backup og meta

26 လအရွယ်ကလေးငယ်

26 လအရွယ်ကလေးငယ်

၂၆ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။

ကျောင်းမနေခင် ကလေးငယ်ဟာ သူတို့ခံစားရမှုတွေနဲ့ ပတ်သက်ပြီး ပြောပြဖို့ အခက်အခဲ ဖြစ်တဲ့အခါ၊ စိတ်တိုတဲ့အခါ၊ ကြောက်တဲ့အခါ ကိုက်တတ်တာကြောင့် သင်ခေါင်းခဲ နေပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကလေးငယ်ဟာ စားသောက်ခြင်း၊ လှမ်းယူခြင်း အစရှိတဲ့ အပြုအမူတွေအတွက် လက်တစ်ဖက်ကို အဓိက အသုံးပြုတာကို သင်သတိထားမိနိုင်ပါတယ်။ ဒီနှစ်မှာတော့ သူသန်တဲ့ လက်ကိုသာ အသုံးများတာမို့ သူဟာ ဘယ်သန်လား၊ ညာသန်လားဆိုတာ သိနိုင်ပါတယ်။

လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။

ကလေးငယ် ကိုက်ခြင်းဟာ နားလည်လို့ရပေမယ့် ဒါကို လက်ခံရမယ်လို့ မဆိုလိုပါဘူး။ ဒီအပြုအမူဟာ လက်ခံနိုင်ဖွယ်မရှိဘူးဆိုတာ သင့်ကလေးကို သိစေသင့်ပါတယ်။ ကလေးငယ်ကို တည်ငြိမ်စွာ ပြောပြပါ။ မကိုက်ရဘူး။ ကိုက်ခြင်းဟာ လူတွေကို နာကျင်စေတယ် အစရှိသည်ဖြင့် ပြောပြပါ။ အကိုက်ခံရတဲ့ ကလေးငယ်ကို ဂရုစိုက်ပါ။ ကိုက်ခြင်းကို ကိစ္စအကြီးကြီးလုပ်လိုက်မယ်ဆိုရင် သင့်ကလေးငယ်က နောက်တစ်ကြိမ် သင့်ဂရုစိုက်မှုကို ရဖို့ ထပ် ကိုက်နိုင်ပါတယ်။

ကလေးအထူးက အတော်များများက အသက် ၂နှစ်အရွယ်ဟာ သင်ကြားမှု အထောက်အကူ ပစ္စည်းတွေကို စတင်အသုံးပြုဖို့ အချိန်ရောက်ပြီလို့ ယူဆကြပါတယ်။ သင့်ကလေးဟာ အကျိုးအကြောင်းကို နားလည်နိုင်လောက်တဲ့ အသက်ရောက်လာပြီ ဖြစ်ပါတယ်။ အောင်မြင်တဲ့ time-out တစ်ခု ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

• သတိပေးခြင်း – သင့်ကလေးငယ်ကို သူ့ရဲ့ ဆိုးသွမ်းတဲ့ အပြုအမူကို ရပ်တန့်ဖို့၊ ဒါမှမဟုတ်ရင် တည်ငြိမ်ဖို့ အတွက် time-out လိုအပ်လိမ့်မယ်လို့ ပြောပါ။

• နေရာ – အထူး time-out နေရာ (သို့) သင့်ကလေးငယ်ကို သူရှိတဲ့နေရာမှာသာ ထိုင်ခိုင်းပါ။

• မှန်ကန်သော အပြစ်ပေးခြင်း – တည်ငြိမ်စွာနေပါ။ time-out အတွင်းမှာ ကလေးငယ်ကို lecture ရိုက်ခြင်း မပြုလုပ်သင့်ပါဘူး။

• မှန်ကန်တဲ့ အဓိက ထားမှုကို ပြပါ။ – သင်မကြိုက်တာဟာ သူပြုတဲ့ အပြုအမူကိုပါ။ သူ့ကိုမဟုတ်ပါဘူး။

• Timer – တစ်နှစ်မှာ တစ်မိနစ်ဟာ အပြစ်ပေးခြင်း ပုံမှန် ဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂ နှစ်အရွယ် ကလေးငယ်အတွက်တော့ စက္ကန့် ၃၀ဟာ လုံလောက်ပြီ ဖြစ်ပါတယ်။

• ပြန်လှည့်ခြင်း – ကလေးမှားတာတွေချည်းကိုပဲ ဆက်တိုက်ဖိမပြောသင့်ပါဘူး။ အချိန်ပြည့်ရင် သူပျော်ရွှင်စေမယ့် ဆော့ကစားမှုတွေကို ပြုလုပ်စေသင့်ပါတယ်။

ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

အသက် ၂ နှစ်နဲ့ ၃နှစ်ကြားမှာ သင့်ကလေးငယ်ဟာ စကားလုံးပေါင်း အလုံး ၃၀၀ အထိ ပြောနိုင်လာပြီး စကားလုံး ၉၀၀ လောက်ကို နားလည်လာမှာ ဖြစ်ပါတယ်။ ကလေးအကုန်လုံးကတော့ အသက်နှစ်နှစ်အရွယ်မှာ ပြတ်သားပြီး ပြည့်စုံတဲ့ စာကြောင်းတွေကို ပြောမှာ မဟုတ်သေးပါဘူး။ စကားပြောခြင်း နဲ့ ပတ်သက်တဲ့ သတိထားသင့်တဲ့ အချက်တွေကတော့

• စကား ရှားရှားပါးပါးသာ ပြောခြင်း

• အခြားသူတွေရဲ့ မိန့်ခွန်းတွေကို အတုမယူခြင်း

• Consonants တွေကို ကျော်သွားခြင်း

• အသက် ၃ နှစ်ပြည့်ချိန်မှာ စကားလုံး ၂ -၄ လုံးပါတဲ့ စာကြောင်းတွေကို အသုံးမပြုခြင်း

• မေးခွန်းမမေးခြင်း၊ နားလည်တဲ့ပုံစံ မရှိခြင်း

ဆရာဝန်ကို ဘာတွေ ပြောပြသင့်သလဲ။

အသက် ၂ နှစ်အရွယ်မှာ ကလေးငယ်ဟာ ကျွမ်းကျင်မှုအသစ်တွေကို စတင်လိုက်စားမှာကြောင့် ဆရာဝန်တွေက ကလေးငယ်အတွက် အရေးကြီးတဲ့ milestones တွေကို သိထားဖို့လိုအပ်ပါတယ်။ အသက် ၂နှစ်အရွယ်ကလေးငယ်ဟာ အောက်ပါ အရာတွေကို ပြုလုပ်နိုင်သင့်ပါတယ်။

• သင်ပြောတဲ့ အရာဝတ္ထုကို လက်ညှိုးညွှန်နိုင်ခြင်း

• ရင်းနှီးနေတဲ့ လူတွေ၊ အရာဝတ္ထုတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို မှတ်မိခြင်း

• စကားပိုင်းတွေ၊ ၂- ၄ လုံးပါတဲ့ စာကြောင်းတွေကို အသုံးပြုခြင်း

• ရိုးရှင်းတဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်း

• သူကြားတဲ့ စကားလုံးတွေကို လိုက်ရွတ်နိုင်ခြင်း

• စောင် နှစ်ခု၊ သုံးခု အောက်မှာ ဖွက်ထားတဲ့ အရာဝတ္ထုကို ရှာနိုင်ခြင်း

• အရောင် (သို့) ပုံစံတွေကိုလိုက်ပြီး အရာဝတ္ထုများကို ခွဲခြားနိုင်ခြင်း

• Make-believe ဆော့နိုင်ခြင်း

တကယ်လို့ သင့်ရဲ့ ကျောင်းမနေခင်ကလေးဟာ ဖွံ့ဖြိုးမှုနောက်ကျတယ်လို့ ထင်ရင် ဆရာဝန်ကို ပြသသင့်ပါတယ်။ ပြဿနာတစ်ခုကို ကျွမ်းကျင်သူတွေက အဖြေရှာပြီး သင့်ရဲ့ ပါဝင်မှုနဲ့ အတူ ဆရာဝန်တွေက ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို အချိန်မီ ဖေါ်ထုတ်ခြင်းဟာ အကောင်းဆုံ ဖြစ်ပါတယ်။

ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ။

ကလေးငယ်တွေ အတွက် စိတ်ချရတဲ့ ထိုင်ခုံတွေ လိုအပ်မှုကို စိတ်ပူကောင်းပူနိုင်ပါတယ်။ သင့်ကလေးကို ပေါင်ပေါ်မှာတင်ထားရင် safety seat ရဲ့ ဒုက္ခတွေ ယူစရာမလိုတော့တာမို့ ပိုသက်သာတာကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သေချာစွာ ပြန်စဉ်းစားသင့်ပါတယ်။

Saftety seats တွေဟာ တိုက်မိမှု ဖြစ်လာရင် သေဆုံးခြင်း၊ ပြင်းထန်ဒဏ်ရာရခြင်းတွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ မိဘတိုင်းဟာ ကလေးငယ်တွေအတွက် သက်တောင့်သက်သာ ရှိတဲ့ safety seats တွေကို အသုံးပြုသင့်ပြီး ဒါဟာ သင့်ကလေးကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Your 26-month-old: Biting strategies.http://www.babycenter.com/6_your-26-month-old-biting-strategies_10329634.bc. Accessed date. 02/06/2015.

Your 26-month-old: Developmental milestones.http://www.babycenter.com/6_your-26-month-old-developmental-milestones_10329760.bc.Accessed date. 02/06/2015.

Your 26-month-old: Leftie or rightie?http://www.babycenter.com/6_your-26-month-old-leftie-or-rightie_10329778.bc. Accessed date. 02/06/2015.

Your 26month-old: Language red flags.http://www.babycenter.com/6_your-26-month-old-language-red-flags_10329573.bc.Accessed date. 02/06/2015.

Car seat safety: The biggest mistakes parents make, and how to avoid them.http://www.babycenter.com/0_car-seat-safety-the-biggest-mistakes-parents-make-and-how-to_64875.bc.Accessed date. 02/06/2015.

26-Month-Old Child.http://www.whattoexpect.com/toddler/26-month-old.aspx.Accessed date. 02/06/2015.

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement