backup og meta

ဝမ်းလျှောနေတဲ့ ကလေးငယ်ကိုပြုစုစောင့်ရှောက်နည်း


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းလျှောနေတဲ့ ကလေးငယ်ကိုပြုစုစောင့်ရှောက်နည်း

    လူရယ်လို့ဖြစ်လာရင် အနာေရာဂါနဲ့မကင်းပါဘူး။မွေးကင်းစဘေဘီလေးတွေကစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကိုယ်တွင်း ကိုယ်ပမှာ အနာရောဂါတွေ ခံစားကြရပါတယ်။ ရာသီဥတုအနေအထားကြောင့်ခံစားရတဲ့ရောဂါတွေရှိနိုင်သလို အစားအသောက်ကြောင့်ဖြစ်တဲ့ရောဂါတွေလည်းရှိပါတယ်။ ဒီရောဂါတွေထဲကမှာ အိမ်ရဲ့ အချစ်ဆုံးဘေဘီလေးတွေမှာ ဝမ်းလျှောတာမျိုးဖြစ်ခဲ့ရင် ဘယ်လိုဂရုစိုက်ပေးမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။

    ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ရတဲ့ အကြောင်းရင်းခံတွေက

    ဒီအချက်တွေကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။

  • သွားစပေါက်တဲ့အချိန်မှာ ကလေးကမျက်စိရှေ့မှာမြင်ကရာကို သွားဖုံးယားတာကြောင့် ကိုက်တဲ့အခါ
  • အစာမာမာကို စစားတဲ့အခါ
  • အစာခြေစနစ်က ပုံမှန်အလုပ်မလုပ်တဲ့အခါ
  • စားလိုက်တဲ့ အစားအစာကနေတဆင့်ရောဂါပိုးတွေပါသွားတဲ့ခါ
  • တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ နဲ့
  • ရာသီဥတုအခြေအနေမမှန်တာမျိုးတွေကြောင့် ကလေးငယ်လေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။
  • တကယ်တော့ ဝမ်းလျှောတာက ခန္ဓါကိုယ်တွင်းမှာရှိနေတဲ့ ဘက်တီးရီးယားတွေ၊ အဆိပ်အတောက်တွေ နဲ့ အစာခြေစနစ်အတွင်းမှာရှိနေတဲ့ ဗိုင်းရပ်စ်တွေကို စွန့်ထုတ်ပစ်တဲ့ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တစ်ရပ်ပါ။

    ဝမ်းလျှောရင် ဒီလိုလက္ခဏာတွေဖြစ်နိုင်တယ်

    ကလေးအများစုမှာတော့ ဝမ်းလျှောတဲ့အခါ အခုပြောပြတဲ့ လက္ခဏာတွေတွေ့ရနိုင်ပါတယ်။

    ဝမ်းလျှောနေတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုမလဲ

    မိခင်နို့တိုက်ပါ- ကလေးက အရမ်းငယ်နေသေးတယ်ဆိုရင်တော့ ကလေးအတွက် အကောင်းဆုံး အာဟာရက မိခင်နို့ကလွဲလို့ တခြားမရှိပါဘူး။ မိခင်နို့ကပဲ ကလေးငယ်ကို ကုန်ဆုံးသွားတဲ့ရေဓါတ်တွြေဖည့်တင်းပေးနိုင်မှာပါ။ ဒါကြောင့် ရင်သွေးလေးက ၆ လထက်ငယ်ပြီး ဝမ်းသွားနေမယ်ဆိုရင် မိခင်နို့ကို ဂရုတစိုက်နဲ့ မကြာမကြာတိုက်ပေးပါ။

    နို့တိုက်နေတဲ့မိခင်အနေနဲ့ကလည်း ကလေးကို ဝမ်းပျက်စေနိုင်မယ့် အစပ်တွေ နဲ့ နို့ထွက်ပစ္စည်းတွေစားသုံးမှုကို တတ်နိုင်သမျှလျှော့ရပါမယ်။

    ဓါတ်ဆားရည်တိုက်ပါ – ဝမ်းသွားတဲ့အခါ ကလေးရဲ့ခန္ဓါကိုယ်ကရေဓါတ်တွေကိုဆုံးရှုံးသွားတယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။နောက်တစ်ချက်က ကလေးငယ်တွေက လူကြီးတွေထက်ရေဓါတ်ဆုံးရှုံးမှုမြန်ပါတယ်။ ဒါကြောင့် ကလေးက အဆက်မပြတ်ဝမ်းသွားနေမယ်ဆိုရင် ဓါတ်ဆားရည်လေးဖျော်ထားပြီး နည်းနည်းချင်းစီတိုက်ပေးပါ။ ဓါတ်ဆားမတိုက်ချင်ရင်တော့ရေသန့် တစ်လီတာထဲကို သကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စာတို့ကိုဖျော်စပ်ပြီး နှစ်နာရီခြားတစ်ခါတိုက်ကျွေးပေးပါ။

    ငှက်ပျောသီးကျွေးပါငှက်ပျောသီးကတော့ အရင်ကတည်းကအသုံးပြုလာခဲ့တဲ့ ကလေးဝမ်းလျှောတာကို သက်သာစေနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းပါ။ ငှက်ပျောသီးက ကလေးရဲ့ခန္ဓါကိုယ်ကို ခွန်အားပြည့်စေပြီး ဝမ်းသွားနေတာကိုရပ်စေနိုင်ပါတယ်။ ငှက်ပျောသီးကို ကြိတ်ခြေပြီး ကလေးကိုခွံလို့ရသလို ဒိန်ချဉ်ထဲကို ငှက်ပျောသီးလေးတွေ တုံးထည့်ပြီး ကလေးကို ခွံပေးလို့လည်းရပါတယ်။

    Probiotic ပါတဲ့သောက်စရာတစ်ခုခု တိုက်ပါ-ကလေးက ဝမ်းသွားနေတဲ့အခါ အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိနိုင်စေဖို့အတွက် Probiotics ရရှိအောင် ဒိန်ချဉ်လိုအစားအစာမျိုးကျွေးပေးလို့ရပါတယ်။ လတ်ဆတ်တဲ့ဒိန်ချဉ်က ကလေးငယ်ရဲ့ အစာခြေလမ်းကြောင်းမှာ ကျန်းမာတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

    တကယ်လို့ အစားအစာတွေကြောင့် ကလေးကဝမ်းထပ်သွားမှာစိုးရိမ်တယ်ဆိုရင်တော့ BioGaia Protectis drops ကိုတိုက်ကျွေးပေးလို့ရပါတယ်။Lactobacillus အမျိုးအစား Probioticsပါဝင်ထုတ်လုပ်ထားတာကြောင့် ဒီဆေးက အူလမ်းကြောင်းထဲမှာ ကျန်းမာတဲ့ အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပေါ်လာအောင်လုပ်ဆောင်ပေးပြီး ဝမ်းလျှောစေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးမှာဖြစ်ပါတယ်။ ကလေးငယ်လေးတွေအတွက်ဆေးရည်ပုံစံနဲ့ထုတ်လုပ်ထားတာကြောင့်ဆေးနင်မှာကိုမပူရပါဘူး။ တစ်နေ့ကို တစ်ကြိမ်နှုန်းနဲ့ အစက် ၅ စက်တိုက်ကျွေးလို့ရပါတယ်။

    သလဲသီးဖျော်ရည်တိုက်ပါ– ဝမ်းသွားရတဲ့ ကလေးမှာရေဓါတ်ဆုံးရှုံးနေမှာဖြစ်တဲ့အတွက် ကလေးကို သလဲသီး ဖျော်ရည်တိုက်ပြီးရေဓါတ်ဖြည့်ပေးလိုက်ပါ။ သလဲသီးကို အစေ့ပါရောကြိတ်ပြီး ပိတ်စပါးပါးလေးနဲ့စစ်လိုက်ပါ။ပြီးရင်တော့ဖျော်ထားတဲ့ သလဲသီးဖျော်ရည်ကိုရေနဲ့ရောစပ်ပြီး ကလေးကို တိုက်ကျွေးပေးပါ။

    ပျားရည် တိုက်ပါ – တကယ်လို့ ကလေးက တစ်နှစ်အထက်ဆိုရင် ကလေးကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ရေအေးနဲ့တိုက်ပေးပါ။ ဝမ်းလျှောတာ သက်သာသွားပါလိမ့်မယ်။

    အုန်းစိမ်းရည်တိုက်ပါ – ကလေးက ဝမ်းသွားနေတာကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်ကိုပြန်လည်ဖြည့်တင်းဖို့ဆိုရင် လုပ်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုက ကလေးကို အုန်းစိမ်းရည်တိုက်ပေးတာပါ။ အုန်းစိမ်းရည်က သဘာဝဓါတ်ဆားတစ်မျိုးပါ။ ဝမ်းသွားနေတဲ့ ကလေးငယ်လေးတွေကိုလည်း အုန်းစိမ်းရည်တိုက်ပေးလို့ရပါတယ်။

    အာဟာရပြည့်ဝအောင်ကျွေးမွေးပေးပါ – ဝမ်းသွားနေတဲ့ကလေးငယ်ကို မြန်မြန်သက်သာစေဖို့ဆိုရင် အာဟာရပြည့်ဝအောင်ကျွေးဖို့ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကလေးက အစားစစားတတ်နေပြီဆိုရင် အာဟာရပြည့်ဝမယ့် အစားအသောက်တွေကိုကျွေးမွေးပေးပါ။

    အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ပေးရင်း ကလေးဝမ်းသွားတာကို သက်သာအောင်လုပ်ဆောင်ပေးလိုက်ပါ။ဘေဘီလေးတွေကို ချစ်တဲ့ မိဘတိုင်းအတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Taking care of your child suffering loose motion

    What Cause Loose Motions in Babies & Kids?

    • Teething time is one of the main reasons for loose motions in babies
    • Introduction of new solid food can cause loose motions in babies.
    • Improper digestion can trigger loose motions in children.
    • Infection due to virus or bacteria can also be another reason for disturbed motions in babies.
    • Poor Hygiene and
    • Bad weather can also trouble baby’s bowel movements.

    In actual, Diarrhoea is the way of our body to throw away the bacteria, toxins, and viruses from our digestive system.

    Symptoms of loose motions/diarrhea in babies

    Some of the most common symptoms of diarrhea in little ones include:

    -Vomiting

    -Loose motions

    -Fever

    -Chills

    -Fatigue

    -Abdominal pain

    -Achiness

    BreastMilk helps recover from dieriya

    If you are breastfeeding your baby then you should continue feeding your child. Breastmilk is the best solution to keep baby hydrated if he is below 6 months of age. During loose motions, you can increase the frequency of feeding.

    If your baby is exclusively on breastfeeding then you have to cut down foods like greasy foods, spicy foods, dairy products which can trigger diarrhea in your child.

    ORS as Home Remedy

    Give your baby plenty of fluids. Babies tend to dehydrate faster than adults. Give your baby ORS (Oral Rehydration Salts). ORS is a special combination of dry salts that is mixed with safe water. Oral Rehydration Salts can help replace the fluids lost due to diarrhoea. You can buy ORS sachets from the market or make ORS at home.

    • 6 teaspoons of sugar
    • 1/2 teaspoon of salt
    • 1 liter of filter water

    Procedure

    Dissolved the sugar, salt in water. Give this solution to your child to drink after every 2 hours.

    Banana

    Banana is considered to be the oldest and most effective home remedy for loose motion in babies. It provides energy and stops loose watery motions. Mash the banana and give it to your child. You can add a banana in curd as well.

    Probiotic Drinks

    Probiotics drinks like curd or yogurt are stomach friendly during loose motions. Give your baby freshly prepared probiotics drinks such yoghurt to restore the healthy bacteria in his digestive tract.

    Pomegranate juice

    Give pomegranate juice to your baby at regular intervals to keep him hydrated. Blend the seeds in a mixer and extract the juice using a muslin cloth. Add some water to dilute it.

    Honey is very effective in fighting loose stools

    If your baby is 1year oldthen you can give your baby one teaspoon of honey with cold water. This is old wives tales that honey taken with cold water helps to cure loose motions.

    Give your baby coconut water to drink in loose motions

    During the disturbed motions, tender coconut water is really a great remedy to retain the water level in the body. It keeps your baby hydrated. This remedy is useful for infants as well as grown ups.

    Give nutritious foods

    To release loose motions, you can give your child nutritious foods. the nutrious foods will give good immune system.

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement