတဲ့ နုနယ် ရှုပ်ထွေးလှတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် မာလာခွံလို့ခေါ်တဲ့ ဦးခေါင်းခွံမာကြီးထဲမှာ ဦးနှောက်က တည်ရှိနေတာဖြစ်ပါတယ်။ ဒီလောက်အတွင်းကျတဲ့နေရာမှာရှိပြီး သေချာ အကာကွယ်ခံထားရတဲ့ သင်တို့ဦးနှောက်ဟာ သင့်တို့ကြောင့်ပဲ ပျက်စီးတတ်တယ်ဆိုတာ သင်သိပါသလား။ ။

    သင်ကိုယ်တိုင်တောင်မသိဘဲ လုပ်နေမိတဲ့ ဦးနှောက်ကို ထိခိုက်စေတဲ့ အပြုအမူတွေ။ ။

    • အိပ်ချိန်မမှန်ခြင်း။ ။

    အိပ်ချိန်လုံလောက်စွာ မရရင် ကျန်းမာရေးထိခိုက်တယ်ဆိုတာ လူတိုင်းသိကြတဲ့ ကိစ္စတစ်ခုပါ။ အဆိုးဆုံးထိခိုက်တာကတော့ ဦးနှောက်ဖြစ်ပါတယ်။ သူ့ခမျာ နေ့ဘက်တွေဆို တွေးတော ချိတ်ဆက်နေရတာ အနားယူရမယ့် ညဘက်ကလေးမှာမှ အနားကောင်းကောင်းမရရင် အချိန်ကြာလာတာနဲ့ ယိုယွင်းလာတော့မှာပါ။ ဒါ့အပြင် အိပ်ချိန်မလုံလောက်ခြင်းက ကြီးလာရင်ဖြစ်တတ်တဲ့ Alzheimer’s လို့ခေါ်တဲ့ သတိမေ့ရောဂါနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။

    • နေ့ရက်တိုင်းကို အထီးကျန်စွာ ဖြတ်သန်းနေရခြင်း။ ။

    သူငယ်ချင်းများများရှိရမယ်ဆိုလို့ social media ပေါ်က သူငယ်ချင်းတွေကို ပြောတာမဟုတ်ပါဘူး။ အပြင်က အားပေးဖော် အားပေးဖက်သူငယ်ချင်း အစစ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ဖြစ်နေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်ပေးပြီး အားပေးဖော်ရတဲ့ သူငယ်ချင်းမျိုးရှိတဲ့သူတွေမှာ Alzheimer’s လို့ခေါ်တဲ့ သတိမေ့ရောဂါ အဖြစ်နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် တစ်ယောက်တည်း အထီးကျန်စွာမနေပါနဲ့။ သူငယ်ချင်းထားပါ။

    • အသင့်စားသရေစာ အစားများခြင်း။ ။

    ဟမ်ဘာဂါတို့၊ အားလူးကြော်တို့မှာပါတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓါတုပစ္စည်းတွေဟာ ဦးနှောက်ရဲ့ ုလုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ ဒါ့အပြင် ဒီလိုအသင့်စားသရေစာေတွကြောင့် အဝလွန်တာ၊ သွေးတွင်းအဆီများတာ၊ နှလုံးရောဂါတို့ ပိုဖြစ်နိုင်ပါတယ်။

    • သီချင်းနားထောင်ရင် နားကြပ်နဲ့ ပဲ နားထောင်ခြင်း။ ။

    Earphone အလုံပိတ် နားကြပ်လေးတပ်၊ အသံကုန်ဖွင့်ပြီး သီချင်းနားထောင်ရင် အချိန်နာရီဝက် အတွင်းမှာတင် သင့်အကြားအာရုံ ပျက်စီးသွားနိုင်ပါတယ်။ ဆူညံနေတဲ့ အသံတွေကို ဦးနှောက်က မနည်းလိုက်ဖမ်းနေရလို့ အာရုံကြော အချက်ပြစနစ်တွေလည်း ရှုပ်ထွေးနေတတ်ပါတယ်။ ဒါဟာ ဦးနှောက်ကို ဝန်ပိစေတဲ့ အပြုအမူတစ်ခုပါ။

    • တစ်နေကုန် မလှုပ်ရှားဘဲ ထိုင်နေခြင်း။ ။

    တစ်နေကုန် အနားယူမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာမှ လှုပ်ရှားမှုမရှိဘဲ ထိုင်နေလို့ကတော့ လူက ငြီးစီစီဖြစ်နေမယ့် ဦးနှောက်ကလည်း တက်ကြွ လန်းဆန်းမှု မရှိတော့ပါဘူး။ ဒါ့ အပြင် ကိုယ်အလေးချိန်တက်လာ၊ နှလုံးရောဂါ၊ ဆီးချိုေရာဂါတွေပါ ရပြီး အသက်ကြီးလာရင် မေ့လွယ်တဲ့ရောဂါလည်း ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် နေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်ကို ၃ ရက်လောက်တော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ရင် လူကိုတက်ကြွစေတဲ့ ဟော်မုန်းတစ်မျိုးထွက်လာလို့ ဦးနှောက်ကိုလည်း လန်းဆန်းစေပါတယ်။

    • ဆေးလိပ်သောက်တာကြောင် သင့်ဦးနှောက်ကို ထိခိုက်စေပါတယ်။ ။

    ဆေးလိပ်အသောက်များရင် ဦးနှောက်က ဆဲလ်လေးတွေ ကျုံ့သွားတတ်ပါတယ်။ သာမန်လူတစ်ယောက်ထက်စာရင် ဆေးလိပ်သောက်တဲ့သူတွေက Alzheimer’s လို့ခေါ်တဲ့ သတိမေ့ရောဂါနဲ့ dementia လို့ေခါ်တဲ့ မေ့လွယ်တဲ့ရောဂါတွေ နှစ်ဆ ပိုဖြစ်နိုင်ပါတယ်။

    • အမှောင်ထဲမှာ အနေများခြင်း။ ။

    အမှောင်ထဲမှာပဲ အနေများပြီး အလင်းရောင်မကြိုက်တဲ့ သူအများစုဟာ စိတ်ဓါတ်ကျလွယ်တတ်ကြပါတယ်။ တက်ကြွမှုတွေလည်း မရှိတော့လို့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေလည်း ထိခိုက်လာပါတယ်။

    အရမ်းကို အရေးကြီးပြီး နုနယ်ရှုပ်ထွေးလှတဲ့ ဦးနှောက်ကို အမှတ်မထင်ဘဲ ဖျက်စီးတဲ့သူက သင်ကိုယ်တိုင်ပဲ ဖြစ်နေတတ်ပါတယ်။ ကြီးလာရင် ကိုယ့်ချစ်ရတဲ့သူတွေကို လုံးဝမသိတော့တဲ့ အဖြစ်ဆိုးကြီးကနေ ရှောင်လွဲနိုင်ဖို့၊ ဦးနှောက်ကျန်းမာဖို့နဲ့ မှတ်ဉာဏ်ရင့်သန်စေဖို့အတွက် သင်မှာသာ တာဝန် အရှိဆုံးပါ။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement