ကလေးတွေကို ကြော်လှော်ချက်ပြုတ်ကျွေးချင်တဲ့အခါ ထောပတ်ကို သုံးလို့ရသလို ထောပတ်အစား canola ဆီကို အသုံးပြုပေးလို့ ရပါတယ်။ canola ဆီက အစားအစာတွေကို အရသာကောင်းစေသလို ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးတဲ့ omega-3-fatty acids ပါဝင်နေပါတယ်။
သံလွင်ဆီ
သံလွင်ဆီမှာ နှလုံး ကျန်းမာစေတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကလေးကို သံလွင်ဆီလေးနဲ့ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း စတာတွေကို သုပ်ကျွေးတာက အဆင်ပြေမှာပါ။ သံလွင်ဆီက ကလေးတွေရဲ့ လျှာထဲမှာ နည်းနည်းတော့ အရသာ ပြင်းနိုင်ပါတယ်။
နှမ်းဆီ
အာရှဒေသ တော်တော်များများမှာ အသုံးများကြပါတယ်။ ဟင်းချက်တဲ့အခါမှာသုံးသလို ဆေးဖက်ဝင်တယ်ဆိုပြီး လိမ်းကျံ အသုံးပြုကြတာမျိုးလည်း ရှိပါတယ်။ အရသာက နည်းနည်း ခါးသက်သက်လေးဆိုပေမယ့် ကလေးတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ omega fatty acids ပါဝင်နေပါတယ်။ ကလေးကို အရိုးတွေ သန်မာစေပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။
နေကြာဆီ
နေကြာစေ့ကနေ ထုတ်ထားတဲ့ နေကြာဆီက ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပါတယ်။ နေကြာဆီက ကလေးတွေကို နှလုံး ကျန်းမာစေနိုင်သလို ဦးနှောက်ဖွံ့ဖြိုးစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
ပဲဆီ
ပဲဆီက ကလေးတိုင်းနဲ့ မတည့်ပါဘူး။ တကယ်လို့ ကလေးက မြေပဲနဲ့ ဓာတ်မတည့်ဘူးဆိုရင်တော့ မြေပဲဆီ မကျွေးတာက အဆင်အပြေဆုံး ဖြစ်မှာပါ။ ပဲဆီက ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
အုန်းဆီ
အုန်းဆီမှာ lauric acid ပါဝင်တာကြောင့် ရောဂါပိုးတွေ ကူးစက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေးတွေရဲ့ အရေပြားကို အာဟာရဖြည့်ပေးပြီး သွားပေါက်ချိန်မှာ သွားဖုံးနာတာကို သက်သာစေနိုင်ပါတယ်။ အရေပြားက နေလောင်ကွက် သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။ အုန်းဆီက ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ အုန်းဆီက ကလေးတွေအတွက် အကျိုးများတာ မှန်ပေမယ့် မကျွေးခင်မှာ ဓာတ်တည့်ရဲ့လား ဆိုတာကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
နှမ်းကြတ်စေ့ဆီ
နှမ်းကြတ်စေ့ဆီက ကလေးအတွက် သင့်တော်တယ်ဆိုပေမယ့် အသက် ၃ နှစ်ပြည့်မှ ကျွေးသင့်ပါတယ်။ နှမ်းကြတ်စေ့ဆီက အများကြီး သုံးဖို့ မလိုပါဘူး။ အကြောင်းကတော့ ကလေးက နှမ်းကြတ်စေ့ဆီမှာပါတဲ့ အာဟာရဓာတ်ကို Omega-3 fatty acid အဖြစ် ပြောင်းလဲပေးနိုင်တဲ့ အင်ဇိုင်း လုံလောက်အောင် မထုတ်ပေးနိုင်ပါဘူး။
ဟင်းရွက်ဆီ
အဆီဓာတ် ပါဝင်မှုနည်းတာကြောင့် လူကြီးတွေအတွက် သင့်တော်တယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရ ပြည့်ဝဖို့လိုနေတဲ့ ကလေးတွေအတွက်ကတော့ သင့်တော်လှတယ် မဟုတ်ပါဘူး။ ဒီလိုပြောရတာက ဟင်းရွက်ဆီက Omega-3 fatty acid ပါဝင်မှု နည်းတာကြောင့်ပါ။ ကလေးကို ပဲပိစပ်ဆီ၊ ဟင်းရွက်ဆီ စတာတွေကို မကျွေးတာက အဆင်အပြေဆုံးပါ။
အဆီက ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့ လိုတယ်ဆိုပေမယ့် တစ်နေ့တာလိုအပ်တဲ့ ပမာဏထက် ပိုမကျွေးဖို့ သတိထားရမှာပါ။ ဒါ့ပြင် တိရစ္ဆာန်တွေကရတဲ့ ပြည့်ဝဆီတွေကိုလည်း ရှောင်ဖို့ လိုပါတယ်။ ကဲ….. အိမ်က အိန်ဂျယ်လ်လေးနဲ့ သင့်တော်မယ့် ဆီအမျိုးအစားကို ကိုယ်တိုင်ရွေးချယ်လိုက်ပါ မေမေတို့ရေ…………….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။