backup og meta

ကလေးများမစားသင့်သော အစားအစာ ၅ မျိုး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 06/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများမစားသင့်သော အစားအစာ ၅ မျိုး

    အစားအစာတိုင်းဟာ ကလေးတွေအတွက် မကောင်းနိုင်ပါဘူး။ တချို့တွေက အာဟာရ မဖြစ်တဲ့အပြင် သကြားဓာတ်တွေလည်း အရမ်း များပါတယ်။ ဒီလို အစားအစားတွေကို ကျွေးလိုက်တဲ့အခါ ကလေးမှာ အဝလွန်တာနဲ့ အာဟာရ မပြည့်ဝမှုကြောင့် သံဓာတ်ချို့တဲ့တာ၊ ကိုယ်ခံအား နည်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများမစားသင့်သော အစားအစာ ၅ မျိုး ကို ပြောပြပါ့မယ်။

    ကလေးများမစားသင့်သော အစားအစာ ၅ မျိုး

    ကလေးများမစားသင့်သော အစားအစာ ၅ မျိုး ကတော့

    (၁) အချိုများတဲ့ ကွေကာအုပ်

    ကွေကာအုပ်တွေဟာ ကလေး အများစုအတွက် မနက်စာပါ။ Whole-grains ဆိုတဲ့ စကားလုံးက မိဘတွေကို ကျန်းမာရေး အတွက်ကောင်းစေတယ်လို့ အထင်မှားစေပါတယ်။ တကယ်တမ်းတော့ အဲဒါတွေက အမျှင်ဓာတ် အနည်းငယ်သာပါပြီး အချိုတွေ၊ ကယ်လိုရီတွေနဲ့ပြည့်နှက်နေပါတယ်။

    Cereals ဝယ်တဲ့အခါ မည်သည့် သကြား အမျိုးအစားပဲဖြစ်ဖြစ် များများမပါစေရန် သတိထား ဝယ်ပါ။ အသားဓာတ်နဲ့ အမျှင်ဓာတ် အနည်းဆုံး ၃ ဂရမ်ပါတဲ့ Cereals ကိုရွေးပါ။

    (၂) ဟော့ဒေါ့

    ဟော့ဒေါ့လိုမျိုး စက်ရုံထုတ် အသားတွေဟာ ကင်ဆာ ဖြစ်စေတဲ့ နိုက်ထရိုက်တွေ ပါဝင်ပါတယ်။ အနီရောင် ရှိသော အသားများနဲ့ စက်ရုံထုတ် အသားတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ဆီးချိုတွေကို ဖြစ်စေတတ်ပါတယ်။

    ဒါ့ပြင် ဟော့ဒေါ့တွေမှာ ဆိုဒီယမ်နဲ့ ပြည့်ဝဆီတွေ ပါဝင်ပါတယ်။ ပြီးတော့ အာဟာရတန်ဖိုး မရှိတဲ့ အငန်တွေ၊ ကစီဓာတ်များတဲ့ ပေါင်မုန့်တွေနဲ့ တွဲဖက် စားရပါသေးတယ်။

    (၃) ကြက်ကြော်

    ကြက်ကြော်တွေဟာ ကလေးတွေ အပြင်မှာ စားတဲ့အခါ အကြိုက်ဆုံး အစားအစာပါ။ လူကြိုက်များဆုံး Fast Foodဆိုင်တွေဟာ အနည်းဆုံး ကြက်ကြော်ကို တွဲဖက် အစားအစာ အနေနဲ့တော့ ရောင်းကြပါတယ်။

    အဲဒါတွေကို antifoaming agent ခေါ်တဲ့ စွဲလမ်းစေသော dimethylpolysiloxaneခေါ် ဒြပ်ပေါင်း တစ်ခု ထည့်ပြီး ကြော်ထားပါတယ်။ သင့်ကလေးက ကြက်ကြော် ကြိုက်တတ်တယ်ဆိုရင်တော့ အိမ်မှာ ကြော်ကျွေးတာ အကောင်းဆုံးပဲပေါ့။

    (၄) ဂျယ်လီသကြားလုံး

    Fruit snacks ဆိုတာ အထင်မှားစေတဲ့ နာမည် တစ်ခုပါ။ အဲ့ဒါတွေက ဆိုးဆေး၊ တာရှည်ခံဆေးတွေ မပါဘဲ တကယ့် သစ်သီးဝလံတွေ ပါရင်တော့ Fruit Snackဆိုတာ မှန်ကောင်းမှန်ပါလိမ့်မယ်။

    မဟုတ်ရင်တော့ ဒီအရာတွေက သွားတွေမှာ တင်ကျန်ပြီး သွားပိုးစားစေပါလိမ့်မယ်။ တကယ့် Fruit Snackဆိုတာ တကယ့် သစ်သီးတွေသာ ထည့်ထားပြီး ကျန်တာတွေ ထပ်မထည့်ထားသင့်ပါဘူး။ ဒါကြောင့် ကလေးတွေကို တတ်နိုင်သမျှ လျှော့ကျွေးတာ အကောင်းဆုံးပါ။

    (၅) အချိုရည်

    ပြောစရာတောင် မလိုဘူး ထင်ပါတယ်။ အချိုရည်တွေဟာ အဆိုးတကာ့ အဆိုးဆုံးပါ။ ကိုလာ၊ အအေး၊ အားဖြည့်အချိုရည်နဲ့ သစ်သီး အချိုရည်တွေမှာ သကြား ကလွဲလို့ ကျန်တာ ဘာမှမပါပါဘူး။ ပိုအံ့သြဖို့ ကောင်းတာက သစ်သီးအချိုရည်လို့ ပြောတဲ့အရည်တွေက ဆိုဒါတွေထက်တောင် သကြားဓာတ် ပိုပါပါသေးတယ်။ ကလေးတွေကို ရေ ဒါမှမဟုတ် အချိုထုတ်ထားတဲ့ အရည်တွေသာ တိုက်ပေးပါ။

    အထက်ဖော်ပြပါ အစားအစာတွေဟာ အရသာရှိရုံ ကလွဲပြီး ကောင်းကျိုး မရှိပါဘူး။ ကလေးကျန်းမာရေးကိုသာ ထိခိုက်စေမှာပါ။ ကလေးတွေဟာ အစားအသောက်တွေ နဲ့ပတ်သက်လာရင် ပြောရခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိဘတစ်ယောက် အနေနဲ့ကတော့ မိမိကလေးကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ မစားမိစေရန်မှာ ကျေပွန်ရမယ့် တာဝန်တစ်ခု ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 06/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement