ပျို့အန်ခြင်းဆိုတာ မိန်းမအများစုအတွက် ကိုယ်ဝန်ရှိကြောင်းကို ပြသတဲ့ ပထမဆုံး လက္ခဏာတစ်ခုပါ။ Morning Sickness လို့ ခေါ်သော်လည်း ထက်ဝက်ကျော်လောက်က မနက်မှာတင် ဖြစ်တာမဟုတ်ပါဘူး။

ပျို့အန်ခြင်းဆိုတာ မိန်းမအများစုအတွက် ကိုယ်ဝန်ရှိကြောင်းကို ပြသတဲ့ ပထမဆုံး လက္ခဏာတစ်ခုပါ။ Morning Sickness လို့ ခေါ်သော်လည်း ထက်ဝက်ကျော်လောက်က မနက်မှာတင် ဖြစ်တာမဟုတ်ပါဘူး။

ယင်းလက္ခဏာတွေဟာ ကိုယ်ဝန် ၁၄ပတ်မပြည့်မချင်း ဖြစ်လိုက် ပျောက်လိုက် ဖြစ်နေမှာပါ။ တစ်ချို့ကတော့ အလွန်အမင်း ပျို့အန်ခြင်းကို ခံစားရမှာပါ။ အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားပါမယ်။ စားရသောက်ရ ခက်ပါလိမ့်မယ်။ အဲဒါတွေက ကလေးနဲ့ မိခင်အတွက် ဆိုးကျိုးတွေ ရစေပါတယ်။
မိန်းမတစ်ယောက်ဟာ အလွန်အမင်း ပျို့အန်နေပြီဆိုရင် ကိုယ်ဝန်ကြောင့် ပြင်းထန်စွာ ပျို့အန်ခြင်း (Hyperemesis gravidarum) (HG) ရှိတယ်လို့ ဆိုနိုင်ပါတယ်။ HGက ထပ်တိုး ရောဂါတွေ ဖြစ်စေနိုင်တာကြောင့် ဆေးရုံတင်ဖို့ လိုအပ်ပါတယ်။
HG ရဲ့ အဖြစ်များသော လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ပုံမှန် ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်းတွေဟာ ၁၄ပတ်အကြာမှာ ပျောက်ကင်းသွားနိုင်သော်လည်း HGတွေကတော့ ပိုမိုကြာတတ်ပါတယ်။ တချို့လက္ခဏာတွေကတော့ သူဘာသာ ရက်သတ္တပတ်၂၀လောက်အကြာတွင် သက်သာသွားနိုင်သော်လည်း မကုသဘူးဘူးဆိုရင်တော့ ကလေးမွေးပြီးသည်ထိအောင် ဆက်လက်ပျို့အန်နေဆဲဖြစ်မှာပါ။
HG၏ လက္ခဏာများ သက်သာစေဖို့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သောက်သုံးနိုင်မယ့် ဆေးများညွှန်ကြားပါလိမ့်မယ်။ အအန်ပျောက်ဆေးများ၊ စတီးရွိုက်များ၊ B6 သို့ B12 သက်စောင့်ဓါတ်များအားတစ်ခုချင်း သို့မဟုတ် ပေါင်းစပ်ပေးခြင်းပဲဖြစ်ပါတယ်။
ဆေးဖြင့်မရတော့သော ပျို့အန်ခြင်းများတွင် သင့်တော်တဲ့ ကုသနည်းပေးဖို့ ဆရာဝန်က သေချာ စစ်ဆေးကြည့်ရှုပါလိမ့်မယ်။ အကြောဆေးသွင်း ကုသဖို့လိုနိုင်ပါတယ်။
ပျို့အန်ခြင်း ပျောက်စေဖို့ အအန်ပျောက်ဆေးများကို အကြောထဲမှ ထိုးသွင်းပေးမှာပါ။ သင့်တော်တဲ့ ဆေးအမျိုးအစား မတွေ့မချင်း ဆေးအမျိုးမျိုး စမ်းသပ်အသုံးပြုကြည့်ဖို့ လိုနိုင်ပါတယ်။
ခဏခဏ ကိုယ်ဝန်ကြောင့် ပျို့အန်မယ်၊ အစားအသောက်တွေ ပျက်မယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ကျွမ်းကျင်သူတို့၏ အကူအညီ ရယူဖို့ လိုအပ်ပါတယ်။ HG ရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ မြန်မြန်သိ၊ မြန်မြန်ကုလေ ကုသရလွယ်ကူလေပဲလို့ ဆရာဝန်များက ယုံကြည်ထားကြပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။