backup og meta

Asperger Syndrome (အက်စ်ပါးဂါးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Asperger Syndrome (အက်စ်ပါးဂါးရောဂါ) ကဘာလဲ။

၂၀၁၃ထုတ်ဒီအက်အမ် ဖိုက် ရောဂါအတည်ပြုမှုတွင်အက်စ်ပါးဂါးရောဂါကို စိတ်ကွန့်မြူးခြင်း၏အမျိုးအစားတစ်ခုဟုဆိုသည်။

အက်စ်ပါးဂါးရောဂါသည် ခန္ဓါကိုယ်၏အဓိကလုပ်ဆောင်ရေများပြီးဆုံးသွားသောရောဂါတစ်မျိုးဖြစ်သည်။ ကလေးငယ်များတွင်ဖြစ်ပါက ပတ်ဝန်းကျင်နှင့် မဆက်ဆံခြင်း၊ စိတ်သိပ်မဝင်စားခြင်း၊ ကိစ္စတခုတည်းအားထပ်ခါထပ်ခါလုပ်ခြင်းတို့ပြုလုပ်တတ်သည်။ လှုပ်ရှားမှုစနစ်နှေးကွေးခြင်းကြောင့် လက်တုန်ခြင်း လှုပ်ရှားမှုများအတူတကွမလုပ်ဆောင်နိုင်ခြင်းတို့ဖြစ်တတ်သည်။ စိတ်ကွန်မြူး၏အခြားပုံစံများနှင့်နှိုင်းယှဉ်မည်ဆိုပါက ဘာသာစကားသင်ယူခြင်း ဆုံဖြတ်နိုင်ခြင်းစွမ်းရည်တို့နည်းတတ်သည်။ အချို့တွင် အရွယ်စော၍စကားလုံးများပြောတတ်သည်(စိတ်ဝင်စားမှုများတတ်သူတွင်ပိုဖြစ်တတ်သည်)

Asperger Syndrome (အက်စ်ပါးဂါးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အက်စ်ပါးဂါးရောဂါအပါအဝင် စိတ်ကွန့်မြူးခြင်းသည် ထင်တာထက်ပိုများများဖြစ်တတ်သည်။ ယူကေတွင် စိတ်ကွန့်မြူးခြင်းခံစားနေရသူ၇၀၀၀၀၀ ယောက် တစ်ရာတွင်တယောက်ထိရှိသည်။ အက်စ်ပါးဂါးရောဂါ သည် မည့်လူမျို့းဘာသာ၊ ပတ်ဝန်းကျင်တွင်မဆိုဖြစ်တတ်သော်လည် ယောက်ျားလေးများတွင်ပိုပေါ်တတ်သည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Asperger Syndrome (အက်စ်ပါးဂါးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါအပြုအမူပြောင်းလဲခြင်းများသည် အက်စ်ပါးဂါးရောဂါနဲ့သက်ဆိုင်နိုင်ပါသည်။ သို့သော် တယောက်ထဲတွင် အကုန်တွေ့နိုင်ခြင်းတော့ရှားသည်။

  • ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိအောင်မဆက်ဆံနိုင်ခြင်း
  • စကားအားစက်ရုပ်ကဲ့သို့ သို့မဟုတ် ခဏခဏပြောခြင်း
  • စကားလုံးမပါပဲဆက်ဆံခြင်း(မျက်နှာပုံ အပြုအမူများ) သည်စကာလုံးပြောဆက်ဆံခြင်းထက်ပိုစွမ်းဆောင်နိုင်သည်။ ကိုယ်တယောက်ထဲစကားပြောတတ်သည်
  • ပတိဝန်းကျင် ၊ခံစားချက်ဆိုင်ရာ သို့မဟုတ် အချို့စာလုံးများကိုနားလည်ရန်ခက်ခဲခြင်း
  • တစ်ပါးသူအကြည့်အားရှောင်လွဲခြင်း
  • အကြောင်းအရာတခုအား ထပ်တလဲလဲ ပြောနေခြင်း
  • ကိုယ်ဘက်ကပဲစကားပြောနေခြင်း
  • လှုပ်ရှားမှုမမှန်ကန်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Asperger Syndrome (အက်စ်ပါးဂါးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဥိးနှောက်ပြောင်းလဲမှုအချို့ကအက်စ်ပါးဂါးရောဂါကိုဖြစ်စေတတ်သည်။ သိုသော်ထိုသိုပြောင်းလဲမှုများအတွက်တိကျသော အကြောင်းအရင်းမရှိပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Asperger Syndrome (အက်စ်ပါးဂါးရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

  • လိင်။ ယောက်ျားလေးများတွင်ပိုဖြစ်တတ်သည်။
  • မျိုးရိုးဗီဒ၊မျိုးရိုးလိုက်တတ်သညကိုတွေ့ရသည်။
  • အဆိပ်နှင့်ထိတွေ့မိခြင်း၊ ပတ်ဝန်းကျင် ရှိအဆိပ်များ ဥပမာ ဓါတုပစ္စည်း သိုမဟုတ် ဗိုင်းရပ် တို့က ဖြစ်စေတတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Asperger Syndrome (အက်စ်ပါးဂါးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အက်စ်ပါးဂါးရောဂါရှိမရှိကိုစမ်းသက်မှုတခုထဲဖြင့်မပြောနိုင်ပါ။ များသောအားဖြင့်မိဘများသည် ဖွံဖြိုးမှုအပြုအမူနှေးခြင်းဖြင့်လာတတ်သည်။ သင့်ကလေးသည်ကျောင်းနေပါက ဆရာမမှ ဖွံဖြိုးမှုဆိုင်ရာပြဿနာများကိုမှတ်ပေးလိမ့်မည်။ ထိုမှတ်သားချက်များကိုဆရာဝန်အားပြန်ပြသင့်သည်။

ကလေး၏အဓိကနေရာများကိုစမ်းသက်လိမ့်မည်။ဥပမာ

  • စကားပြောနိုင်စွမ်းရည်
  • ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေနိုင်သောစွမ်းရည်
  • စကားပြောနေချိန်ဖြစ်သောမျက်နှာအမူအရာ
  • အခြားသူအားစိတ်ဝင်စားမှု
  • ပြောင်းလဲမှုအတွက်သဘောထားများ
  • လှုပ်ရှားမှုစွမ်းရည်

အက်စ်ပါးဂါးရောဂါဟုအတည်ပြုရန် စမ်းသက်ချက်တစ်ခုနှင့်မရသောကြောင့် မိဘများသည် အခြားကျန်းမာရေးပြဿနာများနှု့်မှားတတ်သည်။ ထိုသို့ဖြစ်ပါက မှန်ကန်သောရောဂါသိနိုင်ရန်ကလေးအားလေ့လာမှုများပြန်လုပ်ရမည်။

Asperger Syndrome (အက်စ်ပါးဂါးရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကလေးတိုင်းမတူသည့်အတွက် ကလေးအားချည်းကပ်ုပုံခြင်းမတူနိုင်ပါ။ ဆရာဝန်မှနည်းလမ်းမျိုးစုံကြိုးစားပြီး အသုံးဝင်သောနည်းလမ်းအားရှာလိမ့်မည်။

ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရန်သင်ပေးခြင်း။ ကုထုံးပညာရှင်သည် တယောက်ချင်းသို့မဟုတ် အဖွဲ့လိုက် အခြားသူများနှင့်ဘယ်လိုဆက်ဆံ၇မည် ကိုယ့်လိုအပ်ချက်ကိုဘယ်လိုဖော်ပြရမည်ကိုသင်ပေးလိမ့်မည်။ စံပြနမူနာများဖြင့်သင်ယူခြင်းသည်အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ဘာသာစကားဆိုင်ရာကုထုံး၊ဆက်ဆံမှုစွမ်းရည်ကိုမြင့်လာစေသည်။ဥပမာ စကားပြောလျင် အသံအနှိမ့်အမြင့်ဖြင့်ပြောပုံတို့ဖြစ်သည်။ ထိုသို့သင်ယူခြင်းဖြင့် အပြန်အလှန်စကားပြောပုံ လူမူရေးဆိုင်ရာနည်းပညာများ ဥပမာကိုယ်နေကိုယ်ထား မျက်လုံးအားကြည့်၍ပြောခြင်းတို့ တတ်လာစေနိုင်သည်။

ဆုံးဖြတ်နိုင်မှုစွမ်းရည်။ ကလေး၏စဉ်းစားပုံမှန်လာစေရန်အထောက်အကူပြုသည်။ ခံစားချက်များထပ်ခါတလဲလဲလုပ်ခြင်းအားထိန်းချုပါတတ်လာမည်။ စိတ်တိုလွယ်သော စိတ်ထဲစွဲထင်ပြီးထပ်ခါတလဲလဲလုပ်လိုသောအရာများကိုလည်း ထိန်းချုပ်လာနိုင်မည်။

မိဘအား အသိပညာပေး ခြင်းနှင့်သင်ကြားပေးခြင်း။ ကလေးအားသင်ကြားပေးထားသောအရာများအား အိမ်တွင်လေ့ကျင့်နိုင်သည်။ အက်စ်ပါးဂါးရောဂါရှိသူနှင့်နေထိုင်ရန်စိန်ခေါ်မူများကို အချို့မိသားစုများက ဆွေးနွေးသူများနှင့်တိုင်ပင်ကြသည်။

အသုံးချအပြုအမူဆိုင်ရာသုံးသပ်မှု။ ဆက်ဆံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာများကိုကျွမ်းကျင်စေရန်အသုံးပြုသောနည်းလမ်းဖြစ်သည်။ နည်းပညာရှင်များက ရလဒ်ကောင်းရစေရန် ကလေးအားချီးမွမ်းခြင်းနှင့်အခြား အားပေးမှုများပြုလုပ်သည်။

ဆေးဝါးကုထုံးများ၊အက်စ်ပါးဂါးရောဂါအတိအကျအတွက် ဘက်ဒီအေကခွင့်ပြုထားသောဆေးသီးသန့်မရှိပါ။ သို့သော် အချို့ဆေးများသည် စိတ်ဓါတ်ကျခြင်း စိတ်တိုလွယ်ခြင်းတို့အား သက်သာရန်ကူညီပေးနိုင်သည်။ အောက်ပါဆေးများကိုဆရာဝန်မှပေးနိုင်သည်။

ဆယ်ရိုတိုနင်ပြန်ယူမှုကိုပိတ်သောဆေး၊

စိတ်ဓါတ်ကျမှုတိုက်ဖျက်သောဆေး၊

စိတ်ဓါတ်မြင့်တင်သောဆေး။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအက်စ်ပါးဂါးရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Asperger syndromehttps://www.webmd.com/brain/autism/mental-health-aspergers-syndrome#3 Accessed October 13, 2017
Asperger syndromehttps://www.autismspeaks.org/what-autism/asperger-syndrome Accessed October 13, 2017
Asperger’s Syndrome (Asperger Syndrome, Asperger Disorder)https://www.medicinenet.com/asperger_syndrome/article.htm Accessed October 13, 2017
Asperger’s Syndromehttps://www.healthline.com/health/asperger-syndrome#overview1 Accessed October 13, 2017
Risk Factors For Asperger’s Syndromehttp://www.kennethrobersonphd.com/risk-factors-aspergers-syndrome/ Accessed October 13, 2017

ယခုပုံစံ

28/01/2022

Nadi မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Nadi မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement