(၃) အရည်အသွေးဆန်းစစ်ချက်နဲ့ စမ်းသပ်မှုလုပ်ငန်းစဉ်ကို လေ့လာပါ
ကုန်ပစ္စည်းတစ်ခုဟာ ကလေးတွေအတွက်သုံးရင်ဘေးကင်းစိတ်ချရမှုအာမခံနိုင်ဖို့အတွက် ဘယ်လိုတုံ့ပြန်မှုဖြစ်နိုင်ခြေအတွက်မဆို ဂရုတစိုက်စမ်းသပ်စစ်ဆေးရမှာဖြစ်ပါတယ်။ ဒီဖော်မြူလာက မျက်စိ သို့မဟုတ် အရေပြားကိုပြဿနာဖြစ်စေနိုင်သလား။ ထင်ထားတဲ့အတိုင်း အကျိုးရလဒ်ပေးနိုင်ရဲ့လား။ ကလေးနဲ့ထိတွေ့တဲ့အခါ ဓါတ်မတည့်တာ၊ တုံ့ပြန်တာတစ်ခုခုဖြစ်လာနိုင်မလား စသည်ဖြင့် စဉ်းစားရပါမယ်။ ကုန်အမှတ်တံဆိပ်က တရားဝင်အသိအမှတ်ပြုတံဆိပ်ဖြစ်ရင် ကုန်ပစ္စည်းအပေါ် အရည်အသွေးဆန်းစစ်ချက်နဲ့ စမ်းသပ်မှုလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်အားလုံးကို လူသိရှင်ကြားဖွင့်ချထားသင့်ပါတယ်။ ကိုယ့်ကုန်ပစ္စည်းရဲ့အရည်အသွေးဆန်းစစ်ချက်နဲ့ စမ်းသပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လျှို့ဝှက်ချက်လိုကွယ်ဝှက်ထားတဲ့ ကုန်အမှတ်တံဆိပ်ဆိုရင်တော့ ထည့်ကိုမစဉ်းစားသင့်ပါဘူး။
(၄) ပြင်ပက လက်တွေ့အနေအထားတွေမှာ စမ်းသပ်ထားတဲ့ ကုန်ပစ္စည်းတွေကိုရှာပါ
ကုန်ပစ္စည်းက သူအာမခံထားတဲ့အတိုင်း တကယ့်လက်တွေ့ဘဝမှာ လုပ်ဆောင်ချက်ရှိရဲ့လား။ ဒါကိုသိနိုင်ဖို့အတွက် ကုန်ပစ္စည်းကို မတူညီတဲ့နယ်ပယ်တွေမှာ ထပ်ထပ်ပြီးစမ်းသပ်ရပါမယ်။ ကုန်ပစ္စည်းကို အပူ၊အအေး၊ စိုထိုင်းမှုလွန်ကဲတဲ့နေရာတွေမှာမထားဖို့ label မှာ ညွှန်ကြားချက်ပါရှိရင်တောင်မှ အဲဒီနေရာတွေမှာရှိနေခဲ့ရင်ဘေးကင်းနေဆဲဖြစ်ဖို့လိုပါတယ်။ စက်ရုံကထွက်သွားပြီးနောက်ပိုင်းမှာ ကုန်ပစ္စည်းက ဘယ်ကိုရောက်မယ်၊ ဘာဆက်ဖြစ်မယ် ဘယ်သူသိနိုင်ပါ့မလဲ။ တခါတလေကျရင် ကုန်ပစ္စည်းတွေဟာဈေးကွက်ထဲမရောက်ခင် ပူနွေးစိုထိုင်းတဲ့ ဂိုဒေါင်ရုံတွေမှာပဲ သိုလှောင်ထားနိုင်လို့ပါ။
(၅) အမြဲမပြတ်ဆန်းစစ်နေတဲ့ကုန်အမှတ်တံဆိပ်ကိုရွေးပါ
ဝယ်သူတွေအတွက်တကယ်တမ်းစဉ်းစားပေးတဲ့ကုန်အမှတ်တံဆိပ်တစ်ခုဟာ အမြဲမပြတ်ဆန်းစစ်နေတတ်ပါတယ်။ ဝယ်သူတွေဆီက မှတ်ချက်တွေနဲ့ဝေဖန်အကြံပြုချက်တွေကို အမြဲနားထောင်ပေးတာကိုဆိုလိုတာပါ။ customer service ဖုန်းခေါ်ဆိုမှုတွေ ၊ လူမှုမီဒီယာတွေကတဆင့် ဝယ်သူတွေရဲ့အသံကို ဂရုတစိုက်အမြဲရှိတဲ့သူတွေကိုရွေးပါ။ပြဿနာတွေများလာပြီဆိုရင် ကုမ္ပဏီက ကုန်ပစ္စည်းအားလုံးရဲ့ အရည်အသွေးနဲ့ဘေးကင်းစိတ်ချရမှုကိုသေချာစေဖို့ တာဝန်ယူစိတ်ရှိသင့်သလို ထိုက်သင့်သလောက် ကုန်ပစ္စည်းအဆင်ြ့မှင့်တင်တာတွေ လုပ်ပေးသင့်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။