ထို့ကြောင့် အပြင်ဘက်မှစကားပြောခြင်း၊ သီချင်းများဆိုပြခြင်းဖြင့် ကလေးငယ်၏ အသိဉာဏ်ကို ပိုပြီးဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ပါသည်။ ထို့ကြောင့် အချို့သော သုတေသနပညာရှင်များက ကိုယ်ဝန်အသက် ၆ လခန့်တွင် ကလေးအား ပုံပြင်များပြောပြခြင်း၊ သီချင်းများဖွင့်ပြခြင်းသည် ကလေးငယ်အား ဝမ်းဗိုက်ထဲတွင်ရှိနေချိန် နားလည်သိတတ်နိုင်စွမ်းများကို တိုးမြင့်လာအောင်ပြုလုပ်ပေးနိုင်သော နည်းများဖြစ်ကြောင်း ပြောထားပါသည်။ သို့သော် မမွေးသေးသော ကလေးငယ်အား သင်ကြားပြသခြင်းအားဖြင့် ကလေးများသည် မွေးပြီးအချိန်အထိ စွဲမြဲစွာ မှတ်ထားနိုင်ခြင်းမရှိကြောင်း လေ့လာရပါသည်။
ကလေးငယ်သည် မိခင်၏ဝမ်းဗိုက်ထဲတွင် မည်သို့သော အရာများကိုလေ့လာသင်ယူနိုင်သလဲ။
သံစဉ်များကိုနားဆင်နိုင်သော အကြားအာရုံများ ဖွံ့ဖြိုးလာခြင်း
အချို့သော လေ့လာမှုများအရ ကလေးများသည် ဝမ်းဗိုက်ထဲတွင် အကြားအာရုံများ ဖွံ့ဖြိုးလာချိန်တွင် အသံအချို့ကို မှတ်မိနိုင်ကြောင်း ပြောပါသည်။ သားအိမ်ထဲတွင်ရှိနေသော ကလေးသည် ပထမဦးဆုံး မိခင်ပြောသော စကားသံများကို လေ့လာနိုင်ပါသည်။ သိပ္ပံ ပညာရှင်များ၏လေ့လာချက်အရ ကလေးများသည် မိခင်ဘာသာစကားများကို နိုင်ငံခြားဘာသာစကားများထက် ပိုမိုလျှင်မြန်စွာ လေ့လာနိုင်ကြောင်းတွေ့ရပါသည်။ ထို့ပြင်ကလေးများသည် စကားများ၏ ကာရံစည်းချက်များ၊ အသံများကို စကားတစ်လုံးချင်းစီထက်ပိုပြီး လေ့လာနိုင်ကြောင်း တွေ့ရပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။