၃။ ရှိတဲ့သူငယ်ချင်းတွေကလည်း အနိုင်ကျင့်တာမျိုး၊ အရမ်းစနောက်တာမျိုး။
၄။ သင်ပြတဲ့သင်ခန်းစာတွေကို လုံးဝနားမလည်တာမျိုး။
၅။ ဆရာ၊ ဆရာမ တစ်ယောက်ယောက်ကို အရမ်းကြောက်လန့်နေတာမျိုး စတဲ့အချက်မျိုးတွေရှိနေရင် မိဘတွေအနေနဲ့ အကောင်းဆုံးထပ်မံပြင်ဆင်ပေးဖို့လိုလာပါပြီ။
ဘယ်လိုပြင်ဆင်ပေးရမလဲ။
၁။ ကလေးပင်ပန်းတာသက်သာအောင် ကျောင်းသွားကျောင်းပြန်ကို အချိန်အတိုဆုံးနဲ့ ပင်ပန်းမှုအနည်းဆုံးဖြစ်မယ့်သွားလာခြင်းမျိုးစီစဉ်နိုင်အောင် ကြိုးစားပါ။
၂။ ကလေးကို တခြားကလေးတွေနဲ့မိတ်ဖွဲ့တတ်အောင်သင်ပေးပါ။ မိဘကိုယ်တိုင်လဲ တခြားအတန်းဖော်ကလေးငယ်တွေနဲ့ကိုယ့်ကလေးကိုမိတ်ဆက်ဆော့ကစားခိုင်းပါ။ စကားပြောခိုင်းပါ။
၃။ အနိုင်ကျင့်စနောက်တဲ့သူတွေရှိနေရင် အဲ့ဒီကလေးနဲ့ရောကလေးမိဘနဲ့ပါကောင်းကောင်းမွန်မွန် စကားခေါ်ပြောပါ။
၄။ နားမလည်တဲ့သင်ခန်းစာတွေကို ကိုယ်ကိုယ်တိုင်ပြန်လည်ရှင်းပြနိုင်ရင်ရှင်းပြပါ။ ဒါမှမဟုတ်လည်း နားမလည်တဲ့ဘာသာရပ်သင်ပြတဲ့ဆရာ၊ဆရာမကို လိုက်လံတွေ့ဆုံပြီး အနည်းငယ်ဂရုစိုက်ပေးဖို့ မေတ္တာရပ်ခံပါ။
၅။ ဆရာ၊ဆရာမတွေကိုကြောက်လန့်နေတာမျိုးမဖြစ်အောင်လည်း ဆရာ၊ဆရာမတွေကိုလိုက်လံတွေ့ဆုံပြီး ကလေးနဲ့စကားပြောစေပါ။
ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ကလေးရဲ့စိတ်မှာ မလိုလားအပ်တဲ့စိတ်ရှုပ်စိတ်ညစ်စိတ်အားငယ်စရာတွေ အတိုင်းအတာတစ်ခုအထိလျော့ကျသွားနိုင်သလို၊ စိတ်ထိခိုက်ဒဏ်ရာဖြစ်ရမယ့်အခြေအနေတွေလည်း လျော့ကျနိုင်တာအသေအချာပါပဲ။
ငယ်ရွယ်နုနယ်တဲ့အချိန်မှာ ကလေးလေးတွေအပေါ်သက်ရောက်တဲ့သက်ရောက်မှုတိုင်းဟာ ကလေးတွေရဲ့စိတ်ကို အလွယ်တကူရောင်ပြန်ဟပ်၊ ထိခိုက်လာနိုင်တဲ့အတွက် မိဘတွေအနေနဲ့ မိမိကလေးကိုအမြဲစောင့်ကြည့်နေပြီး ကလေးရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ကလည်း အဓိကကျပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။