အချင်းချင်း အနိုင်ကျင့်သော ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ

    အချင်းချင်း အနိုင်ကျင့်သော ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ

    ကလေးအများစုသည် ဘာကြေင့် အနိုင်ကျင့်ကြသလဲ။

    ဘယ်အကြောင်းအရာများသည် သူတို့ကို အခြားကလေးများအား အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးပါသလဲ။ အကြောင်းရင်းများစွာရှိပါသည်။ ယခုဆောင်းပါးတွင် အချင်းချင်း အနိုင်ကျင့်သော ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ အကြောင်းအရာကို ဖော်ပြသွားပါမည်။

    မိသားစုဘဝ

    ပတမအချက် အနေနှင့် မိသားစုဘဝသည် အနိုင်ကျင့်ရခြင်း၏ ပထမဆုံးအကြောင်းအရင်း ဖြစ်ပါသည်။ အိမ်တွင် မိဘများအချင်းချင်း၊ မိသားစုဝင်များ၊ မောင်နှမများအကြား အနိုင်ကျင့်မှုများကို ကလေးများက မြင်နေရခြင်းကြောင့် အတုယူကာ သူသည် ကျောင်းတွင် ထိုနည်းတူ ပြုမူခြင်းဖြစ်ပါသည်။ အဓိပ္ပါယ်မှာ မိဘများသည် သူတို့ အပေါ် ဘယ်လိုဆက်ဆံသလဲ အပေါ်မူတည်ပြီး သူတို့လည်းအခြားကလေးများကို ဆက်ဆံပုံ ကွာသွားခြင်းဖြစ်ပါသည်။

    အမူအကျင့်များ ပုံမှန်မဟုတ်ခြင်း

    ကလေးများသည် သူတို့စိတ်၏ လှုံ့ဆော်မှုများနှင့် စိတ်ခံစားချက်များကို မထိန်ချုပ်နိုင်သော စိတ်ရောဂါများကို ခံစားနေရပါလျှင် အနိုင်ကျင့်ခြင်းကို ပြုလုပ်မိရန်ပိုလွယ်စေပါသည်။ ထိုသို့သော ကလေးများသည် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ စိတ်ရှိရာ ပြုလုပ်ခြင်း၊ တပါးသူ၏ စိတ်ခံစားချက်ကို ကိုယ်ချင်းမစာဘဲ ပြုလုပ်ခြင်း စသည့် မူမမှန်သည့် အမူအကျင့်များရှိတတ်ကြပါသည်။

    ထိုသို့ မူမမှန်သော စိတ်အခြေအနေကို မိဘများက တတ်နိုင်သလောက် စောစော သတိမပြုမိဘဲ ကလေးအရွယ်ရောက်လာချိန်မှ သိလျှင် ကုရခက်ပါသည်။

    ထိုသို့မဟုတ်ဘဲ မိဘများက သူတို့ကလေးသည် စိတ်ရောဂါခံစားနေရခြင်းကြောင့် ထိုသို့အနိုင်ကျင့်ကြောင်းသိလျက်နှင့် စိတ်ရောဂါကို အပြစ်ပုံချကာ လွှတ်ပေးထားခြင်းမျိုးလည်းရှိရာ ယင်းသည် ကလေးကို အနိုင်ကျင့်ခွင့် ပေးလိုက်သလို ဖြစ်သွားစေပါသည်။

    လူအများကြားတွင် အစွမ်းပြလိုခြင်း

    ဟော်လန်နိုင်ငံ Groningen တက္ကသိုလ် ပါမောက္ခ Rene Veenstra ၏ပြောကြားချက်အရ အနိုင်ကျင့်ခြင်းများပြုလုပ်ခြင်းသည် အချစ်ခံချင်သောကြောင့် မဟုတ်ပါ။ သူတို့ကို သတိထားမိလာအောင်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

    အနိုင်ကျင့်လိုက်လျှင် သူတို့သည် နာမည်ကြီးသွားမည်ဟု ခံယူထားကြသည်။ ကျောင်းတွင် အနိုင်ကျင့်နိုင်သူသည် ခွန်အားကြီးသည်ဟု အများက သတိထားမိပြီး နာမည်ကြီးမှုကို သူတို့လိုချင်ကြပါသည်။

    ထို့ပြင် ထိုသို့အနိုင်ကျင့်ခြင်းဖြင့် သူတို့သည် ပြသနာ အတော်အများကို ဖြေရှင်းတတ်ကြသည်။ စိတ်ခံစားမှုများကို ထိန်းချုပ်ပြီး အခြားသူများကို လေးစားမှုဖြင့် ဆက်ဆံမည့်အစား အကြမ်းဖက်လိုက်ခြင်းဖြင့် ပြသနာတစ်ခုကို အလွယ်တကူ အနိုင်ယူလိုက်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် သူတို့သည် ဘဝတွင် ပြသနာများကို မည်သို့ ဆီလျော်စွာဖြေရှင်းရမည်ကို မလေ့လာဖူးခဲ့သောကြောင့် ဖြစ်သည်။ အနိုင်ကျင့်သူများသည် အခြေအနေတရပ်ကို သေချာစွာ စဉ်းစားတွေးခေါ်ပြီး ချဉ်းကပ်ခြင်းမပြုဘဲ အနိုင်ကျင့်ခြင်းဖြင့်သာ အဆုံးသတ်လိုက်ကြပါသည်။

    သားကောင်ကို အနိုင်ကျင့်ခြင်း

    အနိုင်ကျင့်သောသူသည် သူကိုယ်တိုင်အနိုင်ကျင့် ခံနေရသောကြောင့် သူတပါးကို အနိုင်ကျင့်ခြင်းဖြစ်နိုင်ပါသည်။ သူနာကျင်သလို သူများကိုလည်း နာကျင်အောင်ပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ကို အနိုင်ကျင့်သောသူကို ပြန်အနိုင်ကျင့်ခြင်း သိုကမဟုတ် အခြားသော သူ့ထက်အားနည်းသော သားကောင်အပေါ် အနိုင်ကျင့်ခြင်တို့ ပြုလုပ်ခြင်းဖြစ်ပါသည်။

    ဖျော်ဖြေမှုများမှ လေ့လာခြင်း

    ယနေ့ခေတ်တွင် အင်တာနက်ကွန်ယက်များ ကျယ်ပြန့်လာသည်နှင့်အမျှ ရုပ်ရှင်များ၊ ကာတွန်းများ သည် ကလေးများနှင့် လက်တကမ်းအနေအထားဖြစ်ပါသည်။ သို့သော် မကောင်းသော အချက်မှာ ကလေးများသည် ထိုရုပ်ရှင်များထဲမှ အနိုင်ကျင့်ခြင်း၊ တိုက်ခိုက်ခြင်း ၊ အကြမ်းဖက်ခြင်းများကို အတုမြင် အတတ်သင်လာကြခြင်းဖြစ်ပါသည်။

    ထိုသို့သော အနိုင်ကျင့်တတ်သည့် အမူအကျင့်များကို ပျောက်သွားစေရန် မိဘများက ပညာပေးခြင်း၊ စောင့်ရှောက်ခြင်းများပြုလုပ်ပေးသင့်ပါသည်။ အချို့သော ကလေးများသည် သူတို့ကိုယ်သူတို့ အနိုင်ကျင့်သော အမူအရာများပြုလုပ်နေကြောင်း ရှင်းပြ မရလောက်အောင်း အသက်ငယ်ရွယ်နေတတ်ကြပါသည်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    What motivates kids who are bullies? http://www.webmd.com/parenting/news/20100325/what-motivates-kids-who-are-bullies#1. Accessed April 9, 2017
    What motivates someone to become bully? http://ofsbullybusters.weebly.com/what-motivates-a-bully.html. Accessed April 9, 2017
    The secret life of bullies: why they do it and how to stop them?
    https://www.empoweringparents.com/article/the-secret-life-of-bullies-why-they-do-it-and-how-to-stop-them/. Accessed April 9, 2017

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 09/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။