backup og meta

ကလေးတစ်ယောက်ပဲမွေးခြင်းသည် ဘာကြောင့် အဆင်ပြေတာလဲ

ကလေးတစ်ယောက်ပဲမွေးခြင်းသည် ဘာကြောင့် အဆင်ပြေတာလဲ

ယနေ့ခေတ်တွင် စုံတွဲအများစုသည် ကလေးတစ်ယောက်တည်း မွေးဖို့ကို ရွေးချယ်လာကြပါသည်။ ထိုသို့ဆုံးဖြတ်ခြင်းသည် မိဘများ၏ တစ်ကိုယ်ကောင်းဆန်မှုလား။ သူတို့မှားသည်၊ မှန်သည်ကို ဝေဖန်ဖို့ ခက်ခဲပါသည်။ ကလေးတစ်ယောက်ပဲမွေးခြင်းသည် ကောင်းကျိုးဆိုးကျိုးများ ဒွန်တွဲနေပါသည်။

ဤဆောင်းပါးတွင် မိဘများဘာကြောင့် ကလေးတစ်ယောက်တည်း မွေးဖို့ ဆုံးဖြတ်ကြသလဲဆိုသော အကြောင်းရင်းအချို့ကို သင်ရှာတွေ့ပါလိမ့်မည်။ သင်လည်း အလားတူအတွေးမျိုး ရှိကောင်းရှိနေနိုင်ပါသည်။

ကလေးတစ်ယောက်ပဲမွေးခြင်းသည် ဘာကြောင့် အဆင်ပြေတာလဲ

ကလေးတစ်ယောက်ပဲမွေးခြင်းသည် ဘာကြောင့် အဆင်ပြေတာလဲ ဆိုတော့

  • အခြားသူများနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခြင်း

ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းသည် လူတိုင်းအတွက် အရေးပါသော အရာတစ်ခုဖြစ်သည်။ အခြားကလေးများသည် ဆော့ကစားဖို့ မောင်နှမများရှိကြစဉ် တစ်ဦးတည်းသော သင့်ကလေးများသည် သွေးသားရင်းချာမဟုတ်သော သူငယ်ချင်းများစွာကို တွေ့ရှိနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ထိုသူငယ်ချင်း ဆက်ဆံရေးသည် ပိုမိုလေးနက်လာပြီး ဂရုစိုက်မှုပိုရှိလာသည်။ ထိုအခွင့်အရေးသည် အခြားကလေးများမှာ မရှိသော သိသာသည့် ရင့်ကျက်မှုတစ်ခု ဖွံ့ဖြိုးဖို့ အခွင့်အရေးဖြစ်သည်။

  • အိမ်တွင် သာတူညီမျှမှုကို ခံစားရခြင်း

တစ်ဦးတည်းသော ကလေး၏ မိဘဖြစ်ရခြင်းသည် သူတို့လေးတွေ၏ မိဘဖြစ်ရုံသာမက သူငယ်ချင်းလည်းဖြစ်လာသည်။ သူတို့လေးတွေကို လူကြီးသူမများအား ဘယ်လို ရိုသေလေးစားမှုပေးဖို့ ဘယ်လောက်အရေးကြီးသလဲ ဆိုတာ သင်ကြားပေးပါ။ ထို့ပြင် ကလေးတွေကို သူတို့လဲ ဘယ်လိုမျိုး လေးစားမှုကို ပြန်ခံရတယ်ဆိုတာ သိရှိပါစေ။

ဥပမာ။ ။ အားလပ်ရက် ပျော်ပွဲစား၊ အိမ်အလှဆင်ခြင်း စသည်တို့ အတွက် သင့်ကလေးဆီက အကြံဉာဏ်အချို့တောင်းပါ။ နားထောင်ပေးပါ။ သင့်ကလေးသည် အိမ်တွင် အရေးကြီးသော ကဏ္ဍတစ်ခုမှ ပါဝင်နေသည်ဟု ခံစားရမည်ဖြစ်ပြီး မှန်ကန်အောင် ကြိုးစားလိမ့်မည်။ အိမ်တွင် သာတူညီမျှအခွင့်အရေး ရအောင် တည်ဆောက်ထားခြင်းသည် သင်ရော သင့်ကလေးပါ ပျော်ရွှင်စေသော နည်းလမ်းတစ်ခုဖြစ်သည်။

  • သင့်ကလေးအပေါ်ထားသော ချစ်ခြင်းမေတ္တာကို အပြည့်အဝ ပြသနိုင်ခြင်း

ကလေးနှစ်ယောက်နှင့်အထက် ရှိသော မိသားစုကြီးတွင် ကလေးများသည် သူတို့ပြဿနာကို မည်သူမျှ နားမထောင်ကြဘူး၊ သူတို့ မောင်နှမတွေလောက် မိဘတွေက သူတို့ကို မချစ်ဘူးဟု တစ်ခါတစ်ရံ ခံစားတတ်ကြသည်။ တစ်ဦးတည်းသော ကလေးများအတွက်မူ မိဘသည် သူတို့၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုများကု ကလေးအား အပြည့်အ၀ ဖော်ပြနိုင်သည်။ ထို့ပြင် သင့်ကလေးသည် သင်နှင့်အတူ ပြဿနာများကို မျှဝေခွင့်ရပြီး သင့်အချစ်ကို ခံစားနိုင်ကာ သင့်ကိုလည်း အချစ်များပြန်လည်ပေးစွမ်းခွင့်ရသည်။ ထို့ကြောင့် သူတို့သည် မိသားစုတွင်း အထီးကျန်၊ လစ်ဟာနေသော ခံစားချက်မျိုးမရှိပါ။

  • စိတ်ကူးယဉ်တွေးတောနိုင်သော အခွင့်အရေး ရရှိခြင်း

အခြားကလေးများသည် မောင်နှမများနှင့် ကစားနေစဉ် သင့်ကလေးသည် တစ်ဦးတည်း ကစားနေရမည်ကို စိတ်မပူပါနဲ့။ အမှန်စင်စစ်တွင် တစ်ဦးတည်း ကစားခြင်းကနေလည်း ကလေးများ သူတို့၏ ထီထွင် စိတ်ကူးယဉ် ဖန်တီးနိုင်စွမ်းကို ကောင်းစွာဖွံ့ဖြိုးနိုင်ပါသည်။

  • ပိုမို ယုံကြည်မှုရှိခြင်း

လူကြီးများရှိသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသောအခါ ကလေးသည် ပိုမို ယုံကြည်မှုရှိပြီး အခြားကလေးများထက် ကိုယ့်ကိုယ်ကို ပိုမိုသိရှိနားလည်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မိသားစုထဲမှာ အချစ်မခံရမှာကို စိုးရိမ်စရာမလို၊ ဂရုစိုက်ခံရဖို့အရေး မောင်နှမများနှင့် တိုက်ခိုက်နေစရာမလိုသောကြောင့်ဖြစ်သည်။ သူတို့သည် မိဘများနှင့် အတူအနီးကပ်နေခွင့်ရပြီး ယေဘုယျအားဖြင့် လူကြီးများနှင့် ပိုပြီးသက်သောင့်သက်သာ ဆက်ဆံနိုင်ပါသည်။

  • မိသားစုအတွက် ငွေကြေး ပိုစုဆောင်းမိခြင်း

ကလေးတစ်ယောက်တည်း ရှိသော မိဘများသည် ကလေး အနာဂတ်အတွက် ပိုက်ဆံပိုစုနိုင်ပါသည်။ သင့်ကလေးသည် ကောင်းမွန်သော ပညာရေး၊ နေ့စဉ် လှုပ်ရှားမှုများ၊ မိသားစုခရီးစဉ် စသည်ဖြင့် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများကို ခံစားရပါသည်။ သို့ဖြစ်၍ ကလေးတစ်ယောက်ပဲ မွေးထားခြင်းသည် ပျမ်းမျှဝင်ငွေ ရှိသော မိဘများအတွက် ပိုသင့်တော်ပါသည်။

အထက်ပါအကြောင်းရင်းများကြောင့် ကလေးတစ်ယောက်တည်း မွေးထားခြင်းသည် ကြီးမားသော ပြဿနာတစ်ခုမဟုတ်ပါ။ မိဘများအနေဖြင့် သူတို့ကလေးကို အကောင်းဆုံး ဘ၀ အရည်အသွေးကို ပေးချင်သည်မှာ အပြစ်တစ်ခုမဟုတ်ပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Having only one child: easier on parents, better for kids? https://www.psychologytoday.com/blog/insight-is-2020/201209/having-only-one-child-easier-parents-better-kids. Accessed April 8, 2017.
Why it’s ok to have just one child? http://www.webmd.com/parenting/features/just-one-child#1. Accessed April 8, 2017.
Why it’s totally okay to have just one child. http://www.babygaga.com/why-its-totally-okay-to-have-just-one-child/. Accessed April 8, 2017.

ယခုပုံစံ

12/07/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးကို ဘာလို့ ငါးကြီးဆီတိုက်ကျွေးသင့်သလဲ

ကလေးတွေကို ဘာလို့ ပျားရည် မတိုက်သင့်တာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement