ဒီဘဝနေနည်းတွေက ဖိအားမဖြစ်စေရင်တောင် သားအိမ်အနေအထား၊ ကျုံ့ခြင်း၊ အဆိပ်အတောက်တွေ ထိတွေ့ခြင်းကတောင် အာရုံကြောကို အနှောက်အယှက် ဖြစ်စေပါတယ်။ ကလေးမွေးချိန်ကြာခြင်း၊ မြန်လွန်းခြင်း၊ ညှပ်ဆွဲမွေးခြင်း၊ ဗိုက်ခွဲမွေးခြင်းတွေကလည်း အာရုံကြောကို အနှောက်အယှက် ဖြစ်စေနိုင်တယ်။
သုတေသနပြုမှုတွေအရ အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်များကို ဂရုစိုက်ခြင်းက ထိရောက်တာကို သိပ်မတွေ့ရသေးသော်လည်း မိဘတွေရဲ့ စိတ်ကျေနပ်မှုရခြင်းကို အလွန်တွေ့ရတယ်။
ကလေးတွေမှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းနဲ့ ပတ်သက်ပြီး ယုံကြည်ကြတာက-
၁. ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို အထောက်အကူပေးတယ်။
၂. ကလေးရဲ့ ကျန်းမာရေးကောင်းစေရန်နဲ့ ဖွံ့ဖြိုးကြီးထွားစေရန် အထောက်အကူပေးတယ်။
၃. ကလေးရဲ့ ကိုယ်ခံအားကောင်းစေပြီး အအေးမိခြင်း၊ နားကိုက်ခြင်းနဲ့ နာဖျားခြင်းတို့ ကင်းဝေးအောင် ကူညီပေးတယ်။
၄. ကလေးတွေ လေထိုးတာ၊ မအီမသာဖြစ်တာတွေကို လျော့နည်းစေတယ်။
၅.ရင်ကြပ်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ဓါတ်မတည့်ခြင်းတို့အတွက် ကောင်းပါတယ်။
၆.ကျောရိုးပုံစံကို အနေအထားမှန်စေတယ်။
၇.အာရုံစူးစိုက်မှု ကောင်းစေတယ်။
၈. ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ မဖြစ်စေဘူး။
၉.အစာခြေစနစ်ကောင်းမွန်စေရန် ကူညီပေးတယ်။
၁၀.အိပ်ရာထဲသေးပေါက်ခြင်းနဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးတယ်။
အာရုံကြောစနစ်နဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းနဲ့ ပတ်သတ်ပြီး ထောက်ခံထားတာမရှိတဲ့ သက်သေပြချက်များ
မွေးကင်းစကလေးတွေမှာ အရိုးတွေကို လက်နဲ့ပြင်ပေးတာကို ပုံမှန်အားဖြင့် သုံးကြပါတယ်။ ဒါက ကလေးတွေရဲ့ အာရုံကြောကို ကောင်းကျိုးရရှိစေပါတယ်။ အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်များကို ဂရုစိုက်ခြင်းက ကလေးရဲ့လည်ပင်းကို မှန်ကန်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့တော့ အရင်တိုင်ပင်ရပါမယ်။
ဒီအကျင့်ရဲ့ ရည်ရွယ်ချက်ကတော့ နားစည်ကပြွန်တွေ ဆွဲဆန့်ထားသလိုဖြစ်ပြီး နားအူတာ၊ နားထဲက အရည်တွေထွက်တာရဲ့ လက္ခဏာကို သက်သာစေပါတယ်။ ဒါပေမယ့် ဒီလိုကုတာကြောင့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ နားစည်ယောင်ယမ်းခြင်းဖြစ်စေပေမယ့် ကောင်းကျိုးဖြစ်နိုင်ခြေ ပိုများပါတယ်။ ကလေးကို ပိုးသတ်ဆေးပေးနိုင်တဲ့ ကလေးဆရာဝန်ရဲ့ စောင့်ကြည့်မှုအောက်မှာ ထားသင့်ပါတယ်။
နားစည်ယောင်ခြင်းက အသက်၃နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ ကလေးက အသက်ကြီးလာတာနဲ့အမျှ ကလေးရဲ့ နားစည်အတွင်းက ပြွန်ကရှည်လာပြီး ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေက လည်ချောင်းကနေတဆင့် နားစည်ကို ဖြတ်ပြီးသွားနိုင်ခြေ နည်းသွားပါတယ်။
အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်များကို ပြုပြင်ခြင်းက အရွတ်တွေ ပျက်စီးနိုင်တယ်။ ကလေးတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် ကျောရိုးပြုပြင်ခြင်းလုပ်ဖို့ လုံလောက်တဲ့ လေ့လာမှုမရှိပါဘူး။
အရွတ်တွေက နုနယ်ပြီး ထိခိုက်လွယ်တဲ့အတွက် အသက် ၈နှစ်ကနေ ၁၀နှစ်ကြား ကလေးတွေမှာ ကျောရိုးမကြီးကို ပြုပြင်ခြင်းက ဒဏ်ရာရစေနိုင်ပါတယ်။ ဒါက အသက်ကြီးလာတဲ့အခါ ကျောရိုးမကြီး ပုံပျက်ခြင်း( ကျောရိုးစောင်းခြင်း၊ ရှေ့သို့ကိုင်းသွားခြင်း)ကို ဖြစ်စေနိုင်ပါတယ်။
မွေးကင်းစတွေနဲ့ ကလေးငယ်တွေမှာ အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်များကို ပြုပြင်ခြင်းနဲ့ ပတ်သတ်ပြီး လုံလုံလောက်လောက် မရှိသော်လည်း ဒီလိုလုပ်ခြင်းက ငြင်သာတယ်၊ ဘေးကင်းတယ်၊ ထိရောက်တယ်လို့ ပြောကြတယ်။ အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်များကို ပြု ပြင်ခြင်းကြောင့် ဖြစ်နိုင်တဲ့ အကျိုး၊ အပြစ်တွေကို ချိန်ဆပါ။
Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံများပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။