ကလေးက ညတိုင်းချောင်းဆိုးနေရတာကို မကြားရက်နိုင်တဲ့အခါချောင်းဆိုးပျောက်ဆေးရည်ပြေးဝယ်တိုက်တာမျိုး လုပ်မိမှာပါ။ ဒါပေမယ့် အအေးမိချောင်းဆိုးပျောက်ဆေးရည်တွေက ရောဂါလက္ခဏာအမျိုးမျိုးကို သက်သာစေနိုင်တဲ့ပါဝင်ဆေးဝါးတချို့ တူနေတတ်ပါတယ်။ ဥပမာ – အအေးမိပျောက်ဆေးမှာ ပါရာစီတမောပါဝင်တတ်တယ်။ ကလေးကနှာစေးနေလို့ ဒီဆေးကိုတိုက်မယ်၊ပြီးရင် Biogesic လိုအဖျားကျဆေးတွေထပ်တိုက်မိမယ်ဆိုရင် ပါရာစီတမောနှစ်ခါထပ်နေပြီဖြစ်ပါတယ်။ ဒါဆိုရင် ကလေးရဲ့ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကလေးကို ကိုယ့်သဘောနဲ့ကိုယ်ဆေးမတိုက်ပါနဲ့။ ဆေးနှစ်မျိုး တစ်ချိန်တည်းတွဲမတိုက်ပါနဲ့။
ပဋိဇီဝပိုးသတ်ဆေးတွေကိုဆေးပတ်လည်အောင်မတိုက်ကျွေးခြင်း
အတော်များများလုပ်မိတတ်တဲ့ အမှားပါ။ ကလေးကသက်သာလာပြီဆိုတာနဲ့ မလိုတော့ဘူးထင်ပြီး ပဋိဇီဝဆေးဝါးတွေကို ဆက်မတိုက်ဘဲ အချိန်မစေ့မီ ရပ်လိုက်တာမျိုးလုပ်မိတတ်ပါတယ်။
ပဋိဇီဝဆေးတွေဟာရောဂါပိုးတွေကိုနှိမ်နင်းဖို့တိုက်ကျွေးရတာဖြစ်ပေမယ့်ဆေးပတ်မလည်ခင် ရပ်လိုက်တဲ့အခါရောဂါပိုးက အမြစ်မပြတ်တော့ဘဲပြန်ပေါ်လာနိုင်ဖို့ အခွင့်အရေးရစေပါတယ်။ ဒါ့ကြောင့် ကလေးကသက်သာနေပြီဆိုရင်တောင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးပတ်လည်အောင် ဆက်တိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။