ဖျားခြင်းသည် ရောဂါပိုးများကို သတ်ပေးနိုင်သောကြောင့် ကလေး ကိုယ်ပူ လာသည်အခါ ဆရာဝန်ခေါ်သင့်မခေါ်သင့် သင်စဉ်းစားရကြပ်နေနိုင်သည်။ ပူသည့်ပမာဏ ဘယ်လောက်များပါစေ စိတ်ပူရမည်မဟုတ်ပါ။ သို့သော် အပြင်းဖျားလျှင် အန္တရာယ်ရှိ၏။
အထူးသဖြင့် တစ်နှစ်အောက် ကလေးများတွင် စိုးရိမ်ရသည်။ မိဘများက ကလေး၏ သာမိုမီတာကို ကြည့်နေမည့်အစား ကလေးအခြေအနေနဲ့ ပြုမူပုံများကို စောင့်ကြည့်သင့်ပါသည်။
ကလေး ကိုယ်ပူ ကျစေမည့် နည်းလမ်းကောင်းများ
- ကလေးက တက်တက်ကြွကြွ၊ အစားလည်းဝင်၊ အရည်လဲ ကောင်းကောင်းသောက်ပြီး အထူးသဖြင့် ဆီးသွားလျှင်လည်း ပုံမှန်ဆိုပါက ဆေးမလိုပါ။ ကလေး ကိုယ်ပူ ချိန်ကျစေရန် စောင်များဖြင့် ခြုံနေမည့်အစား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပေးသင့်၏။
- ကောင်းကောင်းအနားယူခိုင်းပါ။ ရေပတ်တိုက်ပေးပါ။ မအေးတော့သည်နှင့် အဝတ်ကို လဲပြီးအုပ်ပေးရမည်။ ကလေးမကြိုက်ရင် အတင်းအကျပ် ရေပတ်မတိုက်ပါနဲ့။
- ကလေးပတ်ဝန်းကျင်ရှိ လေဝင်လေထွက်ကောင်းရန် ပန်ကာကို အနိမ့်ဆုံးနှုန်းအတိုင်းထားပြီး ဖွင့်ပေးနိုင်ပါသည်။
- ဖျားနေသောကလေးကို ရေချိုးပေးနိုင်ပါသည်။ ရေသည် မအေးလွန်း မပူလွန်းဘဲ ကျက်သီးနွေးဖြစ်မှ ခန္ဓာကိုယ်အပူချိန် ကျမည်ဖြစ်သည်။ အေးလွန်းသောရေသည် ခန္ဓကိုယ် တုန်ခိုက်ရာမှ ကလေး၏ ကိုယ်တွင်းအပူချိန် များလာနိုင်သောကြောင့် ဒီနည်းကတော့ သိပ်အထောက်အကူမပြုပါ။
- ရေလုံလုံလောက်လောက်သောက်ရန်နှင့် အေးသည့်အစာများစားခိုင်းပါ။ ဒါမှ ခန္ဓာကိုယ်အတွင်းအပြင် အေးသွားစေနိုင်ပြီး အရည်ဓာတ်ပြည့်ဝနေပါလိမ့်မည်။
- အခန်းကို ခြောက်သွေ့ပြီး အေးနေပါစေ။ ပူလျှင် ပိုဖျားတတ်ပြီး ချွေးအလွန်ထွက်ခြင်းက ကလေးကို ရေဓာတ်ခမ်းစေပါသည်။
ကိုယ်ပူ ကျဆေး
ပါရာစီတမောသည် အဖျားကိုချပေး၏။ သို့သော် ကလေးများအတွက် ကိုယ်အလေးချိန်နှင့် အသက်အရွယ်ပေါ်လိုက်ပြီး ဆေးပမာဏကွဲပါသည်။
ထို့ကြောင့် ကလေးအထူးကုနှင့် အရင်ဆွေးနွေးပါ။ ဆေးတွင်ပါသော ဆေးပမာဏအညွှန်းကို သေသေချာချာဖတ်ပါ။ အဖျားချဆေးနှင့်အတူ ဆေးချိန်သည့်ကိရိယာပါ ပါတတ်သောကြောင့် ဆေးကို မှန်ကန်စွာချိန်နိုင်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ။
အသက်သုံးလအောက် ကလေး ကိုယ်ပူနေပြီဆိုပါက ဆရာဝန်နှင့်ပြပါ။ အသက် ၃-၅ လကလေးများသည် အပူချိန် ၁၀၁ ဒီဂရီ (၃၈ စင်တီဂရိတ်) နှင့်အထက်ဆိုပါက ဆရာဝန်ဆီ ချက်ချင်းပြပါ။ ၆ လထက်ကြီးသောကလေးများတွင် ၁၀၂ ဒီဂရီ (၃၉ စင်တီဂရိတ်) နှင့်အထက် ဆိုလျှင် ပြပါ။
ကလေးအသက် ဘယ်အရွယ်ဖြစ်ပါစေ။ ပြင်းထန်သည့် ပိုးကူးစက်မှုလက္ခဏာများဖြစ်သော အသက်ရှူကျပ်ခြင်း သို့မဟုတ် အရေပြားတွင် ခရမ်းရောင်ကွက်များထခြင်းတို့ကို မိဘမှ သတိပြုမိသည်နှင့် ဆရာဝန်ဆီ ချက်ချင်းပြသပါမည်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။