ကလေးများ ကိုယ်နေဟန်ထားမှန်ကန်ရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကိုယ်နေဟန်ထားမှန်ကန်ခြင်းဟာ ကိုယ်ခန္ဒါရဲ့ အစိတ်အပိုင်းတချို့ကို အလွန်အကျွံ အားစိုက်ရခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒီအားစိုက်မှုဟာ ကိုယ်ခန္ဓါအပေါ် သက်ရောက်မှု ရှိပါတယ်။ ကလေးများအတွက် ဘယ်လို ကိုယ်နေဟန်ထားတွေက ကောင်းသလားဆိုတာ တွေးတောဖူးပါသလား။

ကိုယ်နေဟန်ထား မကောင်းရတဲ့ အကြောင်းအရင်းများ

  • ကလေးများမှာဆိုရင်

– ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ

– အာဟာရဓါတ်မပြည့်ဝမှု

– စံမမီသော ဖွံ့ဖြိုးတိုးတက်မှု စတာတွေကြောင့် ဖြစ်ပါတယ်။

  • ကျောင်းနေ ဆယ်ကျော်သက်အရွယ်တွေဆိုရင်

– အဝလွန်ခြင်း

– အလှုပ်ရှားနည်းပြီး အထိုင်များသော လူနေမှုပုံစံ

– ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

– အတုခိုးမှားခြင်း။ ၃-၅နှစ်အရွယ် ကလေးများဟာ တခြားလူတွေရဲ့ ကိုယ်နေဟန်ထားကို အတုခိုးတတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ ဒါကြောင့် အတုခိုးမှားရင် ကိုယ်ဟန်နေထား မကောင်း ဖြစ်သွားတတ်ပါတယ်။

– ကျောင်းလွယ်အိတ်အလေးကြီးများ သယ်ရခြင်း။ ကလေးများအတွက် သင့်တော်တဲ့ ကျေင်းလွယ်အိတ် အလေးချိန်ကတော့ အဲဒီကလေး ကိုယ်အလေးချိန်ရဲ့ ၃၀% ပဲ ဖြစ်ပါတယ်။

သင့်ကလေး ကိုယ်နေဟန်ထား မကောင်းခြင်းကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးများကို သူတို့သဘာ၀ အနေအထားအတိုင်းပဲ ဖွံ့ဖြိုးလာပါစေ။

ကလေးများမှာ လည်ပင်းထိန်းနိုင်မှုနဲ့ နောက်ကျောသန်မာမှု တည်ဆောက်ဖို့ရာ အလွန်အရေးကြီးပါတယ်။ သူတို့ လေးဘက်တွားတဲ့အခါ သူတို့စိတ်ကြိုက် အရှိန်နဲ့ သွားပါစေ။ ခေါင်းကိုမတာ၊ လှိမ့်တာ၊ ထိုင်တာ စတာတွေလည်း အတူတူပါပဲ။ ဖွံ့ဖြိုးမှုတဆင့်နဲ့ တဆင့်ဟာ ဆက်နွယ်မှု ရှိပါတယ်။ ရှေ့ကဖွံ့ဖြိုးမှု အဆင့်ဟာ နောက်ကတဆင့်အတွက် အရေးပါပါတယ်။ တချို့အဆင့်တွေကို ကျော်လိုက်မယ် မြန်လိုက်မယ်ဆိုရင် တချို့ကြွက်သားတွေက အသင့်မဖြစ်ပါသေးပါဘူး။ ဒါဟာ ကိုယ်ဟန်နေထား မကောင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။

သင့်တော်သော ပစ္စည်းများကို သုံးစွဲပါစေ

အထူး ကျောင်းအကူပစ္စည်းများကို ရွေးချယ်ပါ။ ကိုယ်ဟန်နေထား မကောင်းခြင်းကို ကာကွယ်ပေးမယ့် ကျောပိုးအိတ်၊ ထိုင်ခုံ၊ စားပွဲ စတာတွေဟာ ဝယ်ယူရရှိနိုင်ပါတယ်။

ကိုယ်ဟန်နေထား ကောင်းမွန်စေခြင်း

၁။ သင့်တော်ကောင်းမွန်တဲ့ ကိုယ်ဟန်နေထားနဲ့နေပါ

ထိုင်တဲ့အခါ ကလေးတွေကို အောက်ပါအချက်တွေကို လိုက်နာခိုင်းပါ။

– ခါးအောက်ပိုင်းကို ထိုင်ခုံနောက်ကျောနဲ့ ကပ်ထိုင်ပါ

– ပခုံးများကို ထိုင်ခုံနောက်ကျောမှာ သက်သာစွာမှီထားပါ

– ခြေထောက်များကို ကြမ်းပြင်မှာ သေချာထိကပ်ထားပါ။

ရပ်နေတဲ့အခါ

– ရှေ့တည့်တည့်ကို ကြည့်နေပါ။

– ပခုံးများကို နားများနဲ့ မျဉ်းပြိုင်ထားပါ။

– ပခုံးကိုနောက်သို့ ဖျော့ချထားပြီး တင်ပါးဆုံရိုးကို နောက်သို့ အနည်းငယ် ပစ်ထားပါ။

၂။ တီဗီ၊ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာ စတာတွေ သုံးစွဲချိန်ကို ကန့်သတ်ထားပါ။

အဲဒီအရာတွေ တခါသုံးစွဲတိုင်းမှာ မိနစ်၂၀ထက်ပိုပြီး မသုံးပါစေနဲ့။

တီဗီ၊ ကွန်ပျူတာ မျက်နှာပြင်တွေကို ကြည့်သင့်တဲ့ ပမာဏကတော့ တနေ့လုံးမှာ ၂နာရီထက် မကျော်သင့်ပါဘူး။

၃။ သင့်ကလေးကို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခိုင်းပါ

လေ့ကျင့်ခန်းလုပ်ခြင်းဟာ နောက်ကျောနဲ့ ခါးရဲ့ ကြွက်သားတွေရဲ့ တင်းအားကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒိုက်ထိုးခြင်း၊ ဖျစ်ခြင်း၊ ဆွဲခြင်းစတဲ့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါ။

တခြားလေ့ကျင့်ခန်းတွေကတော့ ကြွက်သားတွေရဲ့ အား၊ ဟန်ချက်ညီမှု၊ ပျော့ပြောင်းမှု စတာတွေကို တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ဘောလုံး၊ ဘက်စကတ်ဘော၊ ဘေ့စ်ဘော စတဲ့ အားကစားနည်းတွေ အားပေးပါ။ ယောဂနဲ့ ထိုက်ချိကစားခြင်းဟာလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။

၄။ ကလေးများကို ကိုယ်ဟန်နေထားဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ၊ ကိုယ်ဟန်နေထား မကောင်းခြင်းရဲ့ အကျိုးဆက်တွေ ဘယ်လိုရှိတယ်ဆိုတာ နားလည်အောင်ပြောပြပါ။

၅။ မရှိမဖြစ်အရေးကြီးတဲ့ အာဟာရဓါတ်များပါဝင်တဲ့ စားသောက်မှုပုံစံကို ရွေးချယ်ပေးပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

မွေးကင်းစ ကလေး ကျန်းမာရေး မိဘ မိခင် အသက်ရှူ မွေးလမ်းကြောင်း ဦးရေပြား အသားဝါ သွေးအားနည်း လေထိုးလေအောင့် နို့အန် မိခင်နို့ အဖျားတက် အအေးမိတုပ်ကွေး သေးခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ်လို့ရလား

ကလေး ခေါင်းအုံး ကုတင် ပုခက် စောင် အသက် ရုတ်တရက်သေဆုံးခြင်း ကလေးအိပ်ကုတင် အရေပြား ချည်သား ခေါင်းအုံးအသား မျက်နှာ အသက်ရှူကျပ် ဓာတ်မတည့် မေမေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

ကလေး နေအိမ် အလုပ် လုပ်ငန်းခွင် စိတ်ဖိစီးမှု အလုပ်လုပ်ချင်စိတ် မိသားစု အလုပ်ချိန် ရုပ်ရှင် အနားယူ အလင်းရောင် အိပ်ခန်း ဆော့ကစား အိမ်အလုပ် ဝန်ထမ်း Covid-19

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လောက ပျော်ရွှင်မှုကို ရှာပုံတော်ဖွင့်ရာဝယ်…

ပျော်ရွှင်မှု ဘဝ နေထိုင်မှုပုံစံ စိတ်ချမ်းသာ စိတ်ပျော်ရွှင်မှု ပျော်စရာ မိသားစု အထီးကျန် နောင်တ လူ့ဘဝ စိတ်ဖိစီးမှု ဝမ်းနည်း ရယ်ပြုံး အနာဂတ် လူငယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read
ဘေဘီလေးနဲ့ နေကြာစေ့

ဘေဘီလေးနဲ့ နေကြာစေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read