backup og meta

ကလေးကိုကျွေးတဲ့ အစာအာဟာရထဲမှာ ဒါတွေမဖြစ်မနေပါသင့်ပါတယ်


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကိုကျွေးတဲ့ အစာအာဟာရထဲမှာ ဒါတွေမဖြစ်မနေပါသင့်ပါတယ်

    ကလေးတစ်ယောက်ကျန်းမာဖို့ တာဝန်အရှိဆုံးသူက ဘယ်သူများဖြစ်မလဲ။မေမေလေ။ ဒါကကျွန်မတို့လူမှုပတ်ဝန်းကျင်မှာ အများဆုံးကြားရတဲ့ စကားတစ်ခွန်းနော်။ ကလေးကကောင်းတာလုပ်ရင်သာ မေမေတော်လို့လို့မပြောတာ၊ တစ်ခုခုအဆိုးဘက်ရောက်မယ်၊ပြုစုထိန်းသိမ်းရမယ်ဆိုတဲ့အချိန်မျိုးမှာ အများဆုံးပြောတတ်ကြတာက ဒါက အမေလုပ်သူကသေချာမကိုင်တွယ်မစီမံတတ်လို့ဆိုတာချည်းပါပဲ။ ဒီတော့ ကလေးဖွံ့ဖြိုးမှုနှေးတာကိုယ်ကြောင့်လို့အပြော မခံရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ သားရှင်မိတို့ရေ။

    ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန် နဲ့ ကြီးထွားဖွံ့ဖြိုးမှု

    ကလေးတစ်ယောက်က အသက် ၆ လကနေ ၁ နှစ်အတွင်းမှာ တစ်ပတ်ကို ၂အောင်စကနေ ၄အောင်စအထိတိုးလာရပါမယ်။ မိခင်နို့နိုင်လို့ မိခင်နို့တစ်မျိုးတည်းသောက်ခွင့်ရတဲ့ ကလေးတွေကမွေးပြီးစအချိန်မှာ နို့မှုန့်သောက်ရတဲ့ ကလေးတွေထက်ပိုပြီး ကိုယ်အလေးချိန်တိုးတာမြန်ပါတယ်။ ဒါပေမယ့် အသက် ၆ လနောက်ပိုင်းမှာတော့ နို့မှုန့်သောက်တဲ့ကလေးတွေက အထွားပိုမြန်လာကြပါတယ်။ ကလေးဟာထွားတာမြန်မြန်၊နှေးနှေး ကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသက်တစ်နှစ်ပြည့်ချိန်မှာ ကိုယ်အလေးချိန်ကမွေးစအလေးချိန်ရဲ့ ၃ ဆဖြစ်ဖို့လိုပါမယ်။ တကယ်လို့ ကလေးက ကိုယ်အလေးချိန်ရှိသင့်တာလောက်ဖြစ်မလာရင်တော့ ကလေးဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။

    ကလေးကြီးထွားဖို့အတွက် မပါမဖြစ်ပါသင့်တဲ့ အာဟာရဓါတ်တွေ

    ကလေးကြီးထွားဖို့အတွက်ကနေ့စဉ်ကျွေးမွေးတဲ့အစားအသောက်ထဲမှာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေဖို့လိုပါမယ်။ ကလေးကိုကျွေးတဲ့အခါ အခုပြောပြမယ့် အာဟာရတွေပြည့်စုံအောင်ပြင်ဆင်ပေးဖို့ အကြံပေးပါရစေ။ ကလေးအသက်အရွယ်အလိုက် လိုအပ်တဲ့အာဟာရတွေပြည့်စုံအောင်ကျွေးမွေးနိုင်မှာ ကလေးရဲ့ ဦးနှောက်အမြင်အာရုံ၊ စကားပြောဆိုမှုစွမ်းရည် နဲ့ လှုပ်ရှားမှုစွမ်းရည်တွေကို တိုးတက်ဖွံ့ဖြိုးစေမှာပါ။ ဒီတော့ ကလေးကို သူများနည်းတူကြီးထွားဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်ဖြစ်အောင်ဘာတွေများကျွေးရမလဲ။

    သံဓါတ် -သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့နဲ့ အဆုတ်ဆီအောက်ဆီဂျင်ရောက်ရှိအောင်လုပ်ဆောင်ပေးတဲ့ ဓါတ်တစ်မျိုးပါ။ သံဓါတ်ချို့တဲ့မှုကသွေးအာနည်းရောဂါကိုဖြစ်စေနိုင်ပြီး အခုနောက်ပိုင်းမှာ သံဓါတ်ချို့တဲ့မှုခံစားရတာကတော်တော်လေးများလာပါတယ်။ ဒါကြောင့် ကလေးအတွက် အာဟာရပြင်ဆင်ပေးတဲ့အခါ သံဓါတ်ပြည့်ဝစေဖို့ပြင်ဆင်ပေးပါ။ အစိမ်းရင့်ရောင်အရွက်တွေ၊ပဲအမျိုးမျိုး၊ ပဲပြား၊ သံဓါတ်ဖြည့်စွက်ထားတဲ့ Cereals တို့ကျွေးမွေးပေးပါ။

    ဇင့်ဓါတ်ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့၊ ကိုယ်ခံအားကောင်းမွန်စေဖို့၊ဇီဝတွင်းဖြစ်စဉ်တွေ တိုးတက်ကောင်းမွန်စေဖို့၊ အနာကျက်စေဖို့သွေးခဲစေဖို့ နဲ့ သိုင်းရွိုက်ဟော်မုန်းလုပ်ဆောင်ချက်တွေကောင်းမွန်စေဖို့ထောက်ပံ့ပေးတဲ့ဓါတ်တစ်မျိုးပါ။ အမဲသား၊ကြက်ဆင်သား၊ ဖရုံစေ့၊နှမ်း၊ ကညွတ် နဲ့ ဒိန်ချဉ်လိုမျိုး အစားအသောက်တွေက ဇင့်ဓါတ်ပြည့်ဝစွာပါဝင်နေပါတယ်။

    ဗီတာမင် C ဖျားနာမှုကင်းပြီး အနာကျက်စေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေတဲ့ ဓါတ်တစ်မျိုးပေါ့။ သံဓါတ်စုပ်ယူမှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ စတော်ဘယ်ရီ၊ သခွားမွှေး၊သင်္ဘောသီး၊ကီဝီ၊ သရက်သီး၊ငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်းတို့ က ဗီတာမင် C တို့ပါဝင်ပါတယ်။

    ဗီတာမင် Aကိုယ်ခံအားကောင်းစေတယ်။ မျက်လုံး၊သွား၊အရိုးတွေကို သန်မာစေတယ်။ အဆုတ်နဲ့ အူမကြီးကိုကျန်းမာစေတယ်။ အစာခြေစနစ်ကို ကျန်းမာစေတာကြောင့် ကလေးကို ကူးစက်ရောဂါတွေကနေကာကွယ်ပေးပြီး ကျန်းမာသန်စွမ်းစေပါတယ်။ ကလေးကို ကျန်းကျန်းမာမာကြီးထွားစေဖို့မေ့ထားလို့ မဖြစ်ပါဘူးနော်။ ကန်စွန်းဥ၊ မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊နို့၊ ငါး နဲ့အမဲသားလိုမျိုး အစားအသောက်တွေမှာ ကြွယ်ဝစွာပါဝင်နေပါတယ်။

    ဗီတာမင် D – အရိုးတွေသန်မာစေပြီး ခန္ဓါကိုယ်ရဲ့ လုပ်ဆောင်မှုတွေကိုကောင်းမွန်စေနိုင်ပါတယ်။ ကလေးကို ကျန်းမာသန်စွမ်းဖို့ အထောက်အကူပြုပေးတဲ့ ဓါတ်တစ်မျိုးပေါ့။နေရောင်ခြည်းကနေအဓိကရရှိပါတယ်။ ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာ၊ ဒိန်ချဉ်လိုမျိုးအစားအစာတွေမှာ ပါဝင်နေပါတယ်နော်။

    Omega-3ကလေးကြီးထွားဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးပေါ့။ ဦးနှောက်၊ အမြင်အာရုံ နဲ့ သင်ယူမှုစွမ်းရည်ကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ ပင်လယ်ငါးတွေ၊ရေညှိ၊ အခွံမာအသီးနဲ့ အစေ့အဆန်တွေကနေရရှိနိုင်ပါတယ်။

    lcFosအကျိုးပြုဘက်တီးရီးယားအာဟာရတစ်မျိုးပေါ့။ အစာခြေစနစ်ကျန်းမာဖို့ အထောက်အပံ့ပေးနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေကို အာဟာရဖြည့်တင်းပေးတာပါ။ အစာခြေစနစ်ကျန်းမာပြီး ကလေးကြီးထွာဖွံဖြိုးဖို့ အထောက်အပံ့ဖပးပါတယ်။

    Probiotics (အကျိုးပြုဘက်တီးရီးယား) –ကလေးရဲ့အစာခြေစနစ်အတွက် အထောက်အကူပြုပေးတဲ့ဒြပ်ပေါင်းတစ်ခုပါ။ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အစာခြေစန်စကျန်းမာဖို့ကတော်တော်လေးအရေးပါတာပါ။ ဒါကြောင့် အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics)လေးတွေကိုမေ့မထားပါနဲ့။ ဒီဓါတ်က ကလေးကို ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင်ကာကွယ်ပေးပါတယ်။

    DHAဗိုက်ထဲမှာနေကတည်း မဖြစ်မနေရထားသင့်တဲ့ ဓါတ်တစ်ခုပါ။ ကလေးရဲ့ ဦးနှောက်၊အမြင်အာရုံနဲ့ အာရုံကြောစနစ်တွေ ဖွံဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကလေးဟာ ကိုယ်ဝန်ဆောင်ကာလနောက်ဆုံး ၃ လမှာ ဦးနှောက် ၂၆၀ ရာခိုင်နှုန်းအထိဖွံ့ဖြိုးတာဖြစ်ပြီး အသက် ၁ နှစ်တာအတွင်းမှာ ဦးနှောက် ၁၇၅ ရာခိုင်နှုန်းအထိထပ်ဖွံ့ဖြိုးပါတယ်။ ၂ နှစ်အရွယ်မှာတော့နောက်ထပ် ၂၁ ရာခိုင်နှုန်းဖွံ့ဖြိုးတာပါ။ ဒီလိုကြီးထွားဖွံ့ဖြိုးမှုတွေ အဆင်ပြေပြေဖြစ်နေစေဖို့က ကလေးအနေနဲ့ လိုအပ်တဲ့ DHA ပမာဏပြည့်ဝစွာရရှိဖို့လိုမှာပါ။

    ကလေးကို အစားအသောက်ပြင်ဆင်ပေးမယ့်မေမေတို့အနေနဲ့ ကလေးကို လိုအပ်တဲ့အာဟာရတွေသင့်တင့်မျှတစွာပါဝင်အောင်ရွေးချယ်ပြင်ဆင်ပေးဖို့ကလည်းမေ့ထားလို့မဖြစ်တဲ့ တာဝန်ပါ။ ကလေးအတွက် နို့မှုန့်ရွေးရင်ဖြစ်ဖြစ်၊ဖြည့်စွက်အာဟာရရွေးရင်ဖြစ်ဖြစ် အခုပြောခဲ့တဲ့ ဓါတ်တွေပါဝင်နေတာမျိုးကို သတိထားရွေးဝယ်ပါ။နောက်တစ်ခုကရွေးချယ်လိုက်တဲ့အရာကဘေးကင်းစိတ်ချရဖို့ကိုလည်း သတိထားဖို့လိုပါမယ်။ ဒါကြောင့်မေမေကြောင့် ကလေးညှက်တာလို့ပြောမခံရစေဖို့ ကလေးစားသောက်မယ့် အစာအာဟာရထဲမှာ DHA၊ Omega -3၊lcFos၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတာမျိုးကို သတိထားရွေးချယ်ပေးပါနော်။

    ကျန်းမာသန်စွမ်းပြီးပျော်ရွှင်တဲ့ ကလေးတွေကို ပျိုးထောင်နိုင်ပါစေမေမေတို့ရေ……

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement