ကလေးများကို ကောင်းကောင်းမွန်မွန်ပြုမူစေချင်သည့်အခါ သင့်စကားနားထောင်စေချင်သည့်အခါ ချိုချဉ်၊ သကြားနှင့်လုပ်သည်များကို မပေးပါနှင့်။ လူတိုင်းလိုလို ထိုသို့ပြောကြပါသည်။ ရာစုနှစ်များစွာကြာသည်အထိ သကြားသည် ကလေးများတွင် အငြိမ်နေခြင်း ဆူပူသောင်းကျန်းခြင်းနှင့် ဆက်စပ်ကြောင်း ယုံကြည်ခဲ့ကြသည်။
အကျိုးအပြစ်ဆက်စပ်မှုကို တိတိကျကျလေ့လာပြီးနောက် ထိုယုံကြည်မှုသည် အချက်အလက်တစ်ခုအနေနှင့်ဖြစ်လာပါသည်။ အံ့သြစရာကောင်းသည်က မကြာသေမီကလုပ်ထားသော သုတေသနများတွင်တော့ ၎င်းနှင့်ဆန့်ကျင်ဖက်ကို သက်သေပြထားနိုင်ခဲ့ပါသည်။
သကြားနှင့် ကလေးအငြိမ်မနေခြင်း ဆက်စပ်ပုံကို ဘာကြောင့် လူတွေကယုံကြည်ကြတာလဲ။
– လမ်းလျှောက်တတ်စအရွယ်များတွင် သကြားနှင့် အငြိမ်မနေခြင်း ဆက်စပ်မှုရှိကြောင်းကို ၁၉၇၃ ခုတွင် ဓာတ်မတည့်မှုကျွမ်းကျင်သူ Benjamin Feingold, M.D သည် Feingold diet (ဖြည့်စွက်ပစ္စည်းကင်းသည့် အစာ) အကြောင်း တင်ပြခဲ့သည်။ ထိုမှတ်တမ်းသည် သူ၏ယခင်သုတေသနဖြစ်သော ဖြည့်စွက်ဓာတုပစ္စည်းများနှင့် ကလေးများ၏ အငြိမ်မနေမှုအပေါ် ဆက်စပ်ချက်ပေါ် အခြေခံထားခြင်းဖြစ်သည်။ Feingold diet ဆိုသည်မှာ အရသာတု၊ တာရှည်ခံဆေးနှင့် အရောင်ဆိုးဆေး စသည့် ဖြည့်စွက်ပစ္စည်းများကို ဖယ်ထုတ်ထားသည့်အစာ ဖြစ်သောကြောင့် သကြားသည် လူသိများသည့် ဖြည့်စွက်ပစ္စည်း ဖြစ်လာခဲ့ပါသည်။
– ကျွမ်းကျင်သူများက ထိုသိုဖြစ်ရသည်မှာ ကလေးများသည် ပါတီများ ပျော်ပွဲရွှင်ပွဲများတွင် ပိုအငြိမ်မနေတတ်ကြကြောင်း၊ ထိုနေရာမျိုးများတွင် သကြားသည် အဓိက ဆွဲဆောင်မှုလိုဖြစ်လာကြောင်း၊ မိဘများကလည်း ထိုအချက်ကိုသတိထားမိပြီး ကလေးများ အငြိမ်မနေခြင်းနှင့် သကြားလုပ်မုန့်များစားသုံးခြင်း ဆက်စပ်နေသည်ကို ယူဆကြောင်းဖြစ်မည်ဟု ယုံကြည်ကြ၏။
သိပ္ပံနည်းကျဖြေရှင်းချက်များက သကြားကြောင့် အငြိမ်မနေခြင်းဆိုသည်ကို ဖျက်စီးလိုက်နိုင်ပါပြီ
– သကြားကြောင့်ဖြစ်ရသည့်သီအိုရီကို လူသိများသော်လည်း လမ်းလျှောက်စအရွယ်များ အငြိမ်မနေခြင်းနှင့် သကြားစားခြင်းကြား ဆက်စပ်မှုကို ထောက်ခံနိုင်မည့် သက်သေမရှိပါ။
– Abnormal Child Psychology ဂျာနယ်တွင် ၁၉၉၄ ခုနှစ်၌ ဒေါက်တာ Mark Wolrach ဖော်ပြခဲ့သည့် သုတေသနတွင် မူကြိုအရွယ် ကလေးအုပ်စုနှစ်စု တစ်စုခွဲပြီးလေ့လာခဲ့သည်။ တစ်စုတွင် ပုံမှန်ကလေးများပါပြီး နောက်တစ်စုတွင် သကြားကြောင့် အငြိမ်မနေဖြစ်ရသည်ဟု တင်ပြထားသောကလေးများ ပါဝင်ပြီး ထိုအုပ်စုနှစ်စုကို ဆူးခရိုစ်၊ အက်စ်ပါတိမ်း သို့မဟုတ် ဆက်ချာရင် (နောက်နှစ်ခုမှာ ကလေးများ၏ အပြုအမူနှင့်မသက်ဆိုင်ကြောင်း ယူဆထားပါသည်။) ပါသည့် အချိုရည်များကို တိုက်ကျွေးလိုက်သည်။
အငြိမ်မနေမှုကိုစစ်ဆေးသည့် နောက်ပိုင်းစစ်ဆေးမှုများတွင် သိသာလောက်သည့် ပြောင်းလဲမှုများ ဖြစ်မလာသလို အုပ်စုနှစ်ခုကို စီမံညွှန်ကြားပုံမတူသည်များလည်း ရှိခဲ့ပါသည်။ ထိုကဲ့သိုသော် စမ်းသပ်မှုမျိုးကို ရေးလ်ဆေးတက္ကသိုလ်မှ ဒေါက်တာ Shaywitz က ပြုလုပ်ခဲ့ပြီး အက်စ်ပါတိမ်း အမြင့်ဆုံးပမာဏပေးသော်လည်း တူညီသည့်ရလဒ်သာရခဲ့ကြောင်း တင်ပြထားပါသည်။
– စိတ်ဝင်စားစရာကောင်းသည်မှာ ဒေါက်တာ Wolrach ၏ လေ့လာမှုဖြစ်သည်။ ၃၅ ယောက်သော မိခင်များက သူတို့၏သားသမီးများ သကြားစားပြီးနောက် အငြိမ်မနေမှုများ ဖြစ်လာကြောင်း သူ့ကိုတင်ပြခဲ့သည်။ သို့သော် အမှန်တွင် တစ်ဦးမဟုတ် တစ်ဦးတွင် အက်စ်ပါတိမ်း သို့မဟုတ် ဆက်ချာရင်ကိုသာ ပေးထားခြင်းဖြစ်ပါသည်။ အမှန်တွင် ယခုလို ပစ္စည်းအတုနှင့်စမ်းသပ်ခြင်းက လူ့စိတ်ကြောင့် ဖြစ်လာရကြောင်းကို ပိုပြီးပြသနိုင်ခဲ့ပါသည်။ “လူတွေသာ သကြားစားလို့ ကလေးတွေ အငြိမ်မနေဖြစ်ရတယ်လို့ ယုံကြည်ထားရင် အဲ့လိုပဲမြင်နေမှာပါ” ဟု ဒေါက်တာ Wolrach က ပြောကြားခဲ့ပါသည်။
ဒါဆို အိမ်တွင်းအစားအသောက်များတွင် သကြားစားခြင်းကို ဘာကြောင့် ကန့်သတ်သင့်နေသေးတာလဲ။
သကြားက အငြိမ်မနေမဖြစ်တတ်သော်လည်း သွားပိုးစားခြင်း၊ အဝလွန်ခြင်းနှင့် ဆီးချိုရောဂါတို့လို အန္တရာယ်များ ဖြစ်နိုင်ပါသည်။ ထို့အပြင် တခြားသော အပြုအမူဆိုင်ရာ ပြဿနာများဖြစ်သော အာရုံစိုက်မရခြင်း သကြားကြောင့်အင်ဆူလင်ကိုများစေရာမှ စိတ်ဓာတ်ကျမှု ပိုဖြစ်လာခြင်းတို့နှင့်လည်း ဆက်နွယ်နေပါသည်။ တစ်နည်းမဟုတ် တစ်နည်းနှင့် သကြားကို ရွေးချယ်သုံးသင့်သလို သင်ရောသင်ကလေးစားမည့် အစာများမှပါ ကန့်သတ်သုံးစွဲရန် လိုအပ်ပါသည်။
[embed-health-tool-vaccination-tool]