backup og meta

မျက်စဉ်းဆေး၊နှာဖျန်းဆေးတွေနှင့် ကလေးအဆိပ်သင့်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စဉ်းဆေး၊နှာဖျန်းဆေးတွေနှင့် ကလေးအဆိပ်သင့်ခြင်း

    သင့်ကလေးဟာ မျက်စဉ်း၊ နှာဖျန်းဆေး အစရှိတာတွေကို တုပ်ကွေး၊ ဖျားနာခြင်းနဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာတွေ သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ ကလေးတွေကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ သူတို့ဟာ သင့်ကလေးကို ဘယ်လို အဆိပ်သင့်မှုတွေ ဖြစ်စေပြီး ဘယ်လိုစိတ်ချအောင် အသုံးပြုသင့်တယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။

    မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေဟာ သင့်ကလေးကို အဆိပ်သင့်စေပါတယ်။

    အချို့ မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေဟာ မျိုရင် အဆိပ်သင့်နိုင်ပါတယ်။ ညွှန်ကြားချက်အတိုင်း မျက်လုံး၊ နှာခေါင်း အတွင်းမှာသာ အသုံးပြုမယ်ဆိုရင် မျက်လုံးနဲ့ နှာခေါင်းကိုသာ သက်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေကို မျိုချမိရင်တော့ တစ်ကိုယ်လုံးကို ထိခိုက်နိုင်ပါတယ်။ ကလေး အဆိပ်သင့်တဲ့အခါ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့ နှလုံးခုန် နှေးခြင်း၊ နှလုံးခုန် မြန်ခြင်း၊ အသက်ရှူနှုန်းနှေးခြင်း၊ ပျို့အန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွားရည်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ခန္ဓာအပူချိန်ကျဆင်းခြင်း၊ သတိမေ့ခြင်းတွေပဲ ဖြစ်ပါတယ်။ သင့်ကလေးဟာ ဆေးရုံမှာ နေဖို့ လိုအပ်လာနိုင်ပါတယ်။

    သင့်ကလေးဟာ မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေကို မျိုချနိုင်ပါတယ်။ သင့်ကလေးဟာ ဆေးဗူးခွံအလွတ်တွေနဲ့ ဆော့ကစားနိုင်ပါတယ်။ ဒါမှမဟုတ် child-resistant box အတွင်းမှာ မသိမ်းဆည်းထားတဲ့ ဆေးတွေကိုလည်း ထိတွေ့နိုင်ပါတယ်။

    စိတ်ပူသင့်တဲ့ ဆေးများ

    tetrahydrozoline, naphazoline သို့ oxymetazoline ပါဝင်တဲ့ ထုတ်ကုန်တွေကို သတိထားပြီး အသုံးပြုသင့်ပါတယ်။

    ဆေးရဲ့ ထုတ်ပိုးမှုမှာ ပါတဲ့ အညွှန်းမှာ အချက်အလက်တွေကို ဖေါ်ပြထားပါတယ်။ ဒါကြောင့် ဆေးတစ်မျိုးမျိုးကို မသုံးစွဲခင် ထုတ်ပိုးမှုကို သေချာစွာ စစ်ဆေးသင့်ပါတယ်။

    မျက်စဉ်းတွေ၊ နှာခေါင်း ဖျန်းဆေးတွေကြောင့် ကလေးအဆိပ်သင့်ခြင်းကို ရှောင်ကျဉ်ရန် နည်းလမ်းများ

    သင့်ကလေးကို ဆေးအဆိပ်သင့်ခြင်းကနေ ကာကွယ်ဖို့ အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

    • ဆေးတွေကို သော့ခတ်ထားတဲ့ ဗီဒို၊ သို့ ကလေးမမီတဲ့ နေရာက လုံခြုံစိတ်ချရတဲ့ နေရာမှာ သိမ်းထားသင့်ပါတယ်။ သင့်ကလေးငယ်က ဆေးတွေကို မမြင်လေလေ ကောင်းလေလေပဲ ဖြစ်ပါတယ်။
    • ဆေးတွေ၊ ဗီတာမင်တွေ၊ အပင်တွေကို သင့်ကလေးအနီးမှာ မထားသင့်ပါဘူး။
    • ဆေးတွေပါဝင်တဲ့ ဆေးဗူးကို လုံခြုံတဲ့ အဖုံးရှိတယ်ဆိုရင် ဆေးကို အသုံးပြုပြီးရင် အဖုံးကို သေချာစွာ ပြန်ပိတ်သင့်ပါတယ်။
    • အခြားကလေးထိန်းသူတွေကို ကလေးအသုံးမပြုရမယ့် ဆေးတွေကို ပြောပြထားသင့်ပါတယ်။
    • ဆေးတွေ၊ မျက်စဉ်းတွေ၊ နှာခေါင်းဖျန်းဆေးတွေကို သင့်ကလေးရှေ့မှာ အသုံးမပြုသင့်ပါဘူး။ သင့်ကလေးဟာ သူမြင်တဲ့အရာကို လိုက်လုပ်နိုင်ခြေ များပါတယ်။
    • အဆိပ်သင့်တဲ့ လက္ခဏာတွေ ရှိရင် ကလေးငယ်ကို ဆေးရုံကို ခေါ်သွားခြင်း၊ ဆရာဝန်ကို အကြောင်းကြားခြင်းတွေ ပြုလုပ်သင့်ပါတယ်။

    အရေးပေါ်ကို မခေါ်ခင်

    သင့်ကလေး အဆိပ်သင့်နေရင် အရေးပေါ်ကို ချက်ချင်း အကြောင်းကြားသင့်ပြီး အောက်ပါအချက်တွေကို သတိရသင့်ပါတယ်။

    • သင့်ကလေးရဲ့ အသက်၊ ကိုယ်အလေးချိန်၊ ယေဘုယျ ကျန်းမာရေး အခြေအနေ
    • သင့်ကလေး အသုံးပြုတဲ့ မျက်စဉ်း (သို့) နှာခေါင်း ဖျန်းဆေး အမည်
    • သင့်ကလေး မျိုချလိုက်တယ်လို့ ထင်တဲ့ အချိန်
    • သင့်ကလေး မျိုချလိုက်တဲ့ ဆေးပမာဏ

    သင့်ကလေးငယ်ရဲ့ အခြေအနေနဲ့ ရှေးဦးသူနာ ပြုစုနည်းတွေကို ဘယ်လိုလုပ်မလဲဆိုတာ ဆရာဝန်က ဆုံးဖြတ်နိုင်ဖို့ အထက်ပါ အချက်အလက်တွေက အရေးကြီးပါတယ်။ ဒါပေမယ့် သင့်မှာ ဒီအချက်အလက်တွေ မရှိရင်လည်း အရေးပေါ်ယာဉ်ခေါ်ဖို့ နောက်မတွန့်သင့်ပါဘူး။ ဒါဟာ ဒီအခြေအနေကို ပိုမို ဆိုးရွားစေနိုင်ပါတယ်။

    တကယ်လို့ သင့်ကလေးဟာ အဖြစ်များတဲ့ မျက်လုံး၊ နှာခေါင်း ပြဿနာတွေကို ကုသဖို့အတွက် အသုံးပြုတဲ့ မျက်စဉ်းတွေ၊ နှာခေါင်း ဖျန်းဆေးတွေနဲ့ အဆိပ်သင့်နေတယ်ဆိုရင် ရိုးရှင်းတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ဒီလိုအခြေအနေတွေကို ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ ဆေးတွေကို မှန်ကန်စွာ အသုံးပြုတယ်ဆိုရင် ဆိုးကျိုးတွေ ဖြစ်ဖို့ ရာနှုန်းနည်းတာမို့ မစိုးရိမ်သင့်ပါဘူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement