backup og meta

စမုန်စပါးပင် ရဲ့ ကျန်းမာရေးအာနိသင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စမုန်စပါးပင် ရဲ့ ကျန်းမာရေးအာနိသင်

    စမုန်စေ့က လူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပေမယ့် ဒီ စမုန်စေ့ကို ရတဲ့ စမုန်စပါးပင် ကိုတော့ သိထားမိသူ နည်းနိုင်ပါတယ်။ စမုန်စပါးပင်က ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ဒီတစ်ခေါက်တော့ စမုန်စပါးပင် ရဲ့ ကျန်းမာရေးအာနိသင် အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    စမုန်စပါးပင်ဆိုတာ

    စမုန်စပါးပင် ဆိုတာ နံနံပင်လိုမျိုး ဟင်းခတ်အမွှေးအကြိုက် တစ်မျိုးပါ။ အပင်က အရမ်းမကြီးပါဘူး။ အရွက်က အစိမ်းရောင်ရှိပြီး ရှည်မျောမျော အရွက်ဖြာလေးတွေပါ။

    အသုပ်တွေထဲ ထည့်တာ၊ ငါးဟင်း၊ ကြက်သားဟင်းတွေ ထဲကို ဟင်း အရသာ တိုးအောင် ထည့်ကြပါတယ်။ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက် စတာတွေကို ကင်တဲ့အခါမှာလည်း အနံ့အရသာ တိုးစေဖို့ အသုံးပြုလို့ ရပါတယ်။

    စမုန်စပါးပင် မှာပါတဲ့ အာဟာရဓာတ်များ

    ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများကြတဲ့ စမုန်စပါးပင်မှာ

  • ကယ်လ်လိုရီ
  • ပရိုတင်း
  • အဆီဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • သဘာဝ သကြားဓာတ်
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • ပိုတက်ဆီယမ်
  • ဗီတာမင် A
  • ဗီတာမင် C တို့ပါဝင်ပါတယ်။
  • စမုန်စပါးပင် ကပေးတဲ့ ကျန်းမာရေး

    ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသလို ဟော့ပေါ့ထဲ ထည့်စားလေ့ရှိတဲ့ စမုန်စပါးပင်က အခုလို ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။

    လေနာ သက်သာစေတယ်

    ဘေဘီလေးတွေမှာဖြစ်တဲ့ လေနာ သက်သာစေဖို့အတွက် စမုန်စပါးကို အသုံးပြုပေးလို့ ရပါတယ်။ စမုန်စပါးပင်ရဲ့ အဆီအနှစ်ကို လိမ်းပေးတာက ဘေဘီလေးတွေကို လေနာ သက်သာစေမှာပါ။

    အစာခြေစနစ်ကို ကျန်းမာစေတယ်

    လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အစာခြေစနစ်ကို ကျန်းမာစေဖို့အတွက် စမုန်စပါးကို အသုံးပြုခဲ့ကြပါတယ်။ အစာအိမ် အောင့်တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ သက်သာစေဖို့အတွက် စမုန်စပါးကို စားသုံးပေးလို့ရပါတယ်။

    စမုန်စပါးပင်မှာပါတဲ့ Anethole ဒြပ်ပေါင်းက အစာအိမ်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး အစာ​ခြေစနစ် ကျန်းမာစေပါတယ်။ အစာအိမ်အနာကိုလည်း သက်သာစေနိုင်ပါတယ်။

    ကြွက်သားနာကျင်တာကို သက်သာစေတယ်။

    စမုန်စပါးပင်က ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်သလို အမျိုးသမီးတွေ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါ့အပြင်ရာသီလာစဉ် အနံ့ဆိုးထွက်တာကိုလည်း သက်သာစေနိုင်ပါသေးတယ်၊ လို့ လေ့လာမှုအရ သိရပါတယ်။

    ရာသီလာစဉ် ခံစားရတာကို သက်သာစေတယ်။

    စမုန်စပါးပင်က ရာသီလာစဉ် နာကျင်ကိုက်ခဲတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ခေါင်းကိုက်တာ၊ စိတ်ဖိစီးတာ၊ ချွေးစေးတွေ ထွက်တာ၊ ပင်ပန်းနွမ်းနယ်တာတွေကိုလည်း သက်သာ စေနိုင်ပါတယ်။

    အရေပြား ကျန်းမာစေတယ်

    စမုန်စပါးပင်က နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အသားအရေပျက်စီးတာ၊ အရေးအကြောင်း ဖြစ်တာတွေကို ကာကွယ်ပေးပြီး အသားအရေကို နုပျို ကျန်းမာစေနိုင်ပါတယ်။

    ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    ဒါတွေအပြင် ရာသီအကြိုလက္ခဏာ ခံစားရတာကို သက်သာစေသလို မလိုချင်တဲ့ အမွေးတွေကို ဖယ်ရှားဖို့၊ ကိုယ်အလေးချိန် ထိန်းညှိဖို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။

    စမုန်စပါးပင်က ကျမ်းမာစေသလား .....

     
    စမုန်စပါးပင်က အခုလို ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။
    • လေနာ သက်သာစေတယ်။
    • အစာခြေစနစ်ကို ကျန်းမာစေတယ်။
    • ကြွက်သားနာကျင်တာကို သက်သာစေတယ်။
    • ရာသီလာစဉ် ခံစားရတာကို သက်သာစေတယ်။
    • အရေပြား ကျန်းမာစေတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement