လိင်ပိုင်းဆိုင်ရာအရွယ်ရောက်သောအချိန်ကိုဆိုလိုတယ်။ လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းဆိုတာ အမျိုးသား၊ အမျိုးသမီးတွေမှာ မျိုးပွားနိုင်စွမ်းရှိလာတဲ့အခြေအနေထိရောက်အောင် အဆင့်ဆင့်ပြောင်းလဲမှု၊ သက်ဆိုင်ရာလိင်ပိုင်းဆိုင်ရာအင်္ဂါရုပ်တွေဖွံ့ဖြိုးလာမှုကိုခေါ်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝရုပ်ဆိုင်ရာအဆင့်ဆင့်ဖွံ့ဖြိုးမှုတွေဖြစ်ပြီး ထိုပြောင်းလဲဖွံ့ဖြိုးမှုက စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာမှာလည်း သက်ရောက်မှုတွေရှိပါတယ်။
လူပျိုဖော်၊ အပျိုဖော်စဝင်တဲ့အချိန်ဟာ တစ်ယောက်နဲ့တစ်ယောက်ကွဲပြားပါတယ်။ မိန်းကလေးတွေမှာ ၁၀ နှစ်နဲ့ ၁၄ နှစ်ကြားဖြစ်တတ်ပြီး ယောက်ျားလေးတွေမှာတော့ ၁၂ နှစ်နဲ့ ၁၆ နှစ်ကြားမှာဖြစ်တတ်တယ်။ ခုနောက်ပိုင်းမှာတော့ မိန်းမငယ်လေးတွေဟာ အရင်ကထက်ပိုပြီး စောစောအပျိုဖော်ဝင်လာတာကို တွေ့လာရပါတယ်။ ထိုပြောင်းလဲမှုဟာ စားသောက်မှုပုံစံနဲ့ တခြားပတ်ဝန်ကျင်က လွှမ်းမိုးမှုတွေနဲ့လည်းဆိုင်ပါတယ်။
မိန်းကလေးတွေမှာပထမတွေ့ရတဲ့လက္ခဏာများ
အပျိုဖော်စတင်ဝင်ပြီးတစ်နှစ်ခန့် သို့ နှစ်အနည်းငယ်အကြာမှာ တွေ့ရမယ့်လက္ခဏာတွေကတော့ –
အပျိုဖော်ဝင်ပြီးလေးနှစ်အကြာ
ယောက်ျားလေးတွေမှာပထမတွေ့ရတဲ့လက္ခဏာများ
လူပျိုဖော်စတင်ဝင်ပြီးတစ်နှစ်ခန့် သို့ နှစ်အနည်းငယ်အကြာမှာ တွေ့ရမယ့်လက္ခဏာတွေကတော့ –
လူပျိုဖော်ဝင်ပြီးလေးနှစ်အကြာ
စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ
အရွယ်ရောက်ခြင်းဟာ ကလေးငယ်တွေအတွက် ခက်ခဲတဲ့အချိန်တစ်ခုဖြစ်တယ်။ မိမိကိုယ်ကိုသတိထားမိလာတဲ့အချိန်မှာ ခန္ဓါကိုယ်ကပြောင်းလဲမှုတွေ၊ ဥပမာ ခန္ဓါကိုယ်အနံ့၊ ဝက်ခြံများ စသည်တို့ကို ရင်ဆိုင်ဖြေရှင်းနေရချိန်ဖြစ်တယ်။
ခံစားမှုအသစ်တွေဖွံ့ဖြိုးလာတဲ့အချိန်လည်းဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ထိုခံစားမှုတွေကြောင့်ပဲ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေလည်းရှိလာတယ်
ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
စောစီးစွာ (အသက် ၈ နှစ်အောက်)၊ သို့ နောက်ကျပြီး (အသက် ၁၄ ထက်) မှလူပျိုဖော်၊ အပျိုဖော်စဝင်ရင်တော့ ဆရာဝန်ပြသင့်နေပါပြီ။
အရွယ်ရောက်ခြင်းဟာ လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့အတွက် ခန္ဓါကိုယ်မှာဖြစ်ပျက်တဲ့ပြောင်းလဲမှုတွေဖြစ်ပါတယ်။ ၎င်းကိုထိန်းချုပ်တဲ့အရာမှာ ဦးနှောက်အတွင်းမှ Hypothalamus လို့ခေါ်တဲ့အစိတ်အပိုင်းအသေးလေးတစ်ခုဖြစ်တယ်။ ထို Hypothalamus မှ GnRH လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကိုထုတ်တယ်။ ထိုဟော်မုန်းက Hypothalamus အောက်မှာကပ်နေသော Pituitary gland လို့ခေါ်တဲ့ ပဲစေ့သာသာ ဂလမ်းလေးတစ်ခုကိုအားပေးပြီး LH နဲ့ FSH ဆိုတဲ့ဟော်မုန်းနှစ်မျိုးထွက်စေတယ်။ ထိုဟော်မုန်းနှစ်မျိုးက အမျိုးသား အမျိုးသမီး လိင်အင်္ဂါတွေကိုသက်ဆိုင်ရာ အဖို အမဟော်မုန်းတွေထုတ်စေပြီး ခန္ဓါကိုယ်မှာပြောင်းလဲမှုတွေဖြစ်စေပါတယ်။
အရွယ်ရောက်ခြင်းကိုအားပေးသောအချက်များ
အရွယ်ရောက်မှုနှေးစေသောအချက်များ
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ကလေးငယ်တွေလူပျိုဖော်၊ အပျိုဖော်ဝင်သလားသိဖို့ ကလေးဆရာဝန်ကအောက်ပါအချက်တွေကို စစ်ကြည့်ပါလိမ့်မယ်။
စစ်ဆေးပြီး အဆင့်ငါးဆင့်ရှိတဲ့ သတ်မှတ်ချက်နဲ့တိုက်ကြည့်ကာ မည်မျှဖွံ့ဖြိုးနေပြီကိုသတ်မှတ်ပါလိမ့်မယ်။
ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုများအပြီးမှာ အောက်ပါစစ်ဆေးမှုများလည်းလုပ်နိုင်ပါသေးတယ်။
အောက်ပါစစ်ဆေးမှုများနဲ့ အလုံးအကျိတ်များ၊ ပုံမမှန်မှုများကိုလည်းရှာဖွေနိုင်ပါတယ်။
အရွယ်ရောက်ခြင်းနှောင့်နှေးမှုအတွက် အောက်ပါစစ်ဆေးမှုတွေလုပ်နိုင်တယ်
စောစီးစွာအရွယ်ရောက်ခြင်းအတွက် ကလေးတိုင်းမှာ ကုသဖို့မလိုပါဘူး။ အထူးသဖြင့် အချိန်အနည်းငယ်စောခြင်းဟာ ကုသရန်မလိုပါဘူး။ ကုသမှုရဲ့ဦးတည်ချက်က ကြီးထွားမှုစောစီးစွာရပ်ခြင်း၊ လှီနေခြင်း၊ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေနဲ့ လိင်စိတ်ကြောင့်လူမှုရေးပြဿနာတွေမဖြစ်အောင် အဖိုအမဟော်မုန်းထုတ်ခြင်းကို တားဆီးဖို့သာဖြစ်ပါ်တယ်။
စောစီးစွာအရွယ်ရောက်ခြင်းဟာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်ဖြစ်ပါက အကြောင်းအရင်းကိုအရင်ရပ်တန့်ဖို့လိုပါတယ်။ စောစီးစွာအရွယ်ရောက်ခြင်းကို ဟော်မုန်းတွေကိုတားဆီးခြင်းဖြင့် ထိန်းချုပ်နိုင်တယ်။ ဥပမာ GnRH agonists များကိုသုံးကာ တားဆီးနုငိပါတယ်။ ထိုဆေးများကိုထိုးခြင်းဖြင့် LH, FSH ကဲ့သို့ဟော်မုန်းများထွက်ခြင်းကို တားဆီးနိုင်တယ်။
အရွယ်ရောက်ခြင်းနှောင့်နှေးတာဟာ ပြဿနာအရင်းအမြစ်ပေါ်လိုက်ပြီး ကုသမှုကွဲပြားနိုင်ပေမယ့်
အိမ်တွင်းကုထုံးများ၊ နေနိုင်မှုပုံစံပြောင်းလဲခြင်းများ
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။