backup og meta

မျှဝေပါ။

ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ကလေးကို ဘာကျွေးလို့ ကျွေးရမှန်း မသိဘူး။ အာဟာရလည်း ပြည့်၊ ကျန်းမာဖွံ့ဖြိုးဖို့လည်း အထောက်အကူ ပြုစေချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ကလေးကို ကျန်းမာ ဖွံ့ထွားစေဖို့ ဘာကျွေးမလဲ။

ကလေးကို အာဟာရလည်း ပြည့် ကျန်းမာစေဖို့ဆိုရင်

သစ်သီး 

ချိုပြီး အရည်ရွှမ်းတဲ့ သစ်သီးလေးတွေကို ကလေးတိုင်း ကနှစ်သက်​ကြပါတယ်။ ဒါကြောင့် ကလေးကို ဗီတာမင် နဲ့ အခြား အကျိုးပြု အာဟာရဓာတ်ပါနေတဲ့ သစ်သီးလေးတွေ ပြင်ဆင်ပေးစေချင်ပါတယ်။ သစ်သီးတွေမှာ ကိုယ်ခံအား ကောင်းစေတဲ့ ဗီတာမင် Cအမြင်အာရုံ ကျန်းမာစေတဲ့ ဗီတာမင် A နဲ့ အစာခြေစနစ် ကျန်းမာစေတဲ့ အမျှင်ဓာတ်တို့ ပါဝင်နေပါတယ်။

ဒါကြောင့် ကလေးကို ပန်းသီး၊ လိမ္မော်သီး၊ တရုတ်ဇီးသီး၊ ပန်းသစ်တော်သီး၊ ထောပတ်သီး စတာတွေကို ပြင်ဆင်ပေးပါ။

ဒိန်ချဉ်

ဒိန်ချဉ်က ကလေးတိုင်း သဘောကျတဲ့ စားစရာတစ်မျိုးပါ။ အရိုး နဲ့ သွားတွေကို သန်မာစေတဲ့ ကယ်လ်ဆီယမ်၊ အစာခြေစနစ်ကို အထောက်အကူပြုတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေ ပါဝင်နေပါတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးသလို အစာခြေစနစ် ကျန်းမာစေပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

အချိုပါဝင်မှု နည်းတာကို ရွေးပေးဖို့တော့ လိုပါမယ်။

ပေါင်မုန့်

ကလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိတဲ့ စားစရာတစ်မျိုးပါ။ ချိစ်နဲ့ စားတာဖြစ်ဖြစ်၊ မီးကင်ပြီး ဒီအတိုင်း စားတာဖြစ်ဖြစ်၊ နို့ထဲ စိမ်စားတာ ဖြစ်ဖြစ် အမျိုးမျိုး စားတတ်ကြပါတယ်။ ဒီ ပေါင်မုန့်လေးက ကလေး ကြီးထွားစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။

မနက်ခင်းစာ cereals

ကျွေးရတာ အဆင်ပြေသလို ကလေးတိုင်း ကြိုက်ပါတယ်။ အဆီ ပါဝင်မှုလည်း နည်းပြီး ကလေးကို နို့သောက်သုံးမှု တိုးစေမှာပါ။ ကလေးတွေ ကြီးထွားစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အသား

အသားက ကလေးကို သံဓာတ် အားဖြည့်ပေးပါတယ်။ ပရိုတင်း ပါဝင်နေမှုက ကိုယ်ခံအား ကောင်းစေပြီး အရိုး နဲ့ ကြွက်သားတွေကို သန်မာစေသလို ကလေးကြီးထွားစေဖို့လည်း အထိရောက်ဆုံး ကူညီပေးနိုင်မှာပါ။

အသားကို ကြိတ်ပြီး အပြားလိုက် ကြော်ပေးတာ၊ အသားလုံးကြော်ပေးတာ၊ အသားညှပ် ပေါင်မုန့် လုပ်ပေးတာမျိုး ပြင်ဆင်ပေးလို့ ရပါတယ်။

ခေါက်ဆွဲပြုတ်

ခေါက်ဆွဲပြုတ်ဆိုတဲ့ နေရာမှာ အသင့်စား ခေါက်ဆွဲပြုတ်တွေကို မဆိုလိုပါဘူး။ အိမ်မှာ သေချာပြုတ်ထားတဲ့ ကြက်ပြုတ်ရည် ဒါမှမဟုတ် အသားပြုတ်ရည်ထဲကို ကြက်ဥခေါက်ဆွဲ၊ ကြက်ဥ၊ အသီးအရွက်တို့ ထည့်ပြုတ်ထားတဲ့ ခေါက်ဆွဲပြုတ်ကို ဆိုလိုတာပါ။ ကလေးတွေ အကြိုက်တွေ့မှာ ဖြစ်သလို အာဟာရလည်း ပြည့်ဝစေမှာပါ။

ဥအမျိုးမျိုး

အိမ်တိုင်းရဲ့ ရေခဲသေတ္တာထဲမှာ အပြည့်အဝ နေရာယူထားတတ်တဲ့ ကြက်ဥလေးတွေကလည်း ကလေးကို အာဟာရဖြစ်စေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ဈေးမကြီးသလို အလွယ်တကူ ပြင်ဆင်ပေးလို့ ရပြီး ကလေးတိုင်း ကြိုက်တဲ့ စားစရာ တစ်မျိုးပါ။

ပဲ အမျိုးမျိုး

ကလေးတွေကို ပြင်ဆင်ပေးသင့်တဲ့ အစားအစာ တစ်မျိုးပါ။ အမျှင်ဓာတ် ကြွယ်ဝသလို ပရိုတင်းလည်း ပါဝင်မှု များပါတယ်။ အသားမကြိုက်တဲ့ ကလေးတွေကို ပရိုတင်း ရစေမယ့် စားစရာ တစ်မျိုးပါ။ ကလေးကို ပဲဟင်းချိုလေး ချက်ပေးတာ၊ ပဲပြုတ်လေးကို ဆီ၊ဆားနဲ့ နယ်ပေးတာတွေ လုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

100 HEALTHY FOODS FOR TODDLERS https://www.yummytoddlerfood.com/advice/picky-eating/100-foods-for-toddlers/ Accessed Date 30 June 2020

ယခုပုံစံ

21/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement