- ကယ်လ်ဆီယမ် – ကယ်လ်ဆီယမ်က အရိုးတွေကျန်းမာကြံ့ခိုင်ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့ သတ္တုဓာတ်ပေါ့။ ဒီအရေးပါတဲ့ ကယ်လ်ဆီယမ်ဓာတ်ရချင်ရင်တော့ နို့ထွက်ပစ္စည်းတွေ၊ ပဲအမျိုးမျိုး၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေကနေရရှိနိုင်ပါတယ်။
- မဂ္ဂနီဆီယမ် – အရိုးတွေ ကျန်းမာသန်စွမ်းစေဖို့ လိုအပ်တဲ့ ဒီဓာတ်လေးကိုတော့ အယ်လ်မွန်စေ့၊ ဟင်းနုနွယ်၊ မြေပဲထောပတ်၊ ထောပတ်သီး၊ ဘိုစားပဲ၊ ဂျုံကြမ်းပေါင်မုန့်တွေကနေရရှိနိုင်ပါတယ်။
- ဗီတာမင် K – အရိုးတွေ ကျန်းမာသန်စွမ်းဖို့အတွက် လိုအပ်တဲ့ ဗီတာမင်တစ်မျိုးပါ။ ကိုက်လန်၊ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းလိုမျိုး အစိမ်းရောင်ရှိတဲ့အရွက်တွေ၊ ပဲတောင့်ရှည်တို့ကနေရရှိနီုင်ပါတယ်။
ကလေးအတွက် အစားအစာတွေပြင်ပေးတဲ့အခါ ဒီဓာတ်လေးတွေပါဝင်အောင်ဂရုစိုက်ပေးပါ။
(၂) ဗီတာမင် D ဖြည့်စွက်ပေးပါ
ခန္ဓာကိုယ်ကို ကယ်လ်ဆီယမ်တွေစုပ်ယူနိုင်အောင် ထောက်ပံ့ပေးရာမှာ အထောက်အကူပြုပေးပါတယ်။ နေရောင်ကနေ ရနိုင်တယ်ဆိုပေမယ့် လုံလောက်အောင်ရရှိဖို့ကတော့ ခက်ပါတယ်။ အစားအသောက်တွေမှာလည်း ပါခဲတာမို့ လုံလောက်အောင်ရရှိဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းကဖြည့်စွက်ပေးတာပါ။ ကလေးအရွယ်ကတည်းက ဗီတာမင် Dဖြည့်စွက်ပေးတာက အကောင်းဆုံးဖြစ်မှာပါ။ ကလေးဆရာဝန် ဒါမှမဟုတ် အာဟာရဗေဒပညာရှင်နဲ့တိုင်ပင်ပြီး ကလေးကို ဗီတာမင် Dဖြည့်စွက်ပေးပါ။
(၃) ကလေးကို ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ
လှုပ်ရှားပေးလေလေ အရိုးတွေနဲ့ ကြွက်သားတွေက သန်မာလာလေလေပါ။ အရိုးတွေကြံ့ခိုင်ဖို့ ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ပေးရမှာပါ။ ကလေးကို အတင်းအကျပ် လုပ်ခိုင်းတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကလည်း သူနဲ့အတူ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာမျိုးပါ။ ကလေးက ငယ်သေးရင်လည်း သူ့အတွက်လှုပ်ရှားရအဆင်ပြေစေမယ့် အနေအထားလေးတွေလုပ်ဆောင်ပေးပြီး ကလေးကို လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပေးလိုက်ပါ။
- ကလေးက လမ်းလျှောက်တတ်ပြီ – ကလေးကို နေ့တိုင်း ၃ နာရီလောက် လှုပ်လှုပ်ရှားရှားနေခိုင်းပေးပါ။ ကလေးကပြေးဆော့တာဖြစ်ဖြစ်၊ စက်ဘီးစီးတာဖြစ်ဖြစ်၊ တွယ်တက်ရတဲ့ ကစားနည်းဖြစ်ဖြစ် ကလေးအတွက် အန္တရာယ်မဖြစ်နိုင်တဲ့ လှုပ်လှုပ်ရှားရှား ကစားရတဲ့ ကစားနည်းမျိုးကို လွတ်လပ်စွာကစားခွင့်ပေးလိုက်ပါ။
- ကလေးက ၅ နှစ်ကျော်ပြီ -နေ့တိုင်း ၁ နာရီလောက် ကိုယ်လက်လှုပ်ရှားမှုလုပ်အောင် တိုက်တွန်းပေးပါ။ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေမယ့် ကစားနည်းတွေကို စိတ်ကြိုက်ကစားခွင့်ပြုလိုက်ပါ။
ကဲ ရိုးစင်းတဲ့နည်းလမ်းလေးတွေသုံးလို့ ကလေးကို အရိုးတွေသန်မာအောင်ပြုစုပျိုးထောင်လိုက်ကြရအောင်လား။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။