backup og meta

သင့်ကလေးကို နည်းမှန်လမ်းမှန်ဖြင့် အားပေးချီးကျုးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို နည်းမှန်လမ်းမှန်ဖြင့် အားပေးချီးကျုးခြင်း

    မိဘအများစုအဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့ သူတို့ကလေးတွေကို ပျော်ပျောရွှင်ရွှင်၊ အောင်အောင်မြင်မြင် အသက်ကြီးလာစေချင်ကြတာပါပဲ။ ဒါကြောင့် ကလေးတွေ ကောင်းတာတစ်ခုခုလုပ်တာနဲ့ အားပေးချီးမြှောက်ကြပါတယ်။ ဒါပေမဲ့လည်း အားပေးမှုတိုင်းက မှန်နေသလား။ ဒါမှမဟုတ် မကောင်းတဲ့ဘက်တွေကို ရောက်သွားစေနိုင်သလား။ သင့်ကလေးစိတ်ဓါတ်ကောင်းတစ်ခုရရှိရန်အတွက် ဘယ်လိုအားပေးချီးမြှောက်ရမယ်ဆိုတာ အောက်တွင်ဖတ်ရှုပေးကြပါ။

    အားပေးချီးမြှောက်မှုတွေက ကလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်နဲ့တန်ဖိုးထားတတ်စေရန်အတွက် အဓိကနေရာမှာ ပါဝင်နေပါတယ်။ ကောင်းမွန်တဲ့အားပေးချီးမြှောက်မှုတစ်ခုက သူတို့မှန်တာကို လုပ်နေတာလို့ ယုံကြည်စေနိုင်ပါတယ်။ အဲဒီအကြောင်းအရာကနေပြီး တစ်သက်လုံးမှန်ကန်တဲ့လုပ်ရပ်တွေ လုပ်တတ်တဲ့အကျင့်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း အမြဲတမ်းတော့ အားမပေးရပါဘူး။ အားပေးချီးမြှောက်ခြင်းရဲ့ အကျိုးနဲ့အပြစ်တွေ သိရှိပြီး ယင်းအားပေးမှုရဲ့ တန်ဖိုးကို နားလည်စေရပါမယ်။

    ဘယ်အရာကို အားပေးချီးကျူးတယ်ဆိုတာ သေသေချာချာပြောပါ။

    ပုံဆွဲထားသည်ကို အားပေးချီးကျူးခြင်းက သူတို့ကို ပျော်ရွှင်သွားစေနိုင်သော်လည်း ပုံဆွဲထားခြင်းမှာဘယ်အရာတွေက ကောင်းနေတာလဲဆိုတာကိုတော့ သိစေမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် ပုံဆွဲကောင်းကြောင်းပြောပြီး အရောင်လေးတွေ စုံစုံလင်လင်ထည့်သွင်းပေးသင့်တယ်၊ အဲဒါက ဖန်တီးနိုင်စွမ်းဖြစ်တယ်ဆိုတာကို ပြောပြရပါမယ်။ သင့်အားပေးချီးကျူးမှု တိတိကျကျဖြစ်ဖို့ ကြိုးစားပေးပါ။

    စစ်မှန်နေပါစေ။

    အကြောင်းပြချက်မရှိချီးကျူခြင်းနဲ့ အဖြူရောင်မုသားတွေပြောဆိုခြင်းက ဘယ်သူ့ကိုမှထိခိုက်စေမှာမဟုတ်သော်လည်း သူတို့လေးတွေ ဘာတွေလုပ်ခဲ့ကြလဲဆိုတာ ရှင်းရှင်းလင်းလင်းသိစေမှာမဟုတ်ပါဘူး။ ကလေးတွေဟာ သင့်ချီးကျူးမှုတွေ စစ်မှန်လား၊မစစ်မှန်ဘူးလားဆိုတာ သိနိုင်ကြပါတယ်။ သူတို့ရဲ့ယုံကြည်မှုရရှိဖို့ တတ်နိုင်သမျှရိုးသားကြပြီး အပြုသဘောရောက်အောင် ပြုစုပျိုးထောင်ပေးကြပါ။

    အသစ်အသစ်တွေစမ်းကြည့်ဖို့အားပေးပါ။

    ကလေးတော်တော်များများက အမှားတွေလုပ်မိပြီး သူတို့မိဘတွေ စိတ်ပျက်သွားမှာ ကြောက်ကြပါတယ်။ ဒါပေမယ့်လည်း စက်ဘီးစီးခြင်း၊ ရေကူးခြင်းနဲ့ သီချင်းဆိုခြင်းလိုမျိုး ကောင်းတာတွေသာ အားပေးပါ။

    အလွန်အကျွံမဖြစ်အောင်ရှောင်ကျဉ်ပါ။

    သိသိသာသာကြီးချီးကျုးခြင်းက နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။ ဉာဏ်ကောင်းတယ်၊ ခန့်တယ်၊ ပင်ကိုယ်အစွမ်းရှိတယ်၊ လှတယ်လိုမျိုး အသုံးအနှုန်းတွေကို တစ်ကောင်းဆန်ခြင်းနဲ့ ငါစွဲ စွဲခြင်းများ မဖြစ်သွားအောင် ခဏခဏအသုံးမပြုသင့်ပါဘူး။ သင့်ကလေးကိုပြောတဲ့ ချီးကျူးစကားတွေကို တန်းဖိုးရှိစေပြီး သူတို့ကိုသူတို့ ဂုဏ်ယူနိုင်ကြပါစေ။

    ကလေးရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာအာရုံစိုက်ပေးပါ။

    တစ်ယောက်ယောက်ကို ချီးကျူးတော့မယ်ဆိုရင် ကြီးစားမှုကြောင့် အရာတစ်ခုကို ရယူပိုင်ဆိုင်နိုင်လာတဲ့အချိန်ဟာ အသင့်တော်ဆုံးပါပဲ။ သင့်ကလေးကြိုးစားအားထုတ်မှုတွေကို ချီးကျူးပေးပါ။ လူတိုင်းဟာ မွေးရာပါ ပါရမီရှိပြီးထူးချွန်ကြာတာမဟုတ်လို့ တစ်စုံတစ်ခုကို ကြိုးစားနေမယ်ဆိုရင် အားပေးပါ။ အောင်မြင်သွားမယ်ဆိုရင် ဆုချပါ။ အနာဂတ်တွေမှာ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားဖို့ သင်ကြားပေးသလိုဖြစ်သွားမှာပါ။

    ကလေးတွေဟာ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်နဲ့ တန်ဖိုးထားစေရန်တို့အတွက် သူတို့ရဲ့ အချစ်ဆုံးမိဘများထံမှ ချီးကျူးအားပေးမှုတွေ လိုအပ်ကြသည်မှာ အသိသာကြီးပါ။ လူကြီးတွေထံမှ ချီးကျူးမှုတွေလောက် ကောင်းတဲ့အရာမရှိပါဘူး။ မှန်ကန်စွာအားပေးချီးမြှောက်ခြင်းဖြင့် အနာဂတ်မှာ မှန်တာတွေလုပ်ဖို့ စိတ်ဓါတ်ခွန်အားတွေ ရရှိလာစေမှာပါ။ ဒါကြောင့် ချီးကျူးနေတဲ့အချိန်မှာ အသေးစိတ်ထိပါဂရုစိုက်ပေးပြီး အလုပ်တစ်ခုကို ပြီးမြောက်အောင်လုပ်နိုင်မှုရဲ့ တန်ဖိုးကို သိရှိအောင် လုပ်ပေးကြပါ။

    Hello Health Group သည် ဆေးပညာကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြျုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement