backup og meta

ကလေး ခြေထောက်ခွင် နေတာ ပြင်ပေးလို့ရလား

ကလေး ခြေထောက်ခွင် နေရင် အသားလေးနှိပ်နယ်ပြီး ဆန့်ပေးရတယ်တဲ့။ အများစု ပြောလေ့ရှိကြ၊ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ပေးရင် ခွင်နေတဲ့ ခြေထောက်လေး တကယ်ရော ပြန်ဆန့်သွားရဲ့လား။

ကလေး ခြေထောက်ခွင် နေတာ ပြင်ပေးလို့ရလား

ခြေထောက်ခွင် တယ် ဆိုတာ

ကလေးတွေမှာ ခြေထောက်ခွင်တာဟာ အမေ့ဝမ်းထဲမှာတုန်းက နေရာကျဉ်းလေးထဲ ဖွံ့ဖြိုးလာရတဲ့အတွက် အရိုးဖွံ့ဖြိုးမှုပုံစံ ကြောင့် ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါကို ကလေးဖွံ့ဖြိုးမှုမှာ ပုံမှန်အဆင့် လို့ ခေါ်ပါတယ်။

ကလေး လမ်းစလျှောက်တဲ့အချိန်မှာ ခြေထောက်ခွင်တာ သိသာလာမှာ ဖြစ်ပေမယ့် အများအားဖြင့် အရွယ်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းသက်သာသွားမှာပါ။ လမ်းစလျှောက်တာ စောတဲ့ ကလေးတွေမှာတော့ ပိုသိသာတတ်ပါတယ်။ ဒါ့ကြောင့် လမ်းစောစောလျှောက်ခိုင်းလို့ ခြေထောက်ခွင်တာလို့တောင် လူကြီးတွေ ပြောလေ့ရှိကြပါတယ်။

ဘာကြောင့် ခြေထောက်ခွင် သလဲ

ကလေးအများစု ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ မွေးစတည်းက သဘာဝအလျောက် ဖြစ်လာတာ ဆိုပေမယ့် ဖြစ်ခဲတဲ့ တခြားအကြောင်းရင်းတွေ ရှိပါသေးတယ် –

လမ်းလျှောက်တတ်စ နဲ့ အရွယ်ကြီးတဲ့ ကလေးတွေမှာ ခြေထောက်ခွင်တာ အဖြစ်များစေတဲ့ တခြားအကြောင်းရင်းတွေ ထဲမှာ အရိုးပျော့သူငယ်နာ (Rickets)နဲ့ Blount disease လို့ခေါ်တဲ့ အရိုးဖွံ့ဖြိုးမှုမမှန်တဲ့ ရောဂါတစ်မျိုး တို့ ပါဝင်ပါတယ် ။ Blount disease ဖြစ်လေ့ရှိတဲ့ ကလေးတွေကတော့ –

Rickets ကတော့ ဗီတာမင် ဒီ ၊ ကယ်လ်စီယမ် နဲ့ ဖော့စဖိတ် အားနည်းတဲ့ ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ အရိုးရောဂါ ဖြစ်ပါတယ်။

ဘယ်လို ကုသရမလဲ

မွေးစကနေ သဘာဝအတိုင်း ဖြစ်လာတဲ့ ခြေထောက်ခွင်ခြင်းကတော့ ကုပေးဖို့ ၊ ဆန့်ပေးဖို့ မလိုပါဘူး။ ကလေးအများစုမှာ အသက် ၃ နှစ် သို့မဟုတ် ၄ နှစ် လောက်ဆို သူ့အလိုလို ခြေထောက်က ဖြောင့်လာ၊ ဆန့်လာတတ်ပါတယ်။ ဒီထက် ကြာလည်း အလွန်ဆုံး ၇ နှစ်၊ ၈ နှစ်လောက်အထိ ပေါ့။

Blount disease ကြောင့်ဖြစ်တဲ့ ခြေထောက်ခွင်ခြင်းကိုတော့ လိုအပ်လာရင် အထိန်း သို့မဟုတ် ခွဲစိတ်ကုသရပါတယ်။

Rickets ကိုတော့ ကလေးရဲ့ အာဟာရထဲ ဗီတာမင် ဒီ နဲ့ ကယ်လ်စီယမ်ဖြည့်စွက်ပေးပြီး ကုသလေ့ရှိပါတယ်။ မျိုးဗီဇကြောင့်ဖြစ်တဲ့ Rickets ကိုတော့ အထူးကုဆရာဝန်နဲ့ ကုထုံးသေချာခံယူသင့်ပါတယ်။

ဘယ်အချိန်မှာ စိုးရိမ်သင့်လဲ

တကယ်လို့ –

  • ကလေးရဲ့ ခြေထောက် အလိုအလျောက် ပြန်မကောင်းရင်
  • ခြေထောက်ခွင်တာ ဘက်မညီရင် (ခြေထောက်တွေက တစ်ဘက်နဲ့ တစ်ဘက် ခွင်တဲ့အနေအထားမတူရင်)
  • ကလေးမှာ နာကျင်မှု၊ အားနည်းခြင်း၊ ခွေယိုင်ခြင်း ဒါမှမဟုတ် ပြေးလွှားရ အခက်အခဲရှိနေခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာရင်

အရိုးအထူးကုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန် နဲ့ ပြသပြီး ဆွေးနွေးကုသမှု ခံယူသင့်ပါတယ်။

ဒါ့ကြောင့် တချို့ကလေးတွေမှာ ခြေထောက်ခွင် တာ သူ့အလိုလို ကောင်းသွားတတ်တော့ လူကြီးတွေ နှိပ်နယ်ပေးတာကြောင့်လို့ ယူဆကြတာလည်း ပါပါတယ်။ တစ်ခု သတိထားရမှာက ကလေးရဲ့ အရိုးနုနဲ့ အရိုးအဆစ်လေးတွေက သိပ်နုနယ်တာမို့ မလိုအပ်ဘဲ နှိပ်နယ်၊ ဆန့်ပေးတဲ့အခါ ထိခိုက်မှာကို စိုးရိမ်ရပါတယ်။

ဒါ့ကြောင့် ဖြစ်နိုင်ရင် ကိုယ့်သဘောနဲ့ကိုယ် အားသုံးနှိပ်နယ်၊ ပုံစံပြင်တာ၊ ဆွဲဆန့်တာတွေ မလုပ်တာ အကောင်းဆုံးပါပဲ။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူတာ၊ အကြံဉာဏ်တောင်းခံတာတွေ လုပ်သင့်ပါတယ်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/bowlegs

https://kidshealth.org/en/parents/bow-legs.html

https://parenting.firstcry.com/articles/bow-legged-baby/

ယခုပုံစံ

15/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ ဖွံ့ဖြိုးမှု နောက်ကျလျှင်

ကလေးဖျားပြီး အနီစက် ထွက်ရင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ