backup og meta

ကလေးများတွင်ဖြစ်သော Reactive Attachment Disorder

ကလေးများတွင်ဖြစ်သော Reactive Attachment Disorder

ကလေးများကို စောင့်ရှောက်သူများက ကျွေးမွေးပြုစု ထိန်းကျောင်းသောအခါ သံယောဇဉ် ဖြစ်လာသည်။ ထိုသံ ယောဇဉ်ကြောင့်ပင် ကလေးများသည် အခြားလူများကို ဘယ်လိုယုံကြည်ရန်၊ ချစ်ခင်ရန် သိနားလည်လာသည်။ သို့သော်လည်း အချို့အခြေအနေများတွင် အရွယ်ရောက်ပြီး သူများ သည် ကလေးများအား လုံလောက်စွာ ဂရုမစိုက်ဘဲ သူတို့နှင့် ကလေးများကြားတွင် ဆက်ဆံရေး ပြဿနာများ ရှိလာမည်။ ထိုသို့ထပ်ခါထပ်ခါ ဖြစ်ပါက reactive attachment disorder (RAD) ဖြစ်လာနိုင်သည်။ ၎င်းသည် ကလေးများ၏ အနာဂတ်ဘဝတွင် အဟန့်အတား ဖြစ်လာ လိမ့်မည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Reactive attachment disorder (RAD) ဆိုသည်မှာ ကလေးများသည် သူတို့မိဘများ သို့မဟုတ် စောင့်ရှောက်သူ များနှင့် အချိန်ကြာပြီး အဆင်ပြေသော ဆက်ဆံမှုမရှိခြင်း ဖြစ်သည်။ ရှုပ်ထွေးပြီး ပြင်းထန်သော်လည်း အဖြစ်နည်းသော အခြေအနေတစ်ခု ဖြစ်ပါသည်။ ယေဘုယျအားဖြင့် RAD သည် အသက်၅နှစ်မှစပြီး အချိန်မီ မကုသပါက တစ်သက် တာဖြစ်သော အခြေအနေတစ်ခု ဖြစ်နိုင်သည်။ RAD အမျိုး အစားနှစ်မျိုးရှိသည်။ inhibited နှင့် disinhibited ဖြစ်သည်။

စာရင်းအချက်အလက်များ

ဤရောဂါ၏ ပျံ့နှံ့မှုနှုန်းကို မသိရှိပါ။ ဆေးပညာတွင် တွေ့ကြုံရခဲသည်။ RAD သည် ကလေးများ၏ ၁၀ ရာခိုင်နှုန်း တွင် ဖြစ်ပွားသည်။

ရောဂါလက္ခဏာများ

Inhibited

  • သဘောထား မတူခြင်း
  • နှစ်သိမ့်ခြင်းကို မတုံ့ပြန်ခြင်း
  • ထွက်ခွာသော အပြုအမှုများ
  • ရှောင်ရှားခြင်း
  • အခြားလူများနှင့် ဆက်ဆံရန် ငြင်းပယ်ခြင်း

Disinhibited

  • လက်လွတ်စပယ် ဆက်ဆံရေးရှိခြင်း
  • တွယ်တာမှုပုံစံ ရွေးချယ်ခြင်း
  • အာရုံစိုက်မှု လိုချင်ခြင်း
  • မသင့်လျော်သော ကလေးဆန်သော အပြုအမှုများ
  • ဆက်ဆံရေး နယ်ပယ်များကို ကျူးလွန်ခြင်း

အခြားလက္ခဏာများ

  • ဆက်ဆံရေးရှုထောင့်အရ။ RAD ရှိသောကလေး များသည် ဆက်ဆံရေးတွင် အာဏာပြလိုခြင်း၊ ခြယ် လှယ်ခြင်း၊ မယုံကြည်ရခြင်းတို့ရှိသည်။ အခြားလူများ ၏ ခံစားချက်ကို သံသယဖြစ်လေ့ရှိပြီး အခြားလူများ အပေါ် အပြစ်ပုံချလေ့ရှိသည်။ ထိုကလေးများသည် ချစ်ခြင်းမေတ္တာ ရယူရန် ပေးကမ်းရန် ခက်ခဲသည်။
  • အပြုအမှု ရှုထောင့်အရ။ RAD သည် စိတ်လိုက်မာန် ပါလုပ်တတ်သော၊ တာဝန်မသိသော၊ ဖျက်ဆီးတတ် သော အပြုအမှုများကို ဖြစ်စေသည်။ ဤရောဂါ ရှိသော ကလေးများသည် လိမ်ညာခြင်း၊ ခိုးယူခြင်း သို့မဟုတ် မီးရှို့ခြင်း၊ တိရစ္ဆာန်များကို သတ်ခြင်း စသော ဖျက်ဆီးသော အလုပ်များတွင် ပျော်မွေ့ သည်။ RAD ရှိသော ကလေးသည် ထွေးပွေ့ယုယ ခြင်းကို မကြိုက်ပါ။ ဆေးစွဲခြင်း၊ အရက်စွဲခြင်းတို့ ဖြစ်နိုင်သည်။
  • ကျင့်ဝတ္တရား ရှုထောင့်အရ။ RAD ရှိသော ကလေး များသည် သူတို့လုပ်ရပ်များတွင် သနားကြင်နာခြင်း မရှိပါ။ သံဝေဂ ရခြင်းလည်း မရှိပါ။
  • စိတ်ခံစားမှု ရှုထောင့်အရ။ ကလေးများသည် မျှော်လင့်ချက် ပျောက်ဆုံးနေကြပြီး ကြောက်ရွံ့ကြ သည်။
  • ညဏ်စွမ်းရည် ရှုထောင့်အရ။ RAD ရှိသော ကလေး များသည် အာရုံစိုက်ခြင်း မရှိဘဲ မိမိအပေါ်တွင်ရော အခြား သူများအပေါ်တွင်ပါ ယုံကြည်မှု ပျောက်ဆုံး နေကြသည်။

ဖြစ်စေသော အကြောင်းရင်းများနှင့် သက်ရောက်မှုများ

ဖြစ်စေသော အကြောင်းရင်းများ

ကလေးနှင့် စောင့်ရှောက်သူများကြားတွင် ခိုင်မြဲသော ဆက်သွယ်မှု မရှိခြင်း သို့မဟုတ် ထိုဆက်သွယ်မှု ပြတ်တောက်သွားခြင်းသည် RAD ကိုဖြစ်စေသည်။ ကလေး၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆက်တိုက် လျစ်လျူရှု ထားခြင်းကြောင့်လည်း ဖြစ်ပွားနိုင်သည်။ စောင့်ရှောက်သူ များ မကြာခဏပြောင်းလဲခြင်းသည်လည်း ကလေးနှင့် သူတို့ ကို ထိန်းကျောင်းသူများကြားရှိ ဆက်သွယ်မှုကို ပြတ်တောက် စေနိုင်သည်။

သက်ရောက်မှုများ

RAD သည် ကလေး၏ ရုပ်ပိုင်းဆိုင်ရာနှင့် ညဏ်ရည်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သည်။ ခန္ဓါကိုယ် ကြီးထွားမှု နှေးခြင်း သို့မဟုတ် သင်ယူနိုင်စွမ်း နှေးခြင်းတို့ ဖြစ်နိုင်သည်။ သူတို့တွင် စိတ်အနှောင့်အယှက်ပေးသော အပြုအမှုများ ဖြစ်ပေါ်လာပြီး သူတို့၏ ဘဝ ဆက်ဆံရေးကို ပျက်စီးစေသည်။ စိတ်ဖိစီးခြင်းနှင့် စိတ်ဓါတ်ကျခြင်းကိုလည်း ပို၍ ခံစားရသည်။ ၎င်းတို့သည် ဆေးစွဲခြင်းကို ဖြစ်စေသည်။

ကုသမှု

RAD အတွက်ကုသမှုသည် စောင့်ရှောက်သူများအပေါ် တွင် မူတည်သည်။ ကလေးနှင့် စောင့်ရှောက်သူများ၏ ဆက်ဆံရေးကို ထိခိုက်စေသော ပြဿနာကို ရှာဖွေပါ။ ကလေးနှင့် သံယောဇဉ် ဖြစ်လာစေရန် ကလေးပြုစုပျိုးထောင် ခြင်း နည်းလမ်းများကို သင်ယူနိုင်သည်။ RAD ကို ကုသရန် ဆေးဝါးမရှိသော်လည်း ကုထုံးဖြင့် ကုနိုင်သည်။ ကုထုံးတွင် ကလေးနှင့် စောင့်ရှောက်သူများသည် သူတို့၏ အတွေးများ၊ စိတ်ခံစားမှုများကို ဖော်ထုတ်နိုင်သည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reactive Attachment Disorder. http://www.webmd.com/mental-health/mental-health-reactive-attachment-disorder#2 Accessed March 27, 2017

Reactive attachment disorder. http://www.mayoclinic.org/diseases-conditions/reactive-attachment-disorder/basics/definition/con-20032126/ Accessed March 23, 2017

ယခုပုံစံ

10/08/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement