backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

5 ပတ်သားကလေး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

5 ပတ်သားကလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ

ဘယ်လိုဖွံ့ဖြိုးလာလဲ

ပထမဆုံးတစ်လပြည့်ပြီး အပတ်မှာပဲ သင့်ရင်သွေးလေးဟာ သူတို့မှောက်လျက်အနေအထားမှာဖြစ်ဖြစ် ခဏလောက်လေး ခေါင်းမော့နိုင်နေပါပြီ။ ဒါ့အပြင် တခြားလူတွေရဲ့မျက်နှာတွေကိုလည်း အာရုံစိုက်ကြည့်တတ်လာပြီ၊ အထူးသဖြင့် သူ့အနားမှာ အမြဲစောင့်ရှောက်နေတဲ့ သင့်ကိုပေါ့။

ခုအချိန်မှာဆိုရင် ကလေးလေးတွေဟာ တအီအီတအဲအဲ နဲ့ သူ့တို့ခံစားချက်လေးတွေကို အသံမျိုးစုံနဲ့ ဖော်ပြတတ်လာပြီ တခါတရံမှာ အသံစူးနေအောင်ထအော်တာမျိုး၊ ခိုးခိုးခစ်ခစ်ရယ်တာမျိုးလေးတွေပါ ရှိလာတတ်ပါတယ်။

သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

သူတို့ကိုမြှူပါ၊ စနောက်ပါ၊ အမြဲသူတို့ကိုပြန်ဖြေပါ၊ စကားလေးတွေပြောပေးနေပါ။ ဒီအချိန်မှာဆိုရင် သူတို့ကအာရုံစိုက်မှုရတာကို နှစ်ခြိုက်တတ်လာပါပြီ။ ဒါကြောင့် သူတို့နဲ့တိုက်ရိုက်စကားတွေပြောပေးပါ။ ကလေးလေးတွေနဲ့အဆင်ပြေမယ့်ပုံစံမျိုးနဲ့ ပြောတာမျိုး၊ စကားလေးတွေသင်ပေးတာမျိုးလည်း ပြုလုပ်ပေးပါ။ ရင်သွေးလေးနဲ့ အမြဲဆက်သွယ်ပြောဆိုနေတာဟာ သူနဲ့မိခင်ကြားမှရင်းနှီးမှုတွေတိုးလာစေပါတယ်။

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နဲ့ ဘာတွေဆွေးနွေးသင့်လဲ

သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန်ကရက်ချိန်းပေးစစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပါတယ်။ ဒါပေမယ့် ခုအချိန်မှာ ဆေးခန်းသွားပြခဲ့ရင်တော့ ဒီအရာတွေ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

  • ကလေးရဲ့စားသောက်အိပ်စက်ခြင်းတွေအပါအဝင် ဖြစ်ရပ်အမျိုးမျိုးနှင့် ကလေးလေးရော၊ သင်တို့မိသားစုရော အိမ်မှာနေထိုင်မှုပုံစံအကြောင်း
  • ကလေးရဲ့ကလေးချိန်၊ အရပ်၊ ခေါင်းလုံးပတ်နဲ့ မွေးစကစပြီး ကြီးထွားလာမှုအဆင့်ဆင့်အခြေအနေ
  • ကလေးရဲ့မြင်နိုင်၊ ကြားနိုင်စွမ်းတွေအကြောင်း

ဘာသိသင့်လဲ

သင်သိသင့်တဲ့အရာတစ်ချို့ကတော့

ပြန်ထွေးထုတ်ခြင်း

ပထမလအနည်းငယ်မှာဆိုရင် ကလေးငယ်လေးတွေဟာ ကျွေးတာကို ထွေးထွေးထုတ်တတ်ကြပါတယ်၊ တချို့ဆိုရင် ကျွေးသမျှပြန်ထွေးထုတ်တတ်တယ်။ တခါတလေမှာတော့ သူတို့စားတာများနေပြီဖြစ်တဲ့အတွက် ဉာဏ်ရှိရှိနဲ့ တမင်ထွေးထုတ်ကြတာဖြစ်တယ်။ ဒီလိုထွေးထုတ်တတ်တာအတွက် ဖြေရှင်းလို့ရမယ့်နည်းတော့မရှိပေမယ့် တခါတလေမှာ သူတို့စားချိန်မရောက်ခင်မှာ ပါးစပ်နဲ့လေရှူပြီး လေတွေမျိုချခြင်းကို လျှော့ချကြည့်နိုင်ပါတယ်။ သာမန်ထွေးထုတ်ခြင်းဟာ ကုသနည်းမရှိသလို စိုးရိမ်စရာမရှိပေမယ့် တချို့သောထွေးထုတ်ခြင်းတွေကတော့ ပြဿနာတစ်ချို့ကိုညွှန်ပြနေတာပါ။ တကယ်လို့ကလေးက ကိုယ်အလေးချိန်တွေကျလာတယ်၊ ပျို့နေတယ်၊ ချောင်းဆိုးနေတယ်၊ ဒါမှမဟုတ် အညိုရောင်၊ အစိမ်းရောင်တွေ အန်နေတယ်ဆိုရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။

နို့နှင့်မတည့်ခြင်း

နို့နဲ့မတည့်ခြင်းဟာ ကလေးတွေမှာ တွေ့ရတတ်တဲ့ အစာမတည့်ခြင်းတစ်မျိုးပါ။ နို့မတည့်ခြင်း ပြင်းပြင်းထန်ထန်ရှိတဲ့ ကလေးတွေဟာ ခဏခဏအန်ခြင်း၊ ဝမ်းအရည်များသွားခြင်းရှိတတ်ပြီး တခါတလေဝမ်းထဲမှာ သွေးစများပါပါတတ်ပါတယ်။ တချို့နို့နဲ့မတည့်သော ကလေးတွေဟာဆိုရင် နို့နဲ့ထိတွေ့မိပါက နှင်းခူ၊ ယားနာများပေါက်ခြင်း၊ နှာရည်ထွက်ခြင်း၊ နှာပိတ်ခြင်းတွေပါဖြစ်တတ်ပါတယ်။ နို့နဲ့တည့်မတည့် ကြိုစမ်းသပ်လို့ရနိုင်မယ့်နည်းမရှိဘဲ ထိုကဲ့သို့ကြုံလာမှသာ သိနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ နို့နဲ့မတည့်တဲ့လက္ခဏာတွေတွေ့နေပါက တစ်ခုခုမဆောင်ရွက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

ဝမ်းအခြေအနေ

မိခင်နို့တိုက်ကျွေးတဲ့ ကလေးငယ်တွေမှာ ဝမ်းပျော့ပျော့သွားတာ၊ တခါတလေ ဝမ်းအရည်များသွားခြင်းဟာ သာမန်အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် အနံ့ပြင်းပြီး ချွဲတွေပါလာတတ်တဲ့ ဝမ်းအရည်တွေခဏခဏသွားနေရင်မယ်၊ ကိုယ်အလေးချိန်လျော့တာတွေ၊ ဖျားတာတွေပါရှိမယ်ဆိုရင်တော့ ဝမ်းလျှောတဲ့အခြေအနေဖြစ်နေပြီး မိခင်နို့တစ်မျိုးထဲသောက်နေတဲ့ ကလေးတွေမှာ ဖြစ်လေ့မရှိသင့်တဲ့အခြေအနေဖြစ်ပါတယ်။ တကယ်လို့ ဝမ်းလျှောခဲ့ရင်လည်း မိခင်နို့တစ်မျိုးသာသောက်သုံးတဲ့ကလေးတွေက နို့ဘူးသောက်ကလေးတွေထက် ပိုမြန်မြန်ပြန်ကောင်းနိုင်ပါတယ်။

တချို့သောနို့ဘူးသောက်ကလေးငယ်တွေဟာ တခါတရံ ဝမ်းသွားတာ သုံးလေးရက်လောက်ခြားတတ်ပေမယ့် ဒါကသာမန်ပါ။ ဒါပေမယ့် တကယ်လို့ သူတို့ဝမ်းကပုံစံပျက်နေရင် ဒါမှမဟုတ် မာခဲနေရင် ဒါမှမဟုတ် စအိုဝထိခိုက် ကွဲရှနေပြီး နာကျင်မှုရှိရင်၊ သွေးစသွေးနပါလာတတ်ရင်တော့ ကလေးဟာဝမ်းချုပ်နေပါပြီ။ ကလေးဝမ်းချုပ်နေမှန်းသိလျှင်သိချင်း ဆရာဝန်နဲ့အမြန်ဆုံးဆက်သွယ်သင့်ပါတယ်။ ဒီအခြေအနေအတွက် ဆရာဝန်ရဲ့ညွှန်ကြားချက် အကြံဉာဏ်အတိုင်း ကလေးကိုရေများများသောက်စေသင့်ပါတယ်။

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

ခုအချိန်မှာဆိုရင် သင်သတိထားသင့်တာတွေအများကြီးရှိပါတယ်။

ပထမအနေနဲ့ ကလေးဟာအာဟာရလုံလုံလောက်လောက်ရရဲ့လားဆိုတာ ဒီအချက်တွေကိုသတိထားကြည့်သင့်ပါတယ်။

  • နို့မတိုက်ခင်သေးခံလဲတိုင်း သေးခံစိုနေခြင်း
  • ကလေးဆီးအရောင်မဲ့ခြင်း
  • အားရပါးရနို့စို့ခြင်း၊ မျိုချသံများကြရခြင်း
  • နို့သောက်ပြီးတိုင်း ကျေနပ်ရွှင်မြူးသွားပုံပေါ်ခြင်း
  • သင့်ရင်သားနို့များနှင့်ပြည့်လျှံလာခြင်း
  • နို့များစီးကျသွားသည်ကိုခံစားမိခြင်း
  • ကလေးမွေးပြီးသုံးလလောက်ထိ ရာသီမလာခြင်း တို့ဖြစ်တယ်။

သင့်ကလေးလေးကောင်းကောင်းအိပ်ရန် ဒီအချက်တွေလုပ်ပေးနိုင်ပါတယ်

  • သက်တောင့်သက်သာနေရာဖြစ်စေခြင်း
  • အခန်းအပူချိန်သင့်တင့်စွာထားရှိခြင်း
  • ပတ်ဝန်းကျင်အေးချမ်းဆိတ်ငြိမ်ခြင်း
  • နေ့ဘက်တွေမှာလုံလောက်စွာအိပ်စက်စေခြင်း
  • ကလေးအခန်းကိုနေအလင်းရောင်ရစေခြင်း

ငါးပတ်မြောက်ရက်သတ္တပတ်ကို ဖြတ်သန်းလာခဲ့ပြီးပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။

နောက်တစ်ပတ်မှာလည်း သင့်ကလေးလေးက ဘယ်လိုဖွံ့ဖြိုးပြောင်းလဲဦးမလဲ ကြည့်လိုက်ရအောင်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement