အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်း ဟုတ်မဟုတ် ဘယ်လို အဖြေရှာအတည်ပြုမလဲ။
များသောအားဖြင့် ဆရာဝန်များက အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းကို ကလေး၏ အပြုအမူများအား မိသားစုဝင်များမှ ဖော်ပြခြင်း အပေါ်မူတည်ပြီး အတည်ပြု နိုင်သည်။ အများစုမှာ ကုသခြင်း မလိုအပ်ပါ။ သို့သော်လည်း သူတို့၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးရန် အခြား စစ်ဆေးမှုများ ဆောင်ရွက်သင့်သည်။
ကလေး၏ လမ်းထလျှောက်ခြင်းသည် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း သို့မဟုတ် ကြောက်လန့်ပြီး အိပ်မပျော်ခြင်း စသော အခြေအနေများကြောင့် ဖြစ်ပါက အိပ်စက်မှုလေ့လာ ခြင်းကို စီစဉ်နိုင်သည်။ ကလေးသည် အိပ်စက်မှု ဓါတ်ခွဲခန်း တွင် တစ်ညအိပ်ရမည်။ သူတို့၏ နှလုံးခုန်နှုန်း၊ ဦးနှောက်လှိုင်း များ၊ အသက်ရှူနှုန်း၊ ကြွက်သား တင်းမာခြင်း၊ မျက်လုံးနှင့် ခြေထောက် လှုပ်ရှားမှု၊ သွေးတွင်း အောက်စီဂျင် ပမာဏတို့ကို တိုင်းတာရန် လျှပ်ခေါင်းအမျိုးမျိုးကို ခန္ဓါကိုယ် နေရာအနှံ့တွင် တပ်ဆင်သည်။ ကလေးအိပ်စက်ခြင်းကို ရိုက်ကူးရန် ကင်မရာ တစ်လုံး ရှိသည်။
အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းသည် ပြဿနာ များ ဖြစ်စေပါက ဆရာဝန်သည် အချိန်စီစဉ်ပြီး နှိုးခြင်းဟု ခေါ်သော နည်းလမ်းတစ်ခုကို ဆောင်ရွက်လိမ့်မည်။ လမ်းထ လျှောက်ခြင်း ဖြစ်လေ့ရှိသော အချိန်ကို သိရန် ကလေးကို ညအနည်းငယ်တွင် စောင့်ကြည့်သည်။ ထို့နောက် ဆရာဝန် သည် ၁၅မိနစ် မတိုင်မီတွင် ကလေးကို နှိုးပြီး ကလေး၏ အိပ်စက်မှု စက်ဝန်းကို ပြန်စစေသည်။ ထိုနည်းဖြင့် လမ်းထ လျှောက်ခြင်း အပြုအမူကို ထိန်းချုပ်သည်။
အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းသည် ကလေးအား အန္တရာယ်ဖြစ်စေပါက သို့မဟုတ် အလွန်အမင်း မောပန်း နွမ်းနယ်ခြင်းကို ဖြစ်စေပါက benzodiazepines သို့မဟုတ် စိတ်ကျပျောက်ဆေး စသောဆေးများ ပေးနိုင်သည်။
အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းအတွက် အကောင်းဆုံး ကုသမှုက ဘာလဲ။
သင့်ကလေး လမ်းထလျှောက်နေစဉ်တွင် ရုတ်တရက် မနှိုးပါနှင့်။ ၎င်းသည် အခြေအနေကို ပိုဆိုးစေသည်။ ကလေး ကို အိပ်ယာပေါ်သို့ ညင်သာစွာ ပြန်လိုက်ပို့ပါ။ ကလေး ဘေးကင်းစေရန် မိဘများမှ အိမ်တွင် လုပ်ဆောင်သင့်သော အရာများမှာ-
- ညဘက်တွင် တံခါးနှင့် ပြတင်းပေါက် အားလုံးကို ပိတ်ပြီး သော့ပိတ်ထားပါ။
- ချွန်ထက်သော အရာများကို ဖယ်ရှားပါ။
- ကလေးကို ကွပ်ပြစ်ခုတင်ပေါ်တွင် မအိပ်ခိုင်းပါနှင့်။
- တံခါးနှင့် ပြတင်းပေါက်များတွင် အချက်ပြ ခေါင်းလောင်း တင်ဆင်ပါ။ သော့ ခလုတ်ကို သင့် ကလေး မမှီသောနေရာတွင် တပ်ဆင်ပါ။
- လှေကားနှင့် တံခါးပေါက်ဝ ရှေ့တွင် အကာအကွယ် တံခါး တပ်ဆင်ပါ။
- ရေနွေး အပူပေးစက်တွင် အပူချိန်ချထားပါ။
- သော့ကို ကလေးမမှီသော နေရာတွင်ထားပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။