backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆယ်ကျော်သက်တွေနဲ့ OTCဆေး အလွဲသုံးစားသုံးစွဲမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆယ်ကျော်သက်တွေနဲ့ OTCဆေး အလွဲသုံးစားသုံးစွဲမှု

OTC ဆေးတွေကို အလွဲသုံးစားလုပ်ခြင်းက ၁၃ နှစ်ကနေ ၁၆နှစ်အတွင်းမှာရှိတဲ့ ဆယ်ကျော်သက်လေးတွေအတွက်သာ ရေပန်းစားတာမဟုတ်ဘဲ ဒီနှစ်ပိုင်းအတွင်းမှာကလေးတွေကြားထဲမှာလည်း အလွန်ကို ရေပန်းစားလာတာပါ။ ကယ်လီဖိုးနီးယားမှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာတော့ ဖြေဆိုသူ ၁၆.၂%ဟာ OTCဆေးဝါးတွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ကြပါတယ်။

တကယ်တမ်းမှာတော့ ဒါဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ (အသက် ၁၂နှစ်မှ ၂၅နှစ်အတွင်း) လူပေါင်း ၃သန်းကျော်ဟာ OTCဆေးဝါးတွေကို သုံးစွဲမူးယစ်ဖို့ ကြိုးစားခဲ့တယ်လို့ မှတ်တမ်းတွေ ရှိနေပါတယ်။ ဆယ်ကျော်သက် ထောင်ပေါင်းများစွာဟာ အရက်နဲ့ အခြားသော မူးယစ်ဆေးတွေနဲ့အတူ OTCဆေးဝါးတွေကိုလည်း သုံးစွဲဖို့ခွင့်ပြုထားတာထက် (အဆ ၃၀ မှ ၄၀ခန့်လောက်ထိ) အများကြီးပိုပြီး သုံးစွဲနေကြပါတယ်။ အထူးသဖြင့် ပါတီတွေ၊ ဘားတွေ သို့မဟုတ် ကလပ်တွေမှာပေါ့။

OTC ဆေးဝါးတွေကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

OTCဆေးဝါးတွေကို မိသားစု အများစုမှာ တွေ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်များတဲ့ အအေးမိခြင်းတွေ၊ လည်ချောင်းနာခြင်းတွေ၊ နှာချေ၊ နှာပိတ်ခြင်းတွေနဲ့ အခြား ဆင်တူတဲ့ပြဿနာတွေကို သူတို့က ကောင်းကောင်းကြီး ပျောက်ကင်းစေနိုင်တယ်လေ။ ဒီဆေးတွေကို ဆေးအရောင်းဆိုင်တွေ၊ ဂက်စ်ဆိုင်တွေနဲ့ စာရေးကိရိယာဆိုင်တွေမှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

ဆယ်ကျော်သက်တွေအတွက် OTCဆေးဝါးများ

OTCဆေးတွေဟာ အမျိုးအားဖြင့် ရာပေါင်းများစွာရှိပါတယ်။ ဒီမှာတော့ အချို့သော အသုံးများတဲ့ OTCဆေးတွေကို ဖော်ပြထားပါတယ်။ ဒီဆေးတွေဟာ ဆယ်ကျော်သက်တွေကြားမှာလည်း ရေပန်းစားပါတယ်။

  • အအေးမိပျောက်ကင်းဆေးရည် (cold syrup)
  • ချောင်းဆိုးပျောက်ဆေး
  • အကိုက်အခဲပျောက်ဆေး
  • ကဖိန်းပါဝင်တဲ့ဆေးဝါးများ
  • ပိန်ဆေး (diet pills)
  • Motion sickness pills (ခရီးသွားလာတဲ့အချိန် ဖြစ်တတ်တဲ့ ဝေဒနာကို ပျောက်ကင်းစေသောဆေး)
  • Herbal ecstasy
  • Synthetic marijuana (ဆေးခြောက်)

OTCဆေးဝါးတွေက စွဲစေနိုင်လား။

တရားမဝင်ဆေးဝါးတွေထက် OTCဆေးတွေက အများကြီး စိတ်ချရပါတယ်လို့များ မတွေးလိုက်ပါနဲ့။ သူတို့ဟာ ဆေးညွှန်းအတိုင်းသုံးစွဲမှသာ အန္တရာယ်ကင်းပါတယ်။ မှတ်တမ်းတွေအရ OTCဆေးဝါးတွေကို အလွန်အကျွံသုံးစွဲခြင်းနဲ့ အလွဲသုံးစားလုပ်ခြင်းတွေက စွဲလမ်းမှုကိုဖြစ်စေပါတယ်။

အထူးသဖြင့် ဒီအခြေအနေဟာ သုံးစွဲသူတွေကို နေ့တစ်နေ့ကို ဖြတ်သန်းစေဖို့အတွက်တောင် ခက်ခဲစေတဲ့အပြင် လုပ်ငန်းဆောင်တာတွေ မမှန်ကန်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါတွေကို သူတို့ဖာသာ မှန်ကန်မျှတအောင် ထိန်းညှိဖို့အတွက် ဆေးဝါးတွေကို လိုအပ်လာပါတော့တယ်။

OTCဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

OTCဆေးဝါးတွေကို အလွဲသုံးစားပြုလုပ်ခြင်းရဲ့ ဆိုးကျိုးတွေက သုံးစွဲတဲ့ ပစ္စည်းပေါ်မူတည်ပြီး အပျော့စားမှ ပြင်းထန်တဲ့အခြေအနေတွေအထိ အမျိုးမျိုးရှိပါတယ်။ ဆိုလိုတာက

  • ဆေးအမျိုးအစား
  • သုံးစွဲတဲ့ ဆေးပမာဏ
  • သုံးစွဲသူရဲ့ အလေးချိန်နဲ့ အရွယ်အစား
  • အခြားပစ္စည်းတွေနဲ့ ပေါင်းစပ်သုံးစွဲခြင်း အမျိုးမျိုး
  • သင့်ရဲ့ ဆယ်ကျော်သက်လေးဟာ ကာလတိုဘေးထွက်ဆိုးကျိုးအချို့ကို ခံစားရနိုင်ပါတယ်။ ဒါတွေကတော့
  • ခေါင်းတစ်ခုလုံးပေါ့ပါးနေခြင်း သို့မဟုတ် မူးဝေခြင်း
  • ပင်ပန်းခြင်းနဲ့ အိပ်ချင်ခြင်း
  • ပျို့အန်ခြင်း
  • မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းမရှိခြင်း
  • ကြွက်သားလှုပ်ရှားမှု လျော့ရဲလာခြင်း
  • အမြင်အာရုံပြတ်သားမှု ယိုယွင်းခြင်း (ကြည်ကြည်လင်လင် မမြင်ရခြင်း)
  • နှလုံးခုန်နှုန်းပြောင်းလဲခြင်း
  • အသက်ရှူ နှေးကွေးလာခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့သင့်ရဲ့ ဆယ်ကျော်သက်အရွယ်ကလေးက OTCဆေးတွေကို ကာလကြာရှည် သုံးစွဲခဲ့မယ်ဆိုရင်လည်း Long-term risks အချို့ကို ခံစားရနိုင်ပါတယ်။ ဥပမာ-

  • စွဲလမ်းခြင်း
  • သွေးကြဲခြင်း (Thinned Blood)
  • သွေးဖိအားမြင့်ခြင်း
  • နှလုံးထိခိုက်ခြင်း (Heart attack)
  • အသည်းနဲ့ ကျောက်ကပ်ပျက်စီးခြင်း
  • အစာအိမ်သွေးယိုခြင်း
  • အကြိတ်များ၊ အနာများ
  • ရောဂါတိုးခြင်း(Seizures)
  • မှတ်ဉာဏ်ပျောက်ဆုံးခြင်း
  • ရုပ်ပိုင်းဆိုင်ရာ ပုံပျက်ချွတ်ယွင်းခြင်းနဲ့ ပုံရိပ်ဖော်ယောင်မှားခြင်း (မရှိဘဲ ရှိသည်ဟုမြင်နေခြင်း.. စသဖြင့်)
  • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ကာလ ပထမ ရက်သတ္တ၂၀အတွင်း ကိုယ်ဝန်ပျက်ကျခြင်း

မိဘတွေက ဘာလုပ်သင့်သဲ။

မိဘတွေအနေနဲ့တော့ သင့်ကလေးက OTCဆေးဝါးတွေကို အလွဲသုံးစားလုပ်နေတာကို ဖော်ထုတ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ပြဿနာရဲ့ လက္ခဏာတွေကို အောက်ပါအချက်တွေကို ကြည့်ခြင်းအားဖြင့် အတည်ပြုနိုင်ပါလိမ့်မယ်။

ကလေးတွေရဲ့ အပြုအမူ၊ စိတ်ခံစားချက်နဲ့ အချိန်ဇယားတွေ ပြောင်းလဲမှုအချို့ကို သတိပြုခြင်း

သူတို့ရဲ့ ပုံစံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အလုံးစုံသော ကျန်းမာရေး အခြေအနေ၊ စားသောက်မှု ပုံစံနဲ့ အိပ်စက်မှုအလေ့အထတို့ကို မျက်ခြေမပြတ်စောင့်ကြည့်ခြင်း

ပုလင်းသို့မဟုတ် ဆေးဘူးအလွတ်တွေ၊ ဆေးဘူးတွေကို သဲလွန်စ သေးသေးလေးကစလို့ အလွတ်မပေးဘဲသတိထား ကြည့်ရှုသင့်ပါတယ်။

တကယ်လို့များ သူတို့မှာ OTCဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုခု တကယ်ရှိနေခဲ့ရင် မိသားစုဆရာဝန် သို့မဟုတ် ဆေးအလွဲသုံးစားလုပ်ခြင်းတွေအတွက် အတိုင်ပင်ခံ စတဲ့သူတွေနဲ့ ချက်ချင်း ဆွေးနွေးသင့်ပါတယ်။ ပြဿနာရဲ့ ပြင်းထန်မှုအပေါ် အခြေခံလို့ ဆေးအမျိုးမျိုး သုံးစွဲရနိုင်ပါတယ်။ ဆေးဖြတ်ခြင်း(Drug rehab) ပါ အပါအဝင်ပေါ့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement