backup og meta

သင့်ကလေးကို သင်ကြားပေးရမည့် လူ့တန်ဖိုးများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို သင်ကြားပေးရမည့် လူ့တန်ဖိုးများ

    မိဘအများစုသည် သူတို့ကလေးများကို မှန်ကန်သော တန်ဖိုးထားမှုများ ရှိစေရန် လိုအပ်ကြောင်း သတိပြုမိကြသည်။

    မိဘအများစုသည် လမ်းလျောက်တတ်စကလေး၊ မူကြိုတက်စကလေးများ များကို တန်ဖိုးထားမှုများ သင်ကြားပေးရန် စောလွန်းသေးသည်ဟု ထင်ကြသည်။

    သို့သော် ၎င်းသည် အယူအဆမှားသာဖြစ်သည်။ အောက်ပါတို့သည် ကလေးများ အသက် ၅နှစ်မှစ၍ စတင်ထားရှိသင့်သော တန်ဖိုးထားမှုများဖြစ်ပြီး သူတို့ကောင်းစွာ မှတ်ယူစေရန်နည်းလမ်းအချို့ဖြစ်သည်။

    ရိုးသားဖြောင့်မတ်ခြင်း

    သင့်ကလေးသည် စာနယ်ဇင်း မီဒီယာများနှင့် ကြီးပြင်းလာသူဖြစ်လျှင် သူတို့သည် သင်မျှော်လင့်ထားသည်ထက် ပို၍မြန်မြန် အရာတော်တော်များများကို တတ်သိနားလည်ပါလိမ့်မည်။ မီဒီယာများမှ သင့်ကလေးကို သင်ကြားပေးလေ့ရှိသောအရာမှာ လိမ်ညာပြောခြင်းဖြစ်သည်။

    သင့်ကလေးကို ငယ်စဉ်ကပင် အမှန်ပြောတတ်စေရန် သင်ကြားပေးရမည်။ ရိုးသားဖြောင့်မတ်မှုကိုတန်ဖိုးထားတတ်အောင် သင်ကြားပေးပြီး သူတို့ကိုလည်းရှေ့ဆောင် လမ်းပြ လုပ်ပြသင့်သည်။ သင့်ကလေးကို ရိုးသားစွာ ဆက်ဆံပါ။ သူတို့ ကို အမှန်ပြောခြင်းကိုချီးကျူးပါ။ ထိုသို့မလုပ်လျှင် အပြစ်တစ်ခုခုပေးပါ။

    ယဉ်ကျေးမှုနှင့် အပြန်အလှန်လေးစားမှုရှိခြင်း

    သင့်ကလေးသည် သင်အခြားသူများကိုဆက်ဆံပုံပေါ်တွင် မူတည်ပြီး အပြန်အလှန်လေးစားတတ်ခြင်းကို သင်ယူပါလိမ့်မည်။ သင့်ကလေးသည် သင့်အပြုအမူများ၏ ရောင်ပြန်ဖြစ်သောကြောင့် အရာရာကို သတိထားပါ။

    သင်သည် ယဉ်ကျေးစွာ ကျေးဇူးပြု၍၊ ကျေးဇူးတင်ပါတယ်၊ ရပါတယ်ခင်ဗျာ စသည့်အသုံးအနှုန်းများကို အသုံးပြုလျှင် သင့်ကလေးသည်လည်း ထိုသို့ပင် ဖြစ်လာပါလိမ့်မည်။ သင့်ကလေးကိုအခြားသူ၏ ထင်မြင်ချက်သည် အရေးပါကြောင်း၊ လေးစားရမည်ဖြစ်ကြောင်း သင်ကြားပေးထားရန်အရေးကြီးပြီး၊ သို့မှသာ သင့်ကလေးသည် အခြားသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောင်နိုင်ပါလိမ့်မည်။

    ကျေးဇူးတင်တတ်ခြင်း

    သင့်ကလေးကို ရရှိသော အရာများအတွက်ကျေးဇူးတင်တတ်အောင် သင်ကြားပေးပါ။ ထို့အပြင် သင့်ကလေးကိုလည်း သူပြုလုပ်ပေးသည့်အရာများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားပါ။ ထိုသို့ နားလည်အောင် သင်ကြားပေးခြင်းဖြင့် သင့်ကလေးသည် သူ့တွင် ပိုင်ဆိုင်ရသော အရာများအတွက် ကျေးဇူးတင်တတ်သူဖြစ်လာပါလိမ့်မည်။

    ရက်ရောကြည်ဖြူခြင်း

    သူလိုချင်သော အရာကို ရအောင်ယူခြင်းသည် ကလေးတစ်ယောက်အတွက် မှန်ကန်သည်ဟု ထင်ဖွယ်ရှိသည်။ သို့သော် အိမ်တွင် အချင်းချင်း မျှဝေပေးခြင်းကို သင်ကြားပေးခြင်းဖြင့် သင့်ကလေးသည် ကျောင်းတက်ချိန်တွင် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေး ပိုကောင်းပါလိမ့်မည်။

    အစားအစာများ၊ အဝတ်အထည်များ ကို လှူဒါန်းခြင်းကို သင့်ကလေးကို သင်ကြားပေးခြင်းအားဖြင့် သင့်ကလေးသည် ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်သူဖြစ်လာနိုင်ပါသည်။

    ခွင့်လွှတ်ပေးခြင်းနှင့် ကိုယ်ချင်းစာနားလည်ခြင်း

    မခွင့်လွှတ်တတ်သော သူသည် ခါးသီးမှုများနှင့် ဘဝကို ရှင်သန်ကြရသည်။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ လူတို့သည် တစ်ခါတစ်ရံ ဆိုးရွားသော အပြုအမူများကို ပြုလုပ်တတ်ကြသည်။ ထိုသို့သောလူများကို ခွင့်လွှတ်ပေးပြီး အာဃာတမထားပဲ ကိုယ်ချင်းစာနားလည်ပေးပါ။ သင့်ကလေးကို ဘဝတွင် နောင်တမရှိပဲ ပျော်ရွှင်စွာ နေထိုင်စေလိုလျှင် အခြားသူများကို ခွင့်လွှတ်တတ်ခြင်းဖြင့် ကျန်းမာသောစိတ်ပိုင်းဆိုင်ရာအနေအထားကို အားပေးပါ။

    စိတ်အားထက်သန်ခြင်း

    ပြီးပြည့်စုံသော လူဟူ၍ မရှိပေ။ အလုပ်တစ်ခုကို ပြီးမြောက်ရန် တစ်ကြိမ်ထက်ပို၍ ကြိုးစားကြရသည်သာ ဖြစ်သည်။ စိတ်အားထက်သန်မှု သင်ခန်းစာသည် ကလေးများအတွက်လမ်းလျောက်တတ်စအချိန်၊ အစားစစားချိန်၊ စကားစပြောချိန်တွင် စတင်သည်။ ထိုအချိန်တွင် ကလေးများသည် ထပ်ခါထပ်ခါကြိုးစားတတ်ကြသည်။

    သို့သော် အရွယ်ရောက်လာချိန်တွင် သူတို့ကိုယ်သူတို့ အခြားသူများနှင့် နှိုင်းယှဉ်တတ်လာသည့်အတွက် စိတ်အားမရသော ခံစားချက်များဖြစ်ပေါ်နိုင်သည်။ မိဘအနေဖြင့် သင့်ကလေးကို သူတို့အတွက် အမြဲဂုဏ်ယူသည့်အကြောင်း သိအောင်လုပ်ပြီး စိတ်ဓါတ်ကျနေသည့်အချိန်ကို ကုစားပေးသင့်သည်။ သင့်ကလေးသည် ငယ်သည့်အချိန်တွင် စိတ်ဓါတ်အားထက်သန်ခြင်းကို သင်ယူခဲ့လျှင် ကြီးလာသည့်အခါတွင် သူ့အတွက် အကောင်းဆုံးကို အမြဲကြိုးစားပါလိမ့်မည်။

    ကိုယ့်ကိုယ်ကို နှိမ့်ချခြင်း

    နှိမ့်ချတတ်ခြင်းသည် တစ်ခါတစ်ရံ အပိုလုပ်ခြင်းဟု ထင်မြင်ခံရသော်လည်း ရှိဖိုမဖြစ်မနေလိုအပ်သည့် အရည်အချင်းတစ်ခုဖြစ်ပါသည်။ ၎င်းသည် မိမိ၏ ပြီးမြောက်အောင်မြင်ခြင်းကို ဂုဏ်မယူတတ်ခြင်းမဟုတ်ပဲ မိမိမှားသည့်အခါ တောင်းပန်တတ်သည့် သတ္တိရှိခြင်းဖြစ်သည်။

    မိဘကောင်းများသည်သားသမီးကို စိတ်ထဲက စစ်မှန်သော တောင်းပန်မှုမျိုး၏ အရေးကြီးမှုကို သင်ကြားပေးကြသည်။

    တာဝန်ယူတတ်ခြင်း

    တာဝန်ယူစိတ်ရှိသော ကလေးများသည် တာဝန်ယူတတ်သော လူကြီးများဖြစ်လာကြသည်။ ကလေးများကို သူတို့ပြုလုပ်လိုက်သော အပြုအမူအတွက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တာဝန်ယူတတ်ရန် သင်ကြားပေးရမည်။

    ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်ကလေးသည် မိမိအမှားအတွက် သူတစ်ပါးကို အပြစ်တင်တတ်သော သူမျိုး ဖြစ်မလာစေရန် ကာကွယ်ပေးသည်။

    ချစ်ခြင်းမေတ္တ

    မိဘများသည် ကလေးများသည်သဘာဝအားဖြင့် ချစ်တတ်ပြီး ကြင်နာတတ်သည်ဟု ယုံကြည်ကြသည်။ သို့သော် ထိုအရာကိုတည်မြဲစေရန် ခံစားမှုကို ထိန်းသိမ်းပေးရန်လိုအပ်သည်။ သင့်ကလေးရှေ့တွင် အခြားသူများကို ကြင်နာချစ်ခင်ပေးခြင်းကို ပြသပြီး၊ သင့်ကလေးကိုလည်း ကြင်နာစွာ ချစ်ခင်ပေးပါ။

    သင့်ကလေးအား သင့်ချစ်ခြင်းမေတ္တာကို မမျှော်လင့်ထားသည့် အချိန်တွင် ကောင်းမွန်သော အမူအရာဖြင့် ဖော်ထုတ်ပြသပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement