ကလေးငယ်များသည် ကစားစရာများနှင့် နေ့စဉ် ထိတွေ့ကစားကြသောကြောင့် ဟောင်းနွမ်းညစ်ပေသော၊အလွန်သေးငယ်သောကစားစရာများသည် သင့်ကလေးငယ်ကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။
အောက်ပါဆောင်းပါးတွင် သင့်ကလေးငယ်ကိ ုကစားစရာများကြောင့် ဖြစ်စေနိုင်သည့် အန္တရာယ်များမှ ကာကွယ်နိုင်သည့်နည်းလမ်းများကိုဖော်ပြထားပါသည်။
သင့်ကလေးငယ်အား ကစားစရာများကြောင့် ဖြစ်စေနိုင်သည့် အန္တရာယ်များမှကာကွယ်ရန် နည်းလမ်းများ
– ကလေးငယ်၏ အသက်အရွယ်နှင့်သင့်တော်သောကစားစရာများကိုရွေးချယ်ပါ။
ကစားစရာအများစု ၏အပြင်ဘက်တွင် ကစားရန်သင့်တော်သောကလေး၏အသက် ဖော်ပြထားပါသည်။
မည်သည့်အသက်အရွယ် ကလေးက အန္တရာယ်မဖြစ်စေပဲ ကောင်းကောင်းကစားနိုင်မည်ကို တွက်ဆထားသောကြောင့် ကစားစရာများတွင်ပါဝင်သော ညွှန်ကြားချက် အတိုင်းလိုက်နာပါ။
– ဈေးကြီးသောကစားစရာမျာထက် သေချာစွာပြုလုပ်ထားသောကစားစရာများကိုရွေးချယ်ပါ။
ကလေးငယ် ကစားနေစဉ် ပါးစပ်ထဲထည့်မိခြင်း၊ ပါဝင်ပစ္စည်းများနှင့်ထိမိခြင်းတို့ဖြစ်နိုင်သောကြောင့် ကစားစရာများတွင်ပါဝင် အစိတ်အပိုင်းများ၊ ပြုလုပ်သည့်ပစ္စည်းများ၊ သေချာစွာ ပြုလုပ်ထားခြင်းရှိမရှိနှင့် အန္တရာယ်ရှိသောဓါတုပစ္စည်းများပါဝင်ခြင်းရှိမရှိတို့ကိုစစ်ဆေးပါ။
ကလေးငယ်နှင့် ဓါတ်မတည့်သောအရာများပါဝင်ခြင်းရှိမရှိကိုလဲ ညွှန်ကြားချက်တွင်စစ်ဆေးပါ။
ကလေးငယ်ကစားရာတွင် အလွယ်တကူကျိုးပဲ့ ပျက်စီးခြင်းမဖြစ်စေရန်အတွက် ကစားစရာများအား သေချာစွာတွဲစပ်ပြုလုပ်ထားခြင်းရှိမရှိနှင့် အစိတ်အပိုင်းများလွတ်နေခြင်း၊ အပ်ချည်များလွတ်နေခြင်းရှိမရှိကိုလဲစစ်ဆေးပါ။
– အမျော်အမြင်ရှိပါ။
ပါးစပ်ထဲထဲ့မိပြီး နင်နိုင်သောကြောင့် သင့်ကလေးအသက် ၃နှစ်မတိုင်ခင်အထိ ကလေးပါးစပ်ထက်ကြီးသော ကစားစရာများကိုသာ ပေးဆော့သင့်ပါသည်။
သင့်အနေဖြင့် ကလေး၏ လည်ချောင်းထဲဝင်လောက်သည့် အနေအထားကို မခန့်မှန်းနိုင်ဘူးဆိုပါကအိမ်သာသုံးစက္ကူလိပ် အပေါက်ထဲကို ကစားစရာကိုထည့်ကြည့်ပါ။
စက္ကူလိပ်အပေါက်နှင့်တော်လျှင် သို့မဟုတ် လျှောလျှောရှူရှူဝင်သွားခဲ့လျှင် သင့်ကလေးငယ်ကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းသတိပြုပါ။
– အလွန်လေးသော ကစားစရာများ၊ ကလေးထက် အလွန်ကြီးသောကစားစရာများကိုပေးမဆော့ပါနှင့်
ကစားစရာများကိုမဝယ်မီမိမိကလေးပေါ် ထိုကစားစရာပြုတ်ကျပါက အန္တရာယ်ဖြစ်စေနိုင်လား အရင်စဉ်းစားပါ။ ဖြစ်စေနိုင်လျှင် အလွန်လှပြီး ဈေးတန်လဲမဝယ်ပါနှင့်။
– ဘောလုံးများကိုလဲပေးမကိုင်ပါနှင့်။
ပျော်ပွဲရွှင်ပွဲများတွင် ဘောလုံးများသည် မပါမဖြစ်ဆိုသော်လည်းရာဘာဘောလုံးများသည် ကလေးငယ်များ ကစားစရာနင်သည့်ထဲတွင် အများဆုံးအကြောင်းရင်းဖြစ်သည်။
ကလေးငယ်သည် ရာဘာဘောလုံးကို မတော်တဆမျိုချမိပါကလေပြွန်ကိုတင်းကြပ်စွာပိတ်မိပြီး အသက်ရှုမရနိုင်ပဲဖြစ်စေသည်။
– ၁၂လက်မထက်ရှည်သော ချည်၊ ကြိုးများပါသည့် ကစားစရာကိုမဝယ်ပါနှင့်
ချည်၊ ကြိုးများရှည်လွန်းလျှင် ကလေးလည်ပင်းကို ပတ်မိပြီးလည်ပင်းအစ်ခြင်း၊ခန္ဓါကိုယ်အခြားနေရာများကို ရစ်ပတ်မိခြင်းတို့ဖြစ်နိုင်ပါသည်။
– သေနတ်များ၊ ပစ်လို့ရသည့်အရာများကိုပေးမဆော့ပါနှင့်
အရိုးရှင်းဆုံး သေနတ်သည်ပင်လျှင် ကလေးငယ်မျက်လုံးအား ထိခိုက်မိခြင်း၊နင်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။
– ချွန်ထက်သောအရာများပါသည့်ကစားစရာများကိုရှောင်ကျဉ်ပါ
ကစားစရာများစိတ်မချရလျှင် သင့်ကလေးအန္တရာယ်ရှိနိုင်သည်ကို အမြဲသတိရပါ။
အချို့ကစားစရာများသည် သေးငယ်၍အန္တရာယ်မရှိနိုင်ဟု ယူဆရသော်လည်း တစ်ခါတစ်ရံအသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါသည်။
ထို့ကြောင့် မိမိကလေးငယ်ကို ကစားစရာများနှင့်အန္တရာယ်ကင်းကင်း ပျော်ရွှင်စွာကစားနိုင်စေရန်အတွက် အထက်ပါအချက်များကို သတိပြုမှတ်သားကြစေလိုပါသည်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]