ကလေးတွေကို တင်းတင်းကျပ်ကျပ် အုပ်ထိန်းမှုက ကလေးတွေရဲ့စိတ်အခြေအနေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 20, 2020 . 3 mins read
Share now

တစ်နေ့တစ်ခြား အပြိုင်အဆိုင်တွေများလာနေတဲ့ ခေတ်ကြီးထဲမှာ လူတန်းစေ့နိုင်ဖို့နဲ့ ကျောင်းကောင်းကောင်းမှာ တက်ရောက်နိုင်ဖို့၊ အလုပ်အကိုင်ကောင်းကောင်းရရှိစေဖို့၊ နေထိုင်စရာ တိုက်ခန်းတစ်ခန်းလောက်ပိုင်ဆိုင်နိုင်ဖို့ တော်တော့်ကို ကြိုးပမ်းနေရပါတယ်။ ဒီလိုခေတ်ကြီးထဲမှာ နေထိုင်ရတာက လွယ်တဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။ အခုလိုမျိုး အပြိုင်အဆိုင်များတဲ့အနေအထားက မိဘတွေကို သူတို့ရဲ့ ကလေးတွေကို အသေးစိတ်ကစလို့ အရာရာတိုင်းကို အပ်ကျမတ်ကျ အုပ်ထိန်းတာမျိုးတွေဖြစ်လာစေတာ သိပ်တော့ဆန်းကြယ်တာမျိုးမဟုတ်ပါဘူး။ မိဘတွေကတော့ သူတို့ကလေးတွေအကျိုးရှိဖို့ဆိုရင် ဘာမဆိုလုပ်ပေးမှာပဲဖြစ်ပါတယ်။

တစ်ဖက်ကပြောရရင်တော့ အတိမ်းအစောင်းမခံတဲ့ ကလေးအုပ်ထိန်းမှုပုံစံကို ကလေးတွေက မနှစ်သက်ပါဘူး။ ဒီလိုမျိုး လွန်လွန်ကဲကဲ ကြပ်ကြပ်မတ်မတ်စောင့်ကြည့်နေတာမျိုးက ကလေးကိုရှုံးနိမ့်တဲ့အခါ စိန်ခေါ်မှုတစ်ရပ်နဲ့ ကြုံတွေ့ရစေနိုင်သလို အောင်မြင်မှုရတဲ့ အခါမျိုးမှာလည်း ဝမ်းသာပီတိဖြစ်တာမျိုးကိုခံစားရစေနိုင်ပါတယ်။

မိဘရဲ့ ကြပ်မတ်စောင့်ရှောက်မှုက အရွယ်ရောက်လာတဲ့အခါ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဆိုပေမယ့်လည်း ကလေးတွေကို တအားတင်းတင်းကျပ်ကျပ်ကိုင်တွယ်တာမျိုးကတော့ မကောင်းပါဘူး။ လေ့လာမှုအသစ်တစ်ရပ်မှာ ကလေးတွေကို အရမ်းတင်းတင်းကျပ်ကျပ် အုပ်ထိန်းတာမျိုးက အချို့သောကလေးတွေမှာ စိတ်ဖိစီးမှုတွေဖြစ်စေနိုင်သလို ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ သိမြင်မှုစွမ်းရည်ပိုင်းတွေဖွံ့ဖြိုးမှုကို ရပ်တန့်သွားစေတာမျိုးတွေရှိလာနိုင်ပါတယ်။

“Child and Family Studies” ဂျာနယ်မှာရေးသားဖော်ပြခဲ့တဲ့၂၀၁၃ ခုနှစ်ကလေ့လာမှုတစ်ရပ်မှာ မိဘတွေရဲ့ တင်းကျပ်တဲ့ အုပ်ထိန်းမှုကိုခံနေကြရတဲ့ကောလိပ်ကျောင်းသားတွေမှာ စိတ်ဓာတ်ကျနိုင်တဲ့ အခြေအနေက အခြားသူတွေထက် သိသိသာသာမြင့်တက်နေပြီး မိမိဘဝကိုကျေနပ်အားရမှုလည်း သိပ်မရှိတာကိုတွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုအသစ်တစ်ရပ်မှာတော့ သုတေသီတွေက ကလေးတွေကို တင်းတင်းကျပ်ကျပ်အုပ်ချုပ်တာက ကလေးတွေကို အခြားကလေးတွေထက် စိတ်ဖိစီးမှုပိုတိုးစေပြီး စိတ်ဓာတ်ကျနိုင်ခြေလည်းပိုများစေတယ် လို့ဆိုပါတယ်။ တင်းကျပ်လွန်းစွာ အုပ်ချုပ်ခံရတဲ့ ကလေးတွေဟာ အခြားကလေးတွေထက် စိတ်ဓာတ်ကျနိုင်ခြေ ၅၅ ရာခိုင်နှုန်းပိုများနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။ အဆိုပါစိတ်ဓာတ်ကျမှုက ကလေးတွေကို သူ့ကိုယ်သူ အန္တရာယ်ဖြစ်အောင်လုပ်ဆောင်တာမျိုးအထိဖြစ်စေတာမျိုးဖြစ်နိုင်တယ်။ လို့ဆိုပါတယ်။

အတိမ်းအစောင်းမခံအုပ်ထိန်းမှုက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်ကို အန္တရာယ်ဖြစ်စေပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို လုံးဝအမှားမခံဘဲ အမြဲတစေထိန်းသိမ်းလမ်းညွှန်နေတာက ကလေးတွေကို သူတို့လေးတွေရဲ့ အမှားတွေထဲကနေ သင်ယူနိုင်ခွင့်ကို မရရှိစေတော့ဘဲ ကလေးတွေကို ရှုံးနိမ့်မှုဆိုတာကို မသိရှိစေတော့ဘဲ ရှုံးနိမ့်မှုတွေထဲကနေ ဘယ်လိုရုန်းထရမလဲဆိုတာကို မသိစေတာမျိုးဖြစ်ပေါ်စေပါတယ်။

ကလေးကို တစ်ချက်လေးတောင် အမှားမခံဘဲ အုပ်ထိန်းလမ်းညွှန်တာက ကလေးကို ပြီးပြည့်စုံတဲ့သူတစ်ဦးအနေနဲ့ အရွယ်ရောက်လာစေတယ်ဆိုပေမယ့် ကလေးက လုံးဝကို အမှားမခံနိုင်တဲ့ သူတစ်ဦးအဖြစ်နဲ့ ကြီးပြင်းလာပြီး ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမရှိတော့တာမျိုးအထိဖြစ်ပေးစေပါတယ်။

တစ်ဖက်ကလည်း မိဘတွေ မျှော်မှန်းထားတဲ့အတိုင်းပြည့်မီစေဖို့ မဖြစ်မနေလုပ်ဆောင်နေကြရပါတယ်။ ဒီလိုမျိုး မိဘတွေမျှော်လင့်ထားတဲ့အတိုင်း ပြည့်မြောက်အောင်လုပ်ဆောင်ပေးရမယ်ဆိုတဲ့ကိစ္စကလည်း ကလေးတွေကို စိတ်ပူပန်မှုကြောင့်ဖြစ်တဲ့ စိတ်မူမမှန်မှုတွေ၊ စိတ်ဓာတ်ကျတာတွေနဲ့ အခြားသောစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတွေ့ကြုံခံစားရစေပါတယ်။

မိဘတွေက တအားထိန်းချုပ်တဲ့အခါ ကလေးတွေမှာ ဘာထိခိုက်မှုတွေဖြစ်လာစေနိုင်သလဲ

ကလေးရဲ့ယုံကြည်မှုကိုပျောက်ဆုံးစေနိုင်ခြင်း

အလွန်အမင်း တင်းတင်းကျပ်ကျပ်အုပ်ထိန်းမှုက ကလေးကို အောင်မြင်မှုရစေတယ်လို့ သိထားကြတယ်ဆိုပေမယ့် ကလေးကို ဘဝရဲ့ အနိမ့် အမြင့်အတက်အကျတွေကို မသိစေဘဲ ကိုယ်စွမ်းကိုယ်စ လုံးဝမရှိတော့အောင် လုပ်ဆောင်လိုက်သလိုဖြစ်သွားပါတော့တယ်။ ကလေးကို ငယ်စဉ်ကစလို့ အရွယ်ရောက်လာတဲ့ အထိ အလုံးစုံကို မိဘတွေကပဲ လိုက်လုပ်ပေးလာတဲ့အခါ ကလေးဟာ သူ့ဘဝသက်တမ်းမှာတွေ့ကြုံလာရတဲ့ပြဿနာတွေကိုဖြေရှင်းတဲ့အခါ သင့်တော်တဲ့ဖြေရှင်းမှုတွေလုပ်ဆောင်နိုင်ဖို့ အရည်အသွေးမရှိတာမျိုးတွေ့ကြုံရနိုင်ပါတယ်။

ကလေးတွေကို အမှားတွေထဲကနေ သင်ခန်းစာယူပြီးပြင်ဆင်နိုင်အောင် လုပ်ဆောင်ခွင့်ပေးရင်း ကြီးပြင်းစေသင့်ပေမယ့် အတိမ်းအစောင်းမခံတဲ့ မိဘတွေကတော့ ကလေးကိုလုံးဝအမှားမခံဘဲ တအားကိုတင်းတင်းကျပ်ကျပ် အုပ်ထိန်းလိုက်တဲ့အခါ ကလေးကအမှားတွေထဲကနေ သင်ခန်းစာယူပြီး အမှန်ဘယ်လိုပြင်ရမလဲဆိုတာကို ဘယ်တော့မှ မသိတော့တာမျိုးဖြစ်သွားစေပါတယ်။

ကလေးမှာ သင့်တော်လုံလောက်တဲ့ အတွေ့အကြုံမရှိတဲ့အခါ သူ့ရဲ့စွမ်းရည်ကိုလည်း သူမသိတော့သလို ကိုယ်တိုင်ရွေးချယ်မှုလည်းမလုပ်ဆောင်နိုင်တော့တဲ့အပြင် မိမိကိုယ်မိမိယုံကြည်မှုလည်း ကျဆင်းတာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုမျိုးကလေးတွေမှာ လူမှုပတ်ဝန်းကျင်ကြောင့် စိုးရိမ်ပူပန်တာတွေ၊ ကိုယ့်စွမ်းဆောင်နိုင်ရည်အပေါ် ယုံကြည်မှုအားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို သတ်သေတာမျိုးအထိဖြစ်စေနိုင်ခြင်း

မချင့်မရဲဖြစ်ပြီး အထီးကျန်နေတဲ့ ကလေးတွေဟာ စိတ်ဓာတ်ကျမှုဒဏ်ဖိစီးတာကိုခံရပြီး တော်တော်များများက သူတို့အနေနဲ့ စိတ်ဓာတ်ကျတာကို မတွန်းလှန်နိုင်တော့ဘဲ မိမိအသက်ကို အဆုံးစီရင်လိုက်တာမျိုးအထိ ဖြစ်လာတာဖြစ်ပါတယ်။ မိဘက တစ်ချက်လေးတောင် အတိမ်းအစောင်းမခံတမ်း ထိန်းချုပ်တာကိုခံထားရတဲ့ကောလိပ်ကျောင်းသားတွေမှာ စိတ်ဓာတ်ကျတာနဲ့ မိမိဘဝကို ကျေနပ်မှုအားနည်းတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ကလေးကို ပြဿနာဖြေရှင်းနိုင်စွမ်း ကင်းမဲ့သွားစေခြင်း

ကလေးတွေကို အရမ်းတင်းတင်းကျပ်ကျပ်အုပ်ထိန်းတဲ့ မိဘတွေအနေနဲ့ သူတို့က ကလေးငယ်တွေကို အမြဲတမ်းရင်ခွင်ထဲပိုက်ပြီး မကာကွယ်ပေးနိုင်ဘူးဆိုတာကို မမေ့ပါနဲ့။ အမြဲစိုးရိမ်တကြီးနဲ့ စောင့်ကြပ်နေတဲ့ဖခင် မရှိတဲ့အခါ ကလေးက ကိုယ့်အား ကိုယ်မကိုးတတ်တော့သလို သူ့ရဲ့နေ့စဉ်တာဝန်တွေလုပ်ဆောင်ရာမှာလည်း မလုပ်ဆောင်နိုင်တာမျိုးတွေဖြစ်လာရပါတယ်။

ဒီလိုမျိုးကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ ပြဿနာတွေကို သူတို့ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလုံးဝမရှိတော့ပါဘူး။ မိဘတွေက တစ်ခုမကျန်လိုက်လုပ်ပေးတာကိုခံယူရင်း အရွယ်ရောက်လာတဲ့ကလေးငယ်တွေဟာ တကယ့်ကိုပဲ ပြဿနာဖြေရှင်းနိုင်စွမ်းကင်းမဲ့ပြီး လက်တွေ့ဘဝအနေအထားကို လည်းလက်ခံနိုင်စွမ်းလည်း နည်းပါတယ်။

လူမှုဆက်ဆံရေးညံ့ဖျင်းခြင်း

လိုလေသေးမရှိ မိဘကဖြည့်ဆည်းပေးမှုနဲ့ကြီးပြင်းလာတဲ့ ကလေးတွေက တစ်ကိုယ်ကောင်းဆန်သလို မရင့်လည်းမရင့်ကျက်ပါဘူး။ လက်တွေ့လည်းမကျသလို ကိုယ့်အမှားကိုကိုယ်တာဝန်ယူမှုလည်း ကင်းမဲ့လှပါတယ်။ သူတို့က သမာသမတ်ကျတယ်ဆိုတာနဲ့ အပေးအယူ မျှတတယ်ဆိုတဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကိုလည်းမသိကြပါဘူး။ ရလဒ်ကတော့ သူတို့ရဲ့ လူမှုဆက်ဆံရေးက ညံဖျင်းသွားတာပါပဲ။

သူတို့က ကိုယ်ချင်းစာတရားကင်းမဲ့တာကြောင့် သူတို့ဟာ အခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံလို့မရတာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ သူတို့တွေက သူတို့အကူအညီလိုတဲ့အခါ သူများအပေါ်မှာအာရုံစိုက်တတ်ပြီး သူတို့ဘက်က ကူညီပေးဖို့တော့နားမလည်တတ်ကြပါဘူး။နောက်ဆုံးဖြစ်ပေါ်လာတဲ့ ရလဒ်ကတော့ သူတို့မှာ သူငယ်ချင်းကောင်းဆိုတာမရှိတော့ဘဲ ဘဝကြီးကို အထီးကျန်ဆန်ဆန်ဖြတ်သန်းကြရတာပဲဖြစ်ပါတယ်။

မေမေဖေဖေတွေအနေနဲ့လည်း ဒီစာလေးကိုဖတ်မိပြီး မိမိချစ်တဲ့ သားသမီးတွေကို လူရည်ချွန်ရည်မွန်လေးတွေဖြစ်လာစေဖို့ တန်ဆေး လွန်ဘေးဆိုသလိုပဲ အတန်အသင့်လောက်ပဲ လမ်းမှန်အောင်တည့်မတ်ပေးရင်း မှန်ကန်တဲ့လမ်းညွှန်မှုနဲ့ ပျိုးထောင်စေနိုင်ကြပါစေကြောင်း။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ

ချစ်ခင်ကြင်နာစွာ ပွေ့ဖက် ပေးခြင်းက ချစ်ရတဲ့ ကလေးတွေ အတွက် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်ဆိုတာ ဖေဖေမေမေ တို့ သိထားသင့်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးငယ်ငယ် ဆံပင် ရိတ်ရမယ် ဆိုတဲ့ အယူအဆမှား

ဆံပင် ကလေးငယ် ဘေဘီလေး မွေးကင်းစ မွေးဆံပင် ဆံပင်ရိတ် ကတုံးရိတ် ဆံပင်သန် ဆံပင်အုံထူ ခေါင်းရိတ် ဆိုးကျိုး လေ့လာတွေ့ရှိချက် အအေးမိ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေး က ညဘက် ချောင်းထဆိုးနေသလား

ကလေး ကလေးကျန်းမာရေး ချောင်းဆိုး မိဘ ညအိပ်ချိန် ချွဲသလိပ် ရင်ကျပ် ကိုယ်ပူခြင်း အဖျားတက်ခြင်း နောက်ဆက်တွဲပြဿနာ အသက်ရှူလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေး ကလေးလေး ကလေးငယ် ကလေးကျန်းမာရေး နာမကျန်း ဖျားနာ အအေးမိ လက္ခဏာ မိဘများအတွက်လမ်းညွှန် အဖျားကျ မြန်မြန်သက်သာရေး ရာသီတုပ်ကွေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 31, 2020 . 3 mins read

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 29, 2020 . 4 mins read
ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2020 . 2 mins read

အချိုကြိုက်လွန်းတဲ့ကလေးနဲ့ မိဘတွေရဲ့ စိုးရိမ်လွန်ကဲမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 3 mins read