backup og meta

6 ပတ်သားကလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ

ဘယ်လိုဖွံ့ဖြိုးလာလဲ

အပြုံးလေးတွေကတော့ ကမ္ဘာနဲ့အနှံ့ အနန္တပါပဲ။ သင့်ရဲ့ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဂရုစိုက်မှုတွေအတွက် ပြန်ရလာမယ့် သင့်တစ်ဦးထဲအတွက်ဖြစ်တဲ့ တောက်ပရွှင်လန်းနေတဲ့ အပြုံးတွေကိုရင်ဆိုင်ဖို့အသင့်သာပြင်ထားပါတော့။ သင့်နှလုံးသားကိုအရည်ပျော်ကျသွားစေမှာပါ။ ဒီတစ်လပြည့်လို့ ဒုတိယမြောက်အပတ်မှာဆိုရင်တော့ ကလေးလေးဟာ ခေါင်းလောင်းမြည်သံစသည်ဖြင့် အသံလေးတွေကို စိုက်ကြည့်နေတာ၊ ငိုတာ ဒါမှမဟုတ် တိတ်ပြီးငြိမ်သွားတာမျိုး နည်းလမ်းတစ်မျိုးမျိုးနဲ့ ပြန်တုံ့ပြန်တတ်လာပါပြီ။

သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

တချို့အိပ်ခြင်းနဲ့ဆိုင်တဲ့သုတေသနပညာရှင်တွေကတော့ ကလေးငယ်လေးတွေကို အိပ်မပျော်သေးခင် မျက်ကြောစဉ်းနေချိန် အိပ်ရာထဲထည့်သိပ်ဖို့အကြံပေးထားပါတယ်။ ဒီနည်းဟာ ကလေးတွေကို သူ့တို့ဖာသာအိပ်ပျော်တတ်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါဟာ ညအချိန်မတော် သူတစ်ယောက်ထဲ နိုးလာတဲ့အခါမျိုးမှာ သူ့အတွက်ရော သင့်အတွက်ရော ကောင်းကျိုးပေးပါလိမ့်မယ်။ ဒီအချက်ကိုအောင်မြင်ဖို့အတွက် ညဘက်ရေနွေးနွေးလေးချိုးပေးတာမျိုး၊ အသာအယာနှိပ်နယ်ပေးတာမျိုး၊ အိပ်ရာဝင်ပုံပြင်ပြောပြာတာမျိုးလေးတွေနဲ့ အိပ်ချိန်မှန်အောင်ကျင့်ပေးခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။ ဒီလိုအကျင့်တစ်ခုတည်ဆောက်ပေးလိုက်ခြင်းဟာ ကလေးငယ်ကို မိမိကိုယ်ကိုယ်အားကိုးတတ်တဲ့ အကျင့်လေးတစ်ခုလည်း မသိမသာထည့်ပေးလိုက်ရာရောက်ပါတယ်။

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နဲ့ဘာတွေဆွေးနွေးသင့်လဲ

သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန်ကရက်ချိန်းပေးစစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပါတယ်။ ဒါပေမယ့် ခုအချိန်မှာ ဆေးခန်းသွားပြခဲ့ရင်တော့ ဒီအရာတွေ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

• ကလေးဟာ ကိုယ်အလေးချိန်တက်ဖို့နှေးနေသလား၊ ရောဂါတစ်မျိုးမျိုးရနေသလား

• ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ကလေးကျန်းမာရေး၊ အပြုအမူ၊ အိပ်ခြင်းစားခြင်းတွေနဲ့ပတ်သတ်ပြီး ပြဿနာ၊ စိတ်ပူစရာရှိသလား

ဘာသိသင့်လဲ

သင်သိသင့်တဲ့အရာတချို့ကတော့-

ကလေးအာဟာရ

မိခင်နို့မတိုက်ကျွေးနိုင်ပါကလည်း စိတ်ပူမနေပါနဲ့၊ သင့်ကလေးအပါအဝင် ကလေးတွေကို နို့ဘူးတိုက်ခြင်းဟာလည်း နည်းစနစ်မှန်ပါက ကျန်းမာပျော်ရွှင်စေပြီး လုံလောက်တဲ့ကိုယ်အလေးချိန်ရစေပါတယ်။ အချိုးအဆများများဖျော်မိရင်တော့ အရမ်းဝလာစေပြီး တခြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ သူတို့အန်ထုတ်မယ်၊ ဗိုက်နာမယ်၊ အရမ်းအလေးချိန်တက်လာမယ်ဆိုရင်တော့ အချိုးများနေပါပြီ။ ကလေးလေးအတွက် တစ်ကြိမ်တိုက်ရင် ဘယ်လောက်တိုက်ရမယ် ၊ ဘယ်လိုဖျော်ရမယ်ဆိုတာ ကလေးဆရာဝန်ကညွှန်ပြပြောပြပါလိမ့်မယ်။

ဒီအရွယ်မှာ ဆရာဝန်က ဗီတာမင် ဒီ၊ သံဓါတ် ကဲ့သို့ ဗီတာမင်တချို့နဲ့ အားဆေးတချို့ညွှန်ပေးပါလိမ့်မယ်။

အိပ်တဲ့အနေအထား

ကလေးလေးတွေကိုသိပ်တဲ့အခါမှာ ကျောနဲ့အိပ်စေခြင်းကအကောင်းဆုံးပါ။ ကျောနဲ့အိပ်ပါက နှာခေါင်းပိတ်ခြင်း ကဲ့သို့ပြဿနာတချို့နဲ့ ဖျားနာခြင်းတို့ကိုပါသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ ကလေးကိုကျောနဲ့သာအိပ်တတ်ဖို့ သိပ်ပေးပါ၊ တဖြေးဖြေးနဲ့ သူတို့အကျင့်ရလာပြီး သက်တော့သက်သာရှိလာပါလိမ့်မယ်။

အသက်ရှူခြင်း

မွေးကင်းစကလေးငယ်တွေရဲ့ ပုံမှန်အသက်ရှူနှုန်းဟာ နိုးနေစဉ်မှာ တစ်မိနစ်လျှင် အကြိမ်လေးဆယ်လောက်ရှိပါတယ်။ အိပ်ချိန်မှာနှေးသွားတတ်ပြီး အကြိမ်နှစ်ဆယ်လောက်ထိလျော့သွားနိုင်တယ်။ ဒါပေမယ့်သင့်ကိုလန့်စေတာကတော့ ကလေးအိပ်နေစဉ်မှာ အသက်ရှူမမှန်ဖြစ်ခြင်းပါ။ ကလေးက ၁၅ စက္ကန့် စက္ကန့် ၂၀ လောက် မြန်မြန်သွက်သွက်အသက်ရှူကာ ၁၀စက္ကန့် ဝန်းကျင်လောက်ရပ်သွားပြီး ပြီးမှတဖန်ဆက်ရှူတာမျိုးရှိပါတယ်၊ ဒါကပုံမှန်ပါ။ ဒါဟာ ကလေးငယ်တွေရဲ့ ဦးနှောက်က အသက်ရှူစနစ်ကိုထိန်းချုပ်တဲ့နေရာက ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ပါ။

ချက်သန့်ရှင်းရေး

ချက်ကြိုးနေရာ ရောဂါပိုးဝင်ခြင်းကဖြစ်ခဲပါတယ်။ သင့်ကလေးရဲ့ချက်နေရာကိုဂရုတစိုက်ထားပြီး ကလေးကလည်းခြောက်သွေ့သန့်ရှင်းနေရင် ပိုလို့တောင်ဖြစ်ခဲပါသေးတယ်။ တကယ်လို့ချက်ကြိုးက သို့မဟုတ် ချက်ကြိုးနေရာတဝိုက်အရေပြားမှာ နီရဲနေမယ်၊ အထူးသဖြင့် အနံ့ထွက်နေမယ်ဆိုရင်တော့ ဆရာဝန်ဆီအမြန်သွားပြပါ။ ရောဂါပိုးဝင်နေတာဖြစ်ပါက ဆရာဝန်က ဆေးညွှန်ပေးပါလိမ့်မယ်။ ကလေးချက်ကြိုးဟာ များသောအားဖြင့် ကလေးတစ်ပတ်သား၊ နှစ်ပတ်သားအရွယ်မှာ ခြောက်ပြီးကြွေကြတတ်ပါတယ်။ ကြွေကျစဉ်မှာ သွေးအနည်းငယ် ဒါမှမဟုတ် သွေးကဲ့သို့အရည်အနည်းငယ်စီးကျလာတတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ပြီးစိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် ကြွေကျပြီး လုံးဝပိတ်မသွားဘူးဆိုရင် ဒါမှမဟုတ် နှစ်ပတ်အတွင်းတိုင်အောင် မခြောက်သေးဘူးဆိုရင်တော့ ဆရာဝန်ဆီခေါ်သွားရပါမယ်။

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

သင်ဂရုစိုက်သင့်တဲ့အရာတွေကတော့-

ကလေးလေးရဲ့အိပ်စက်ခြင်း

သင့်ရဲ့ရင်သွေးငယ်လေးအိပ်နေတာကို ကြည့်ရတာလောက် ပျော်စရာကောင်းတာရှိတော့မှမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးလေးကသင့်လက်ပေါ်မှာအိပ်ပျော်သွားပြီး သင့်မှာတခြားလုပ်စရာတွေရှိသေးတယ်ဆိုရင်တော့ ကလေးကိုအိပ်ရာပေါ်အသာရွှေ့ကာ ဆယ်မိနစ်ခန့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်ထိစောင့်သင့်ပါတယ်။

• ကလေးကိုအိပ်ရာပေါ်တင်လိုက်ပါ၊ ပထမရက်သတ္တပတ်တွေမှာ ကလေးသွင်းရထုတ်ရလွယ်သော ပုခတ်မျိုးအသုံးပြုပါ၊

• ကလေးအခန်းအလင်းရောင်ကိုလျှော့လိုက်ပါ။

• ကလေးကိုသိပ်ရမယ့်နေရာနဲ့ သူအိပ်ပျော်သွားတဲ့နေရာဝေးပါက သင်သယ်သွားချိန် နိုးသွားနိုင်တာကြောင့် သူ့အိပ်ရာ၊ ပုခတ်နားမှာပဲ နို့တိုက်ခြင်း၊ ချော့သိပ်ခြင်း ပြုလုပ်သင့်ပါတယ်။

• ကလေးကိုပုခတ်ထဲထည့်ရလွယ်မည့် လက်ပေါ်မှာသိပ်ပါ။

• ခဏစောင့်ကြည့်ပြီး

• သားချော့တေးဆိုပေးပါ။

ငိုခြင်း

ခုအချိန်ထိ ကလေးလေးကငိုနေတုန်းပါပဲ။ ဒါဆိုရင် သင်သုံးကြည့်နိုင်မယ့် နည်းလေးတွေပါ။ နည်းအမျိုးမျိုးသုံးကြည့်တာထက်စာရင် နည်းမှန်လမ်းမှန်သုံးတစ်မျိုးမျိုးသုံးကြည့်သင့်ပါတယ်။

• ပြန်တုံ့ပြန်ပါ။ ငိုတိုင်းတုံ့ပြန်ခြင်းဟာ ကလေးကိုအလိုလိုက်ရာမကျပါဘူး။ မှီခိုလွန်းသွားမှာလည်းမပူပါနဲ့၊ ကလေးငိုတဲ့အခါ ပွေ့ချီချော့မြှူပါ။

• အခြေအနေကိုသုံးသပ်ပါ။ ကလေးကငိုချင်လို့ငိုတာလို့ တွေးမယ့်အစား ဘာကြောင့်ငိုတာလဲဆိုတာကို ရှာသင့်ပါတယ်။

• နီးကပ်စွာနေပါ။ တစ်နေ့အနည်းဆုံးသုံးနာရီလောက် ချီထားပေးပါက အငိုနည်းတယ်လို့ဆိုပါတယ်။

• အနှီးဖြင့်သေချာထုတ်ပါ။ တင်းကျပ်စွာ အနှီးထုတ်ထားခြင်းဟာ ကလေးတွေလေထိုးလေအောင့်တတ်တဲ့အချိန်တွေမှာ အမတန်သက်သာစေပါတယ်။

• ပွေ့ဖက်ပါ၊ လုံခြုံမှုခံစားရစေပါတယ်။

• ကလေးငယ်ဝမ်းဗိုက်ကိုအသာအယာ သပ်ပေး၊ ဖိပေးပါ။ မအီမသာဖြစ်ခြင်းသက်သာစေပါတယ်။

• နို့တိုက်ပါ၊ ချိုလိမ်ပေးထားပါ

• အပြောင်းအလဲဖြစ်ပါစေ။ တခြားလူတစ်ယောက်က ပွေ့စေခြင်းဖြင့် အပြောင်းအလဲတစ်ခုစပေးပါ။

• လေကောင်းလေသန့်ရပါစေ။

• နို့မတိုက်ခင် မျိုထားမိသောလေများ လျော့စေရန် လေချဉ်တက်ပါစေ။

• ချော့ပါ၊ မြူပါ။ ကစားပေးပါ။

• ဗိုက်ဆာလို့ငိုတာလားစစ်ဆေးကြည့်ပါ။

• ဆရာဝန်နဲ့တိုင်ပင်ပါ။

ဒီအခက်အခဲကို တခြားလူများဖြင့် ဝေမျှဖြေရှင်းခြင်းဖြင့် သင်လည်းစိတ်သက်သာရာရပါစေ။

ဆဌမပတ်ကိုဖြတ်သန်းလာခဲ့ပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ မပူပါနဲ့၊ ဘယ်လိုတွေကြုံနေရ ကြုံနေရ သင်ဟာတစ်ယောက်ထဲမဟုတ်ပါဘူး။

နောက် ၇ပတ်မြောက်မှာလည်း သင့်ကိုကူညီပေးဖို့ ကျွန်ုပ်တို့ရှိနေမှာပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

American Academy Of Pediatrics. American Academy of Pediatrics Caring for Your Baby and Young Child, Birth to Age 5 6th Edition. New York: Bantam, 2014. Print Ed

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print Ed

Your 6-weekk-old. http://www.babycenter.com/6_your-6-week-old_1136.bc. Accessed date 04/06/2015

ယခုပုံစံ

02/06/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement