ကလေးထိန်းငှားခြင်းသည် ဈေးကြီးပါသည်။ တစ်ခါတစ်ရံ ကလေးထိန်း နေမကောင်းသောအခါ မိသားစုတစ်ခုလုံး၏ အချိန်ဇယားများ အခက်အခဲဖြစ်သည်။ ထို့အပြင် ကလေး ထိန်းသည် နေ့ပိုင်းစောင့်ရှောက်မှုစင်တာများ ကဲ့သို့ ကလေး များအား သင်ရိုးညွှန်းတမ်းဖြင့် သင်မပေးနိုင်ပါ။
နေ့ပိုင်းစောင့်ရှောက်မှုစင်တာ
နေ့ပိုင်းစောင့်ရှောက်မှုစင်တာ နှစ်မျိုးရှိသည်။ သီးခြား ရပ်တည်သောစင်တာနှင့် ထောက်ပံ့သူများက သူတို့အိမ်တွင် ဖွင့်ထားသော နေ့ပိုင်းစောင့်ရှောက်မှုအိမ် ဖြစ်သည်။ နှစ်မျိုး စလုံးတွင် လိုင်စင်ရှိရမည်။
နေ့ပိုင်းစောင့်ရှောက်မှုစင်တာကို ရွေးချယ်ရာတွင် မိဘ များသည် အောက်ပါတို့ကို ဆောင်ရွက်သင့်သည်။
- စင်တာအမျိုးမျိုးကို လှည့်ပတ်လေ့လာပါ။
- မေးစရာများကို စာရင်းပြုစုထားပါ။
- ဖွင့်သောနာရီများ၊ ဆရာနှင့် ကလေးအချိုး၊ အစာ စားချိန်၊ စားသောက်မှုပုံစံတို့အကြောင်း ရှာဖွေလေ့ လာထားပါ။
နေ့ပိုင်းစောင့်ရှောက်မှုစင်တာ၏ ကောင်းကျိုးများ
နေ့ပိုင်းစောင့်ရှောက်မှုစင်တာတွင်ထားပါက သင့်ကလေး အတွက် နေ့လည်စာပြင်ဆင်ပေးရန် မလိုအပ်ပါ။ သင့်ကလေး သည် လုံလောက်သော လူမှုဆက်ဆံရေးနှင့် ကောင်းမွန် သော လှုပ်ရှားမှု၊ အခြေအနေများကို ထိတွေ့ခွင့်ရှိမည်ဟု ယုံကြည်ပြီး သင် အနားယူနိုင်သည်။ ထို့အပြင် အရန် ဆရာ များလည်း ရှိသည်။ ထို့ကြောင့် သင့်ကလေး၏ အတန်းပိုင် ဆရာ နေမကောင်းလျှင်ပင် သင်အလုပ်အတွက် နောက်မကျ နိုင်ပါ။
နေ့ပိုင်းစောင့်ရှောက်မှုစင်တာ၏ ဆိုးကျိုးများ
သင့်ကလေးသည် အခြားကလေးများနှင့် ထိတွေ့မှုရှိ သောကြောင့် ကူးစက်သော ရောဂါများ ရနိုင်ချေ မြင့်ပါသည်။ သူငယ်ချင်းများထံမှ မကောင်းသော အပြုအမှုများလည်း ရနိုင်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။