backup og meta

ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ

    မွေးလာတုန်းက ဘေဘီလေးကို မေမေ့နို့ပဲတိုက်တာဆိုတော့ မေမေကအစားဆင်ခြင်ရင် အဆင်ပြေပြီပေါ့။ သိပ်အများကြီးတွေးစရာမလိုဘူးပေါ့။ ဒီလိုနဲ့ ဘေဘီလေးက ၅ လကျော် ၆ လထဲရောက်လာတယ်။ အစားစကျွေးပြီး ထမင်းကိုကြိတ်ကျွေးတာ၊ အာဟာရမှုန့်ကျွေးတာဆိုပြီး အမျိုးမျိုးရှိမယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အသီးအရွက်လေးတွေနည်းနည်းချင်းစီထည့်ကျွေးလာမယ်။ ဒီလိုကနေ နောက်တော့ သစ်သီးလေးတွေကျွေးဖို့ စဉ်းစားလာမယ်။ ဒီအချိန်မှာက နည်းနည်းတော့အတွေးကြပ်ပြီနော်။ ဘေဘီလေးက လူကြီးတွေစားသမျှ စားလို့မှမရသေးတာလေ။ ဒီတော့ ဘေဘီလေးကို အသီးအနှံတွေကျွေးချင်တယ်။ ဘာတွေများကျွေးလို့ရမလဲဆိုပြီး မေမေတို့ အတွေးရကြပ်နေတဲ့ပြဿနာကို ဒီဆောင်းပါးလေးထဲကနေ အဖြေထုတ်ပေးမယ်နော်။

    ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ……

    ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ…… ဘေဘီလေးကို အာဟာရပြည့်ဝမျှတစွာရရှိစေဖို့ဆိုရင်

    • မုန်လာဥနီ – အပင်ကနေရရှိတဲ့ ဗီတာမင် A တစ်မျိုးဖြစ်တဲ့ beta-carotene ကြွယ်ဝစွာပါဝင်နေပါတယ်။ သဘာဝအချိုကိုလည်းရရှိစေမှာဖြစ်သလို ဘေဘီလေး အမြင်အာရုံဖွံ့ဖြိုးစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
    • ကန်စွန်းဥ – ကန်စွန်းဥက ချိုချိုလေးနဲ့ အရောင်အသွေးလှလို့ ဘေဘီတော်တော်များများ မငြင်းနိုင်တဲ့ အစားအစာလေးတစ်ခုဆိုလည်း မမှားပါဘူး။ ကန်စွန်းဥမှာ ပိုတက်ဆီယမ်၊ ဗီတာမင် C၊ အမျှင်ဓာတ်နဲ့ beta-carotene တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အမြင်အာရုံရော အသားအရေကိုပါကျန်းမာစေနိုင်သလို အစာခြေစနစ်အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်စွမ်းလည်းရှိပြီး ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
    • ပန်းဂေါ်ဖီစိမ်း – ဘေဘီလေးတွေအတွက် မပါမဖြစ်အသီးအနှံတွေထဲကတစ်ခုပါ။ အကြောင်းကတော့ ပန်းဂေါ်ဖီစိမ်းမှာ ဘေဘီလေးတွေ ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင် C၊ beta-carotene၊ ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ပိုတက်ဆီယမ် တို့ကြွယ်ဝစွာပါဝင်နေတာကြောင့်ပါ။
    • အာလူး – အာလူးမှာ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်နေပြီး ဘေဘီလေးကို အာဟာရပြည့်ဝစေသလို ကျန်းမာရေးကောင်းစေမှာ အသေအချာပါ။
    • အခုပြောခဲ့တဲ့ အသီးအနှံလေးတွေကို နူးအိနေအောင်ပြုတ်လို့ ကြိတ်ခြေပြီး ဘေဘီလေးတို့ကိုကျွေးပေးလို့ရပါတယ်။
    • ဘေဘီလေးအတွက် အသင့်တော်ဆုံး သစ်သီးတွေကရော ဘာတွေများလဲ……
    • ဘေဘီလေးက ၆ လကျော်လာပြီဆိုရင် အစားစစားပြီဖြစ်လို့ ထမင်းအပြင် သစ်သီးလေးတွေပါကျွေးချင်တယ်ဆိုရင် ဒီအသီးလေးတွေက အဆင်ပြေမှာပါ။
    • ပန်းသီး – အစာကြေဖို့လွယ်ကူပြီး ဘေဘီလေးအစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားတွေတိုးပွားစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ပန်းသီးမှာပါတဲ့  အမျှင်ဓာတ်က ဘေဘီကို ဝမ်းချုပ်မှုမရှိအောင်လည်း ကာကွယ်ပေးပါတယ်။
    • ငှက်ပျောသီး – ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရကိုထောက်ပံ့ပေးသလို ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ဝမ်းချုပ်တာလိုမျိုး ဝမ်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုကင်းစေနိုင်ပါတယ်။
    • သင်္ဘောသီး – ဗီတာမင် C၊ beta-carotene နဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ သင်္ဘောသီးမှာပါတဲ့  အင်ဇိုင်းက အစာကြေစေနိုင်ပြီး ဘေဘီလေးဝမ်းမှန်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
    • ပန်းသစ်တော်သီးအမျှင်ဓာတ်၊ ဗီတာမင် C နဲ့ ရေဓာတ်တို့ကြွယ်ဝစွာပါဝင်နေမှုက ဘေဘီလေးကို ကိုယ်ခံအားကောင်းစေပြီး ဝမ်းမှန်စေနိုင်မှာပါ။
    • တရုတ်ဇီးသီးတရုတ်ဇီးသီးမှာ သံဓာတ်၊ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ beta-carotene တို့ကြွယ်ဝစွာပါဝင်နေမှုက ဘေဘီလေးတို့အတွက် သင့်တော်တဲ့ သစ်သီးတစ်မျိုးဖြစ်ရတဲ့ အကြောင်းအရင်းပေါ့။
    • သခွားမွှေး – သခွားမွှေးမှာ အမျှင်ဓာတ်နဲ့ beta-carotene တို့ပါဝင်နေသလို သံဓာတ်နဲ့ ပိုတက်ဆီယမ်တို့လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ သွေးအားနည်းရောဂါ မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ဘေဘီလေးအစာခြေစနစ်ကိုလည်း ကျန်းမာနေစေမှာပါ။
    • ဘလူးဘယ်ရီ – ဗီတာမင် C နဲ့ beta-carotene တို့ပါဝင်နေသလို ဓာတ်တ်ုးဆန့်ကျင်အာနိသင်လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်သလို ဘေဘီလေး ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
    • မက်မွန်သီးမက်မွန်သီးမှည့်မှည့်လေးက အစာကြေလွယ်သလို ဘေဘီလေးအတွက်လိုအပ်တဲ့ ဗီတာမင် C ကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ဘာတွေကျွေးလို့ရသေးလဲ……..

    အခုပြောခဲ့တာတွေအပြင် ဘေဘီလေး ၆ လကျော်လာပြီဆိုရင် ထမင်း၊ ဂျုံ၊ အုတ်ဂျုံတို့ကျွေးလို့ရပါတယ်။ နွားနို့၊ ဆိတ်နို့တို့တိုက်ပေးလို့ရပါတယ်။ အရေခွံမပါတဲ့ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ မာကျူရီမပါတဲ့ ငါး၊တို့ကိုကျွေးလို့ရပါတယ်။

    ဒီလိုကနေ ဘေဘီလေးက ၉ လလောက်ရောက်လာပြီဆိုရ်ငတော့ ကြက်ဥပြုတ်၊ ဒိန်ချဉ်တို့စကျွေးလို့ရပါပြီနော်။  ပေါင်မုန့်၊ကိတ်မုန့်၊ ပူတင်းတို့ကို မိတ်ဆက်ပေးလို့လည်းရပါပြီ။ ဒါတွေနဲ့အတူ မိခင်နို့ကိုလည်း ၂ နှစ်ပြည့်တဲ့အထိဆက်တိုက်ပေးဖို့လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement