backup og meta

ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း

    ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။

    ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း

    ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း အကြောင်း မပြောခင် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) အကြောင်း အရင်ပြောပြပေးချင်ပါတယ်။

    Fifth Disease ဆိုတာဘာလဲ။

    Fifth Disease ဆိုတာ human parvovirus B19 (ပါဗို ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတာပါ။ ဒါဟာကူးစက်နိုင်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် ကိုယ်တွင်းအရည်တွေကနေပြီး ကူးစက်တတ်ပါတယ်။ အများအားဖြင့်တော့ ဒီရောဂါဟာ မပြင်းထန်ဘဲ ကုသမှု မခံယူဘဲတောင် အလိုအလျောက် ပျောက်ကင်းလေ့ရှိပါတယ်။ ဒီရောဂါကို ခံစားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုဟာလည်းပဲ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးကို မွေးဖွားပေးနိုင်ပါသေးတယ်။

    ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာဖြစ်တဲ့ Fifth disease ရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ။

    Fifth disease ရှိတယ်လို့ သတ်မှတ်ခံရတဲ့ လူနာတွေမှာ မတူညီတဲ့လက္ခဏာတွေ ရှိနေပါတယ်။ ဒီထဲမှာ အဆစ်တွေ နာကျင်ခြင်း (ဒါကတော့ ရက်အနည်းငယ်သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်လောက် ကြာမြင့်နိုင်ပါတယ်။) ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း နဲ့ ပါး၊ ခြေထောက်၊ ဗိုက်နဲ့ လည်ပင်းတွေမှာ အနီကွက်ဖြစ်ခြင်း စတာတွေပါဝင်ပါတယ်။

    ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဒီရောဂါဖြစ်နေတယ်လို့ ဘယ်လိုသတ်မှတ်မလဲ။

    ဒီရောဂါဖြစ်နေတယ်လို့ သတ်မှတ်နိုင်ဖို့အတွက်ဆိုရင် သင့်မှာအကွက်တွေ အဖုတွေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သွေးစစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆရာဝန်ကသင့်ရဲ့ကျန်းမာရေးအခြေအနေကို ဆုံးဖြတ်ပြီးတဲ့နောက်မှာ သင့်ရဲ့ မမွေးဖွားရသေးတဲ့ ကလေးကို အထူးသတိပြု စောင့်ကြည့်ပါလိမ့်မယ်။ ဒါ့အပြင် လိုအပ်တယ်ဆိုရင် ၈ပတ်မှ ၁၂ပတ်ထိ အာထရာဆောင်းတွေ ရိုက်ပြီး စစ်ဆေးဖို့တောင်းဆိုနိုင်ပါတယ်။

    ဒီစစ်ဆေးမှုဟာ အခြားသော ကိုယ်ဝန်ပြဿနာဖြစ်နိုင်ခြေတွေ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးတာပါ။ တကယ်လို့ အာထရာဆောင်းက ကလေးမှာ တစ်ခုခုဖြစ်နေတဲ့လက္ခဏာ (နေမကောင်းဖြစ်နေတဲ့လက္ခဏာ)တွေ တွေ့ခဲ့ရင် ဆရာဝန်ကတော့ ဆေးပညာဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု သို့မဟုတ် ၂ခု ပြုလုပ်ဖို့ တိုက်တွန်းပါလိမ့်မယ်။ ဒါတွေကတော့ ရေမြွှာရည်စစ်ဆေးခြင်း သို့မဟုတ် အချင်းစစ်ဆေးခြင်း တို့ဖြစ်ပြီး ကူးစက်မှုကို အတည်ပြုနိုင်ဖို့နဲ့ သူ့ရဲ့ ပြင်းထန်မှု ဘယ်လောက်ရှိလဲ သိနိုင်ဖို့ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်နေစဉ်အတွင်း fifth disease ကြောင့်ဖြစ်နိုင်တဲ့ ပြဿနာများ

    Fifth disease ဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာတော့ အလွန် အန္တရာယ်ရှိတဲ့ အခြေအနေကို ပေးနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေဟာ အလွန်ကို ရှားပါးပြီး ၅ ရာခိုင်နှုန်းပဲရှိနေပါတယ်။ သင့်ကလေးငယ်မှာ Fifth disease ဖြစ်နေရင်တော့ သွေးအးနည်းခြင်းဟာ အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာပါပဲ။ တကယ်လို့ဖြစ်ခဲ့ရင် သင့်ကလေးမှာ ကျန်းမာသန်စွမ်းတဲ့ သွေးနီဥတွေ နည်းပါးလာပြီး အကျိုးဆက်အနေနဲ့ ခန္ဓါကိုယ်ဖွံ့ဖြိုးဖို့ လုံလောက်တဲ့ အောက်ဆီဂျင်မရရှိနိုင်တော့ပါဘူး။ ကလေးငယ်တွေကြားမှာ ဖြစ်လေ့ရှိတဲ့ သွေးအားနည်းဖြစ်ရပ်အများစုဟာ မပြင်းထန်ကြဘဲ မွေးဖွားပြီးမှ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့များကလေးမှာသာ ပြင်းထန်တဲ့ သွေးအားနည်းခြင်းရှိခဲ့ရင် ဒါဟာ Hydrops (သန္ဓေသားလေး ရေဖောဖောခြင်း) ဖြစ်နိုင်ခြေ ပိုပြီး မြင့်တက်သွားနိုင်ပါပြီ။

    Hydrops ကိုတော့ ကလေးရဲ့ခန္ဓါကိုယ်ထဲမှာ အရည်တွေ ပုံမှန်မဟုတ်ဘဲ စုပုံလာခြင်းနဲ့ သတ်မှတ်ပါတယ်။ ဒီလိုမမျှော်လင့်ထားတဲ့ နောက်ဆက်တွဲပြဿနာတွေဟာ နှလုံးဖောက်ခြင်းကိုဖြစ်စေတတ်ပြီး သေသည်ထိဖြစ်သွားနိုင်ပါတယ်။ ကလေးငယ်ကို ကယ်တင်နိုင်ဖို့ ဆရာဝန်တွေဟာ ကလေးရဲ့သန္ဓေသားဘဝမှာတည်းက သွေးသွင်းခြင်းတွေကိုလုပ်ဆောင်ရပါတယ်။ တစ်ဘက်မှာလည်း သင့်ရဲ့ကိုယ်ဝန်ကာလ တတိယ ၃လတာအတွင်းမှာ ကလေးက Hydrops ကို ခံစားနေရတယ်ဆိုရင် စောမွေးဖို့ လိုအပ်လာပါလိမ့်မယ်။

    ကိုယ်ဝန်ဆောင်ကာလအတွင်း Fifth disease ကို ကာကွယ်နိုင်သလား။

    သတင်းဆိုးကတော့ ခုချိန်ထိ ကျွမ်းကျင်သူတွေက Fifth disease ကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေကို မထုတ်လုပ်နိုင်သေးပါဘူး။ ဒါကြောင့် သင်ကဒါကို အစောကြီးတည်းက ကာကွယ်ထားဖို့လိုပါတယ်။

    ဒီရောဂါနဲ့ဝေးဖို့ဆိုရင် နှာချေတဲ့အခါ သို့မဟုတ် ချောင်းဆိုးတဲ့အခါ ပါးစပ်ကိုအုပ်ထားပြီး လက်ကိုရေနွေး၊ဆပ်ပြာတွေနဲ့ ပုံမှန်ဆေးကြောပေးဖို့လိုပါတယ်။ ဒါ့အပြင် ဒီရောဂါခံစားနေရသူတွေရဲ့ ကိုယ်တွင်းအရည်တွေနဲ့တိုက်ရိုက်ထိတွေ့ခြင်း ဒါမှမဟုတ် အဆိုပါအရာတွေကျထားတဲ့ ပစ္စည်းတွေကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement