backup og meta

သေဆုံးခြင်းအကြောင်း သင့်ကလေးများကို သင်ကြားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သေဆုံးခြင်းအကြောင်း သင့်ကလေးများကို သင်ကြားပါ

    အချို့ကလေးများသည် သူတို့ဘဝတွင် ပြင်းထန်သော စိတ်ခံစားမှုဆိုင်ရာ တုန်လှုပ်မှု ခံစားရနိုင်သည်။ ငယ်ရွယ် သော်လည်း ကလေးများသည် မိဘများ၏ မျက်နှာတွင် ဝမ်းနည်းခြင်းကို သတိထားနိုင်သည်။ တုန်လှုပ်ဖွယ် အဖြစ် အပျက်များ ဖြစ်ပွားပြီး သူတို့မှတ်ညဏ်တွင် အချိန်အလွန် ကြာစွာ အမာရွတ်စွဲထင်ခြင်း ရှိနိုင်သည်။

    မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးများ ဆုံးရှုံးခြင်း၊ အိမ်မွေး တိရစ္ဆာန် သို့မဟုတ် သူငယ်ချင်းကောင်း တစ်ယောက် သေဆုံးခြင်း သည် ကလေးများကို အလွန်စိတ်ထိခိုက်သော အခြေအနေသို့ ရောက်စေသည်။ ထို့ကြောင့် မိဘများသည် ကလေးများကို သေခြင်းအကြောင်း ပြောရာတွင် ဂရုတစိုက် သတိပြုရမည်။

    သင်သည် မိမိဘာသာ တည်ငြိမ်သော စိတ်အခြေအနေ ရအောင် ပြင်ဆင်ပါ။

    စတင်ရန်အတွက် သင်သည် တစ်စုံတစ်ယောက်၏ သေဆုံးခြင်းအပေါ် ဘယ်လိုခံစားသလဲဆိုတာ ရှင်းလင်း အောင်လုပ်ထားသင့်သည်။ သင့်ကလေးကို ပြောပြရန် စီစဉ် ပါက သင်သည် သင့်ကိုယ်သင် ဥပမာကောင်းတစ်ခုအဖြစ် ထားသင့်သည်။ သင်သည် စိတ်ခံစားမှုပိုင်းဆိုင်ရာ မတည်ငြိမ် ပါက သင့်စကားသည် အရာရောက်မည် မဟုတ်ပါ။

    သင့်ကလေးများကို ပြောရန် သင့်တော်သော အချိန်ကို ရှာပါ။

    သင့်ကလေးကို သင့်ကို နားထောင်နေပြီး ပြန်ဖြေရန် အဆင့်သင့်ဖြစ်နေစဉ်တွင် ပြောပါ။ သူတို့ခံစားမှုများကို သင် စိတ်ဝင်စားကြောင်း တိုက်ရိုက်ပြောပါ။ သင်သည် သူတို့ကို ဂရုစိုက်ကြောင်း၊ သူတို့နှင့်အတူ ဝမ်းနည်းကြောင်း ပြသပါ။

    သင့်ကလေး၏ အသက်အရွယ်အပေါ် မူတည်ပြီး သင့်တော် သော စကားကိုသုံးခြင်း

    ကလေးတိုင်းသည် သူတို့ခံစားမှုများကို စကားဖြင့် မဖော်ပြနိုင်ပါ။ သင့်ကလေးနှင့် ဘယ်လိုဆက်သွယ်မလဲကို သင်ကိုယ်တိုင် ဖော်ထုတ်ပါ။ ပုံဆွဲခြင်းဖြင့် ဖြစ်စေ၊ စကား သို့မဟုတ် ကစားခြင်းဖြင့် ဖြစ်စေ။ သင်သည် တစ်စုံတစ်ဦး ဘာကြောင့်သေဆုံးသည်ကို ရိုးရိုးသားသား ပြောသင့်သည်။ သင့်ကလေးများကို သူတို့ဘဝတွင် ဆက်လက်ရှင်သန်ပြီး ပျော်ရွှင်မှုကို မဆုံးရှုံးသင့်ကြောင်းလည်း ပြောသင့်သည်။

    သင့်ကလေး ဝမ်းနည်းရာတွင် ကျန်းမာရေးမထိခိုက်အောင် ကူညီခြင်း

    ကလေးတစ်ယောက်သည် ချစ်ခင်သောသူတစ်ယောက် ဆုံးပါးသွားပါက ဝမ်းနည်းနိုင်၊ ဒေါသထွက်နိုင်သည်။ မည်သည့် ခံစားချက်မှ ရင်ထဲတွင် သိမ်းမထားပါစေနှင့်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင် ဝမ်းနည်းပူဆွေးခြင်း ကို မျှတအောင် ထိန်းထားပါ။ မိဘများသည် ထိုသို့ မလုပ်ပေး ပါက ကလေးသည် စိတ်ဓါတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများကို လက်လျော့အရှုံးပေးသွားနိုင်သည်။

    ကြမ်းတမ်းသော စကားလုံးများ မသုံးပါနှင့်။

    ကလေးများသည် ထိခိုက်လွယ်သောအရွယ်တွင် ဖြစ်ပါ က သူတို့သည် အလိုမကျခြင်းများအတွက် ထွက်ပေါက်ရှာ ရန်ကြိုးစားလိမ့်မည်။ ထို့ကြောင့် သေဆုံးခြင်းကို ချမ်းသာရာ ရသော ထွက်ပေါက်အဖြစ် မသတ်မှတ်ပါနှင့်။ အဘယ် ကြောင့်ဆိုသော် ကလေးများသည် သေကြောင်းကြံစည်ခြင်း ကို ပျော်ရွှင်စရာ နည်းလမ်း အဖြစ် ထင်မှတ်သွားနိုင် သောကြောင့် ဖြစ်သည်။ သေဆုံးခြင်းသည် သေဆုံးခြင်းပင် ဖြစ်သည်။ အခြားနည်းလမ်းများဖြင့် မသတ်မှတ်ပါနှင့်။

    သေဆုံးခြင်းသည် တစ်ခါတစ်ရံ အချိန်မတိုင်ခင်ဖြစ်ပြီး မမျှော် လင့်ထားသော အကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း အထူးသဖြင့်ကလေးများတွင် ၎င်းသည် ဆန္ဒ အလျောက်ဖြစ်သော အရာတစ်ခု မဟုတ်သင့်ပါ။

    သေဆုံးခြင်းသည် ယာယီခေတ္တမဟုတ်ကြောင်း ရှင်းလင်းစွာ ပြောပြပါ။

    တစ်စုံတစ်ဦး သေဆုံးသွားပါက သူတို့ကို နောက်တစ်ဖန် ပြန်မတွေ့နိုင်တော့ပါ။ သေဆုံးခြင်းသည် ထာဝရဖြစ်ကြောင်း ကလေးများကို ပြောပြပါ။ တစ်စုံတစ်ဦး၏ ဘဝဆုံးသွားခြင်း သည် ပြင်ဆင်နိုင်သော အရာတစ်ခု မဟုတ်ပါ။ တစ်စုံတစ်ဦး သည် တစ်ခါသေသွားပါက သူသည် သူတို့ချစ်မြတ်နိုးသော သူများကို နောက်တစ်ဖန် ပြန်မတွေ့နိုင်တော့ပါ။ ထို့ကြောင့် ကလေးများသည် စိတ်ဖိစီးမှုများ ဘယ်လောက်ပင် ရှိနေကာ မူ သူတို့ဘဝကို တန်ဖိုးထားသင့်သည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement